Zawgyi Font Version

Youtube ဆိုတာ Google ရဲ႕ Video Streaming Site ၾကီးတစ္ခုပါ။ ဘယ္သူမဆို Video ေတြတင္လို႔ရျပီး ၾကည့္ရွုသူမ်ားလာေလ (သန္းနဲ႔ခ်ီျပီးေတာ့) တင္တဲ့ Up loader က ပိုက္ဆံရေလပါ။ Music Artist ေတြရဲ႕ Official Music Video ေတြကို လည္း Youtube မွာပဲေတြ႔ႏိုင္ပါတယ္။ ရံုတင္ေတာ့မယ့္ ရုပ္ရွင္အသစ္ေတြရဲ႕ Trailer ေတြကိုလည္း Youtube မွာပဲေတြ႔ႏိုင္ျပီး Video အမ်ိဳးအစားေပါင္းမ်ားစြာရွိပါတယ္။ တစ္ခ်ိဳ႕ေတြက Smartphone Review ေတြၾကည့္ၾကတယ္။ တစ္ခ်ိဳ႕ေတြက Cooking Tips ေတြၾကည့္ၾကတယ္။ ဒါေပမယ့္ Youtube မွာ သရဲကားေတြထက္ ပိုေၾကာက္ဖို႔ေကာင္းတဲ့ Video အတိုေလးေတြရွိတယ္ဆိုတာ သင္သိပါသလား။ တစ္ခ်ိဳ႕ Video ေတြက တမင္ျပဳလုပ္ထားတာျဖစ္ျပီး တစ္ခ်ိဳ႕ ေတြကေတာ့ တစ္ကယ့္ အစစ္ CCTV Footage ေတြျဖစ္ပါတယ္။ Video တိုင္းရဲဲ႕ေနာက္ကြယ္မွာ ဇာတ္လမ္းေလးေတြရွိျပီး တစ္ခ်ိဳ႕ Video ေတြကေတာ့ ဘယ္ကေန အစျပဳလာတယ္ဆိုတာမသိရပါဘူး။ အစစ္ပဲ ျဖစ္ျဖစ္အတုပဲျဖစ္ျဖစ္ ဒီ Video ေတြၾကည့္ျပီးရင္ေတာ့ ေတာ္ရံုနဲ႔ အိပ္ေပ်ာ္ႏိုင္မွာမဟုတ္ပါဘူး။ အိပ္ေပ်ာ္ရင္လည္း စိတ္စြဲလန္းတက္တဲ့သူေတြဆိုရင္ အိပ္မက္ဆိုးမက္ႏိုင္ပါတယ္။ ေရွ႕ေလ်ာက္ အခါအားေလ်ာ္စြာ Youtube ေပၚက ေၾကာက္စရာ Video ေလးေတြကို ေျပာျပေပးသြားပါမယ္။

