[Zawgyi]

Samsung ကေတာ့ W2019 လို႔ အမည္ရတဲ့ Flagship ေခါက္ဖုန္းတစ္ခုကို ေၾကညာလိုက္ပါတယ္။ ဒီဖုန္းဟာ တ႐ုတ္ျပည္ေဈးကြက္အတြက္ပဲ သီးသန႔္ေရာင္းခ်မယ္လို႔ သိရပါတယ္။ AMOLED မ်က္ႏွာျပင္ ႏွစ္ခုပါဝင္တဲ့အတြက္ ေခါက္ထားတာကေန မလွန္လိုက္ဘဲနဲ႔လည္း သုံးလို႔ရမွာပါ။ ဒါေပမယ့္ လွန္ဖြင့္လိုက္ရင္ေတာ့ နံပါတ္ႏွိပ္ဖို႔နဲ႔ ေ႐ႊ႕ေျပာင္းႏိုင္ဖို႔ ခလုတ္ေတြ ေတြ႕ရပါလိမ့္မယ္။

ဒါေပမယ့္ အရာအားလုံးကေတာ့ ေခတ္ေဟာင္း ကီးပတ္ေခါက္ဖုန္းလို မဟုတ္ပါဘူး။ အရင္ေခတ္အရသာေလး နည္းနည္းေပးထားတာပဲ ရွိတာပါ။ အတြင္းအစိတ္အပိုင္းေတြကေတာ့ ေခတ္မီၿပီး စြမ္းရည္ျမင့္ေနပါၿပီ။ Snapdragon 845 သုံးထားၿပီး 6GB RAM အတြဲအဖက္ကိုမွ 128GB ဒါမွမဟုတ္ 256GB storage ေ႐ြးခ်ယ္လို႔ရပါတယ္။ မ်က္ႏွာျပင္ႏွစ္ခုစလုံးဟာ AMOLED ေတြျဖစ္ၾကၿပီး 16:9 aspect ratio ေတြပါ။ ေထာင့္ျဖတ္ 4.2-inch နဲ႔ 1080 x 1920 pixels resolution ေတြ ျဖစ္ပါတယ္။

ေနာက္ေက်ာဘက္မွာလည္း အဆင့္ျမင့္ကင္မရာ ႏွစ္လုံးကို တပ္ဆင္ထားပါေသးတယ္။ အဓိက 12MP sensor က f/1.5 နဲ႔ f/2.4 aperture ေတြကို ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ တစ္လုံးကေတာ့ Telephoto အတြက္ျဖစ္ၿပီး 2X lossless optical zoom ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ ေခါက္ဖုန္းရဲ႕ တျခားဘက္အျခမ္းမွာ ျဖစ္ပါတယ္။ သူကလည္း 8MP, f/2.0 ျဖစ္ပါတယ္။

ဘက္ထရီကေတာ့ 3,070mAh ျဖစ္ၿပီး USB-C အမ်ိဳးအစားျဖစ္ပါတယ္။ OS က Android 8.1 Oreo ျဖစ္ပါတယ္။ ဟိုးတုန္းကစတိုင္ ေခါက္ဖုန္းဆိုေပမယ့္ ေခတ္မီ Fingerprint reader လည္း တပ္ဆင္ေပးထားပါေသးတယ္။ ကိုယ္ထည္ေတြကိုလည္း Aluminum နဲ႔ Glass တြဲဖက္ၿပီး ျပဳလုပ္ထားတာပါ။ ေျပာစရာဆိုလို႔ ထုထည္က ပိတ္ထားတဲ့အခ်ိန္ဆို 17.3mm ျဖစ္သြားတာပါပဲ။ ဒီအထူက ဒီေန႔ေခတ္ Laptops တစ္ခ်ိဳ႕ထက္ေတာင္ ထူေနတယ္လို႔ ဆိုရမွာပါ။ အေရာင္ကေတာ့ Silver နဲ႔ Gold ဆိုၿပီး ႏွစ္ေရာင္လို႔ သိရပါတယ္။

Ref: gsmarena

 

[Unicode]

Samsung ကတော့ W2019 လို့ အမည်ရတဲ့ Flagship ခေါက်ဖုန်းတစ်ခုကို ကြေညာလိုက်ပါတယ်။ ဒီဖုန်းဟာ တရုတ်ပြည်ဈေးကွက်အတွက်ပဲ သီးသန့်ရောင်းချမယ်လို့ သိရပါတယ်။ AMOLED မျက်နှာပြင် နှစ်ခုပါဝင်တဲ့အတွက် ခေါက်ထားတာကနေ မလှန်လိုက်ဘဲနဲ့လည်း သုံးလို့ရမှာပါ။ ဒါပေမယ့် လှန်ဖွင့်လိုက်ရင်တော့ နံပါတ်နှိပ်ဖို့နဲ့ ရွှေ့ပြောင်းနိုင်ဖို့ ခလုတ်တွေ တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် အရာအားလုံးကတော့ ခေတ်ဟောင်း ကီးပတ်ခေါက်ဖုန်းလို မဟုတ်ပါဘူး။ အရင်ခေတ်အရသာလေး နည်းနည်းပေးထားတာပဲ ရှိတာပါ။ အတွင်းအစိတ်အပိုင်းတွေကတော့ ခေတ်မီပြီး စွမ်းရည်မြင့်နေပါပြီ။ Snapdragon 845 သုံးထားပြီး 6GB RAM အတွဲအဖက်ကိုမှ 128GB ဒါမှမဟုတ် 256GB storage ရွေးချယ်လို့ရပါတယ်။ မျက်နှာပြင်နှစ်ခုစလုံးဟာ AMOLED တွေဖြစ်ကြပြီး 16:9 aspect ratio တွေပါ။ ထောင့်ဖြတ် 4.2-inch နဲ့ 1080 x 1920 pixels resolution တွေ ဖြစ်ပါတယ်။

နောက်ကျောဘက်မှာလည်း အဆင့်မြင့်ကင်မရာ နှစ်လုံးကို တပ်ဆင်ထားပါသေးတယ်။ အဓိက 12MP sensor က f/1.5 နဲ့ f/2.4 aperture တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ တစ်လုံးကတော့ Telephoto အတွက်ဖြစ်ပြီး 2X lossless optical zoom ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ ခေါက်ဖုန်းရဲ့ တခြားဘက်အခြမ်းမှာ ဖြစ်ပါတယ်။ သူကလည်း 8MP, f/2.0 ဖြစ်ပါတယ်။

ဘက်ထရီကတော့ 3,070mAh ဖြစ်ပြီး USB-C အမျိုးအစားဖြစ်ပါတယ်။ OS က Android 8.1 Oreo ဖြစ်ပါတယ်။ ဟိုးတုန်းကစတိုင် ခေါက်ဖုန်းဆိုပေမယ့် ခေတ်မီ Fingerprint reader လည်း တပ်ဆင်ပေးထားပါသေးတယ်။ ကိုယ်ထည်တွေကိုလည်း Aluminum နဲ့ Glass တွဲဖက်ပြီး ပြုလုပ်ထားတာပါ။ ပြောစရာဆိုလို့ ထုထည်က ပိတ်ထားတဲ့အချိန်ဆို 17.3mm ဖြစ်သွားတာပါပဲ။ ဒီအထူက ဒီနေ့ခေတ် Laptops တစ်ချို့ထက်တောင် ထူနေတယ်လို့ ဆိုရမှာပါ။ အရောင်ကတော့ Silver နဲ့ Gold ဆိုပြီး နှစ်ရောင်လို့ သိရပါတယ်။

Ref: gsmarena