[Zawgyi]

Samsung ဟာ သူတို႔ရဲ႕ စမတ္နာရီသစ္အေၾကာင္းကို IFA ကုန္သြယ္ေရးပြဲေတာ္ႀကီးမွာ ဖြင့္ခ်ေလ့ရွိပါတယ္။ ဒါေပမယ့္ လာမယ့္ႏွစ္မွာေတာ့ အရင္တုန္းကလို ပုံစံမ်ိဳး လုပ္ေတာ့မွာ မဟုတ္ဘူးလို႔ ဆိုရမွာပါ။ ေတာင္ကိုရီးယား ကုမၸဏီႀကီးက သူတို႔ရဲ႕ စမတ္နာရီသစ္ကို စတင္အေကာင္အထည္ေဖာ္ေနၿပီလို႔ သိရပါတယ္။

Samsung က သူတို႔ရဲ႕ စမတ္နာရီသစ္ကို လာမယ့္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ၊ ဒါမွမဟုတ္ ေအာက္တိုဘာေလာက္မွာ တရားဝင္မိတ္ဆက္သြားဖို႔ ေဆာင္႐ြက္ေနတယ္လို႔လည္း သတင္းထြက္ေပၚေနပါတယ္။ ဒီတစ္ေခါက္ ထြက္ေပၚလာမယ့္ စမတ္နာရီမွာေတာ့ ပိုၿပီးေကာင္းမြန္တဲ့ ျပင္ဆင္မႈေတြနဲ႔ အဆင့္ျမႇင့္တင္မႈေတြ ပါဝင္လာမယ္လို႔လည္း သိရပါတယ္။

အသစ္ထြက္ရွိလာမယ့္ စမတ္နာရီရဲ႕ အမည္ဟာ Galaxy Sport ျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း သိရပါတယ္။ ဒါ့အျပင္ မွည့္ေခၚထားတဲ့ အမည္နဲ႔လိုက္ဖက္ေအာင္ အားကစားနဲ႔သက္ဆိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြ၊ ကိုယ္ခႏၶာႀကံ့ခိုင္ေရးနဲ႔ သက္ဆိုင္တဲ့လုပ္ေဆာင္ခ်က္ေတြကိုလည္း အဓိကထား ထည့္သြင္းသြားမယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

ဒီ Galaxy Sport မွာ Samsung Voice assistant အစား Bixby Reminder ပါဝင္လာဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္ Bixby notifications ေတြကို စမတ္ဖုန္းကေန စမတ္နာရီဆီ ပို႔ေဆာင္ေပးမွာျဖစ္ပါတယ္။ ထြက္ေပၚေနတဲ့ သတင္းအရ ဒီ Galaxy Sport ဟာ Tizen OS ကို အသုံးျပဳထားမွာ ျဖစ္သလို Internal storage 4GB လည္း ျဖစ္လိမ့္မယ္လို႔ သိရပါတယ္။ ေလာေလာဆယ္ေတာ့ Samsung ရဲ႕ စမတ္နာရီသစ္အတြက္ သိရွိရသမွ် အခ်က္အလက္က ဒီေလာက္ပါပဲ။ ေနာက္ထပ္ ေပါက္ၾကားလာတဲ့ အခ်က္အလက္ေတြ ရရွိခဲ့ရင္လည္း ထပ္မံေဖာ္ျပေပးဦးမွာ ျဖစ္ပါတယ္။

 

Ref: Phonearena

 

[Unicode]

Samsung ဟာ သူတို့ရဲ့ စမတ်နာရီသစ်အကြောင်းကို IFA ကုန်သွယ်ရေးပွဲတော်ကြီးမှာ ဖွင့်ချလေ့ရှိပါတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ အရင်တုန်းကလို ပုံစံမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုရမှာပါ။ တောင်ကိုရီးယား ကုမ္ပဏီကြီးက သူတို့ရဲ့ စမတ်နာရီသစ်ကို စတင်အကောင်အထည်ဖော်နေပြီလို့ သိရပါတယ်။

Samsung က သူတို့ရဲ့ စမတ်နာရီသစ်ကို လာမယ့် ၂၀၁၉ ခုနှစ် စက်တင်ဘာ၊ ဒါမှမဟုတ် အောက်တိုဘာလောက်မှာ တရားဝင်မိတ်ဆက်သွားဖို့ ဆောင်ရွက်နေတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ ဒီတစ်ခေါက် ထွက်ပေါ်လာမယ့် စမတ်နာရီမှာတော့ ပိုပြီးကောင်းမွန်တဲ့ ပြင်ဆင်မှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ ပါဝင်လာမယ်လို့လည်း သိရပါတယ်။

အသစ်ထွက်ရှိလာမယ့် စမတ်နာရီရဲ့ အမည်ဟာ Galaxy Sport ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် မှည့်ခေါ်ထားတဲ့ အမည်နဲ့လိုက်ဖက်အောင် အားကစားနဲ့သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေ၊ ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ သက်ဆိုင်တဲ့လုပ်ဆောင်ချက်တွေကိုလည်း အဓိကထား ထည့်သွင်းသွားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဒီ Galaxy Sport မှာ Samsung Voice assistant အစား Bixby Reminder ပါဝင်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Bixby notifications တွေကို စမတ်ဖုန်းကနေ စမတ်နာရီဆီ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းအရ ဒီ Galaxy Sport ဟာ Tizen OS ကို အသုံးပြုထားမှာ ဖြစ်သလို Internal storage 4GB လည်း ဖြစ်လိမ့်မယ်လို့ သိရပါတယ်။ လောလောဆယ်တော့ Samsung ရဲ့ စမတ်နာရီသစ်အတွက် သိရှိရသမျှ အချက်အလက်က ဒီလောက်ပါပဲ။ နောက်ထပ် ပေါက်ကြားလာတဲ့ အချက်အလက်တွေ ရရှိခဲ့ရင်လည်း ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။

 

Ref: Phonearena