Elisa Lam CCTV Footage

အေမရိကန္ႏိုင္ငံ Los Angeles ျမိဳ႕က Cecil Hotel မွာတည္းခိုေနၾကတဲ့သူေတြဟာ သူတို႔သံုးစြဲတဲ့ ေရရဲ႕ အနံ႔အသက္နဲ႔ အေရာင္ေတြေျပာင္းလာတာကို ဟိုတယ္ မန္ေနဂ်ာ ကိုတိုင္ၾကားလာၾကပါတယ္။ လူေျပာမ်ားလာတဲ့အခါ မန္ေနဂ်ာေတြကလည္း ဟိုတယ္ရဲ႕ ေရေတြဟာ အေရာင္ေနာက္ေနျပီး အနံ႔ဆိုးေတြထြက္ေနတာ ကုိယ္တိုင္ေတြ႔ျမင္ရတဲ့အခါ ဟိုတယ္ေခါင္မိုးေပၚက ေရတိုင္ကီၾကီးကို ဖြင့္ျပီးစစ္ၾကည့္လိုက္တယ္။ မထင္မွတ္ ထားတဲ့ျမင္ကြင္းတစ္ခုက သူတို႔ကိုေစာင့္ၾကိဳေနပါတယ္။ အဝတ္အစားမပါတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ပုပ္ပြေနတဲ့ အေလာင္းတစ္တစ္ေလာင္းကို ေရကန္ထဲမွာေတြ႔ခဲ့ရတယ္။ စစ္ေဆးခ်က္ေတြအရ ေသဆံုးသူ အမ်ိဳးသမီးဟာ Cecil Hotel မွာတည္းခိုေနတဲ့ အသက္ (၂၁) ႏွစ္အရြယ္ေက်ာင္းသူ Alisa Lam ဆိုသူျဖစ္ေနပါတယ္။ သာမာန္ သတ္ေသတဲ့ အမွုလို႔ထင္ရေပမယ့္ ေရတိုင္ကီအေပၚဖံုးထားတဲ့ အဖံုးကိုဖြင့္ဖို႔ လူႏွစ္ေယာက္လိုအပ္ခဲ့တဲ့အတြက္ အဲ့ဒီ အမ်ိဳးသမီးတစ္ေယာက္တည္း အားနဲ႔ ဖြင့္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ လူသတ္မွုအသြင္ေပၚေပမယ့္လည္း သက္ေသအေထာက္အထားတစ္စံုတစ္ရာမေတြ႔ခဲ့ပါဘူး။ လြန္ခဲ့တဲ့ ေန႔ေတြက ေဟာ္တယ္ ဓာတ္ေလွကားရဲ႕ CCTV မွတ္တမ္းကိုျပန္ၾကည့္တဲ့အခါ အ့ံအားသင့္စရာတစ္ခုကိုသြားေတြ႔ပါတယ္။ ေသဆံုးသူ အမ်ိဳးသမီးဟာ ဓာတ္ေလွကားထဲမွာ ရွိေနျပီး ဓာတ္ေလွကားတံခါးကပြင့္ေနပါတယ္။ ေဟာ္တယ္အေပၚဆံုးထပ္မွာ ရပ္ေနျပီး ဓာတ္ေလွကား တံခါးကလည္း ျပန္မပိတ္ေတာ့တာကိုေတြ႔ရတယ္။ အမ်ိဳးသမီးဟာ ေၾကာက္လန္႔ေနတဲ့ပံုေပၚျပီး တစ္စံုတစ္ေယာက္က ေဟာ္တယ္ ေလ်ာက္လမ္းမွာ ရွိေနပံုေပၚပါတယ္။ အျပင္ေလ်ာက္လမ္းကို မထြက္ရဲပဲ ဓာတ္ေလွကားထဲပဲ ျပန္ျပန္ပုန္းေနပါတယ္။ ဓာတ္ေလွကား ခလုတ္ေတြကို ဆက္တိုက္ႏွိုပ္ေနျပီး ဓာတ္ေလွကားက တံု႔ျပန္မွုမရွိတာကိုေတြ႔ရပါတယ္။ ရုတ္တရက္ အဲ့အမ်ိဳးသမီးဟာ သရဲဝင္စီးသလိုမ်ိဳး လက္ေတြက ေကြးေကာက္သြားတာကိုေတြ႔ရပါတယ္။ အဲ့ဒီ CCTV မွတ္တမ္းကို Youtube ေပၚတစ္ေယာက္ေယာက္က တင္လိုက္ျပီး လူေတြၾကားထဲ ပ်ံ႕ႏွံ႔သြားပါတယ္။ အဲ့ဒီ အမွုဟာ အခုထက္ထိ အမွန္မေပၚေသးပဲ သတ္ေသမွာအျဖစ္သာ အမွုပိတ္ခဲ့ရပါတယ္။ Cecil Hotel ဟာ ကြင္းဆက္လူသတ္သမားေတြတည္းခိုခဲ့ျပီး လူသတ္မွုေတာ္ေတာ္မ်ားမ်ားျဖစ္ခဲ့ဖူးတယ္လို႔လည္းသိရပါတယ္။ ေကာလဟလေတြအရ Elisa Lam ဟာ Elevator Game လို႔ေခၚတဲ့ ကိုရီးယား ရုပ္ျပဇာတ္လမ္းတစ္ခုမွာေရးသားထားတဲ့ ဂိမ္း တစ္ခုကိုကစားခဲ့တာလို႔သိရပါတယ္။ အဆိုပါ ဇာတ္လမ္းအရ အထပ္ဆယ္ထပ္ရွိတဲ့ အေဆာက္အဦးတစ္ခုမွာ ဓာတ္ေလွကား နံပါတ္ေတြကို ဇာတ္လမ္းထဲမွာျပထားတဲ့အတိုင္းႏွိပ္လိုက္ရင္ ပရေလာက ေရာက္သြားတယ္ေျပာပါတယ္။ ေနာက္ခံ ဇာတ္လမ္းကိုသိထားရင္ေတာ့ ဒီ CCTV Video ၾကီးကေတာ္ေတာ္ေတာ့ ေၾကာက္ဖို႔ေကာင္းပါတယ္။

