Zawgyi

Samsung အေနနဲ႔ Galaxy Tab S4 ကို ၿပီးခဲ့တဲ့ ၾသဂုတ္လ အေစာပိုင္းက မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီႏွစ္ထုတ္ Galaxy Tab S4 ရဲ႕ မ်က္ႏွာျပင္ အ႐ြယ္အစားဟာ ၁၀.၅ လက္မအထိ ရွိလာၿပီး Tablet အျဖစ္သာမက ကြန္ပ်ဴတာတစ္လုံးလိုပါ အသုံးျပဳႏိုင္ေအာင္ ရည္႐ြယ္ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

Samsung Galaxy Tab S4 ကို ကြန္ပ်ဴတာအျဖစ္ ေျပာင္းလဲ အသုံးျပဳဖို႔ဆိုရင္ ကန္ေဒၚလာ ၁၄၉ ေဒၚလာ တန္ေၾကးရွိတဲ့ Keyboard တစ္ခု လိုအပ္မွာပါ။ Galaxy Tab S4 ကို Wi-Fi နဲ႔ LTE ဆိုၿပီး ေမာ္ဒယ္ ၂မ်ိဴး ထုတ္လုပ္ထားတာ ျဖစ္ၿပီ Wi-Fi ေမာ္ဒယ္ကိုေတာ့ S Pen အပါအဝင္ ကန္ေဒၚလာ ၆၄၉ (ျမန္မာေငြ ၁၀သိန္းဝန္းက်င္) နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ Galaxy Tab S4 နဲ႔ Keyboard ကို ဝယ္မယ္ဆိုရင္ ကန္ေဒၚလာ ၈၀၀ ဝန္းက်င္ ကုန္က်မွာပါ။ အဆိုပါ ေစ်းႏႈန္းဟာ ၁၀.၅ လက္မ အ႐ြယ္အစားရွိ iPad Pro နဲ႔ Apple Smart Keyboard တို႔ထက္ ေဒၚလာ ၁၀ သက္သာတဲ့ ေစ်းႏႈန္း ျဖစ္ပါတယ္။ iPad Pro မွာေတာ့ Apple Pencil ကို သီးသန္႔ ထပ္ဝယ္ဖို႔ လိုအပ္ပါတယ္။

Galaxy Tab S4 ရဲ႕ Display အပိုင္းအတြက္ ၁၀.၅ လက္မ အ႐ြယ္အစားရွိ Super AMOLED Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1600 x 2560 pixels ရွိပါမယ္။ Processor အပိုင္းအတြက္ မႏွစ္တုန္းက Flagship စမတ္ဖုန္းေတြမွာ အသုံးျပဳခဲ့တဲ့ Snapdragon 835 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB/6GB ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ Memory Storage ကိုေတာ့ 64GB နဲ႔ 256GB ဆိုၿပီး ၂မ်ိဴး ထည့္သြင္းေပးထားပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 13MP Camera ကို တပ္ဆင္ထားၿပီး ေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ 8MP Camera ကို တပ္ဆင္ထားပါတယ္။ Audio အပိုင္းအတြက္ AKG က Tune လုပ္ထားတဲ့ Speaker ၄လုံးကို တပ္ဆင္ေပးထားၿပီး Dolby Atmos support လည္းရရွိမွာ ျဖစ္ပါတယ္။ Security အပိုင္းအတြက္ Iris scanner နဲ႔ Face Unlock စနစ္ေတြကို အသုံးျပဳႏိုင္မွာ ျဖစ္ၿပီး Fingerprint Sensor ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 7300mAh ထည့္သြင္းေပးထားၿပီး အျမန္အားသြင္းစနစ္ ပါဝင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၄၈၂ ဂရမ္ရွိပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း Samsung Galaxy Tab S4 ကို မၾကာခင္ ေရာင္းခ်သြားႏိုင္ေပမယ့္ ျမန္မာႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကိုေတာ့ အတိအက် မသိရေသးပါဘူး။

Ref: theverge, gsmarena

Unicode

ကွန်ပျူတာ တစ်လုံးလို အသုံးပြုနိုင်မယ့် Samsung Galaxy Tab S4

Samsung အနေနဲ့ Galaxy Tab S4 ကို ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ထုတ် Galaxy Tab S4 ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၁၀.၅ လက်မအထိ ရှိလာပြီး Tablet အဖြစ်သာမက ကွန်ပျူတာတစ်လုံးလိုပါ အသုံးပြုနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Samsung Galaxy Tab S4 ကို ကွန်ပျူတာအဖြစ် ပြောင်းလဲ အသုံးပြုဖို့ဆိုရင် ကန်ဒေါ်လာ ၁၄၉ ဒေါ်လာ တန်ကြေးရှိတဲ့ Keyboard တစ်ခု လိုအပ်မှာပါ။ Galaxy Tab S4 ကို Wi-Fi နဲ့ LTE ဆိုပြီး မော်ဒယ် ၂မျိူး ထုတ်လုပ်ထားတာ ဖြစ်ပြီ Wi-Fi မော်ဒယ်ကိုတော့ S Pen အပါအဝင် ကန်ဒေါ်လာ ၆၄၉ (မြန်မာငွေ ၁၀သိန်းဝန်းကျင်) နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Galaxy Tab S4 နဲ့ Keyboard ကို ဝယ်မယ်ဆိုရင် ကန်ဒေါ်လာ ၈၀၀ ဝန်းကျင် ကုန်ကျမှာပါ။ အဆိုပါ စျေးနှုန်းဟာ ၁၀.၅ လက်မ အရွယ်အစားရှိ iPad Pro နဲ့ Apple Smart Keyboard တို့ထက် ဒေါ်လာ ၁၀ သက်သာတဲ့ စျေးနှုန်း ဖြစ်ပါတယ်။ iPad Pro မှာတော့ Apple Pencil ကို သီးသန့် ထပ်ဝယ်ဖို့ လိုအပ်ပါတယ်။

Galaxy Tab S4 ရဲ့ Display အပိုင်းအတွက် ၁၀.၅ လက်မ အရွယ်အစားရှိ Super AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1600 x 2560 pixels ရှိပါမယ်။ Processor အပိုင်းအတွက် မနှစ်တုန်းက Flagship စမတ်ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ Snapdragon 835 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB/6GB ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Memory Storage ကိုတော့ 64GB နဲ့ 256GB ဆိုပြီး ၂မျိူး ထည့်သွင်းပေးထားပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 13MP Camera ကို တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားပါတယ်။ Audio အပိုင်းအတွက် AKG က Tune လုပ်ထားတဲ့ Speaker ၄လုံးကို တပ်ဆင်ပေးထားပြီး Dolby Atmos support လည်းရရှိမှာ ဖြစ်ပါတယ်။ Security အပိုင်းအတွက် Iris scanner နဲ့ Face Unlock စနစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Fingerprint Sensor တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 7300mAh ထည့်သွင်းပေးထားပြီး အမြန်အားသွင်းစနစ် ပါဝင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၄၈၂ ဂရမ်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Samsung Galaxy Tab S4 ကို မကြာခင် ရောင်းချသွားနိုင်ပေမယ့် မြန်မာနိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကိုတော့ အတိအကျ မသိရသေးပါဘူး။

Ref: theverge, gsmarena