I Feel Fantastic

ေၾကာက္ဖို႔ေကာင္းတာထက္ မရိုးမရြ ခံစားခ်က္မ်ိဳးခံစားရမယ့္ Video ပါ။ စက္ရုပ္မတစ္ရုပ္က သီခ်င္းဆိုေနျပီး “I feel fantastic” ကိုပဲ အသံအမ်ိဳးမ်ိဳးနဲ႔ ဆက္တိုက္ဆိုေနတာပါ။ စက္ရုပ္မရဲ႕ ပံုစံနဲ႔ အသံဟာ ေၾကာက္ဖို႔ေကာင္းျပီး Video ျပီးခါနီးမွာ အိမ္ေနာက္ေဖးျခံဝန္းတစ္ခုကို ျဖတ္ခနဲျပပါတယ္။ ေကာလဟလေတြအရ ဒီ Video ဟာ ကြင္းဆက္လူသတ္သမားတစ္ေယာက္လုပ္ထားတဲ့ Video ျဖစ္ျပီး စက္ရုပ္မကိုယ္မွာ သူသတ္ထားတဲ့ အမ်ိဳးသမီးရဲ႕ အေရျပားကိုျခံဳေပးထားတယ္လို႔ေျပာပါတယ္။ ေနာက္ေဖးျခံဝန္းမွာ အေလာင္းကိုျမုပ္ထားတယ္လို႔ ေကာလဟလေတြအရသိရေပမယ့္။ အမွန္တစ္ကယ္ကေတာ့ ဒီသတင္းေတြဟာ အမွန္မဟုတ္ဘူးလို႔သိရပါတယ္။ စက္ရုပ္ကိုတီထြင္တဲ့သူဟာ Program တစ္ခုေရးဆြဲျပီး စက္ရုပ္ကိုသီခ်င္းဆိုခိုင္းေစတာပါ။ ဒါေပမယ့္လည္း Video က ေၾကာက္ဖို႔ေကာင္းေနဆဲပါ။

There is nothing

David B. Earle ဆိုတဲ့ Artist တစ္ေယာက္ျပဳလုပ္ခဲ့တဲ့ Video တစ္ခုျဖစ္ျပီး Horror နဲ႔ သူ႔ရဲ႕ အႏုပညာ Skill ကိုျပဖို႔လုပ္ခဲ့တာပါ။ ဒီ Short Video မွာ အစနဲ႔ အဆံုးမရွိပဲ Repeat လုပ္ထားျပီး ၾကည့္ရင္ ဘယ္ေနရာကစမွန္းမသိေလာက္ေအာင္ ျပဳလုပ္ထားတာပါ။ အဓိပၸါယ္က ေသျပီးေနာက္မွာ ဘာမွမရွိဘူးဆိုတာကို ေျပာျပခ်င္တာျဖစ္ျပီး မ်က္ႏွာေသနဲ႔ မိန္းမတစ္ေယာက္က ထမင္းစားပြဲတစ္ခုနားမွာထိုင္ေနျပီး သူ႔အေနာက္က ေနာက္ခံျမင္ကြင္းမွာ မီးေတြေလာင္ေနပါတယ္။ “There is nothing” ဆိုျပီး ေၾကာက္စရာ အသံၾကီးနဲ႔ေျပာရင္း သူ႔ေရွ႔က ခြက္ထဲကို မ်က္ႏွာၾကီးေစာင့္ေစာင့္ခ်ပစ္လိုက္ပါတယ္။ အသည္းငယ္တဲ့သူေတြေတာ့ မၾကည့္သင့္ဘူးထင္ပါတယ္။ အသံနဲ႔တင္ အသက္ထြက္သြားႏိုင္ေလာက္ပါတယ္။ ကဲ ၾကည့္ရဲရင္ေတာ့ၾကည့္ၾကပါ။

Unicode Version

Youtube ဆိုတာ Google ရဲ့ Video Streaming Site ကြီးတစ်ခုပါ။ ဘယ်သူမဆို Video တွေတင်လို့ရပြီး ကြည့်ရှုသူများလာလေ (သန်းနဲ့ချီပြီးတော့) တင်တဲ့ Up loader က ပိုက်ဆံရလေပါ။ Music Artist တွေရဲ့ Official Music Video တွေကို လည်း Youtube မှာပဲတွေ့နိုင်ပါတယ်။ ရုံတင်တော့မယ့် ရုပ်ရှင်အသစ်တွေရဲ့ Trailer တွေကိုလည်း Youtube မှာပဲတွေ့နိုင်ပြီး Video အမျိုးအစားပေါင်းများစွာရှိပါတယ်။ တစ်ချို့တွေက Smartphone Review တွေကြည့်ကြတယ်။ တစ်ချို့တွေက Cooking Tips တွေကြည့်ကြတယ်။ ဒါပေမယ့် Youtube မှာ သရဲကားတွေထက် ပိုကြောက်ဖို့ကောင်းတဲ့ Video အတိုလေးတွေရှိတယ်ဆိုတာ သင်သိပါသလား။ တစ်ချို့ Video တွေက တမင်ပြုလုပ်ထားတာဖြစ်ပြီး တစ်ချို့ တွေကတော့ တစ်ကယ့် အစစ် CCTV Footage တွေဖြစ်ပါတယ်။ Video တိုင်းရဲ့နောက်ကွယ်မှာ ဇာတ်လမ်းလေးတွေရှိပြီး တစ်ချို့ Video တွေကတော့ ဘယ်ကနေ အစပြုလာတယ်ဆိုတာမသိရပါဘူး။ အစစ်ပဲ ဖြစ်ဖြစ်အတုပဲဖြစ်ဖြစ် ဒီ Video တွေကြည့်ပြီးရင်တော့ တော်ရုံနဲ့ အိပ်ပျော်နိုင်မှာမဟုတ်ပါဘူး။ အိပ်ပျော်ရင်လည်း စိတ်စွဲလန်းတက်တဲ့သူတွေဆိုရင် အိပ်မက်ဆိုးမက်နိုင်ပါတယ်။ ရှေ့လျောက် အခါအားလျော်စွာ Youtube ပေါ်က ကြောက်စရာ Video လေးတွေကို ပြောပြပေးသွားပါမယ်။

Elisa Lam CCTV Footage

အမေရိကန်နိုင်ငံ Los Angeles မြို့က Cecil Hotel မှာတည်းခိုနေကြတဲ့သူတွေဟာ သူတို့သုံးစွဲတဲ့ ရေရဲ့ အနံ့အသက်နဲ့ အရောင်တွေပြောင်းလာတာကို ဟိုတယ် မန်နေဂျာ ကိုတိုင်ကြားလာကြပါတယ်။ လူပြောများလာတဲ့အခါ မန်နေဂျာတွေကလည်း ဟိုတယ်ရဲ့ ရေတွေဟာ အရောင်နောက်နေပြီး အနံ့ဆိုးတွေထွက်နေတာ ကိုယ်တိုင်တွေ့မြင်ရတဲ့အခါ ဟိုတယ်ခေါင်မိုးပေါ်က ရေတိုင်ကီကြီးကို ဖွင့်ပြီးစစ်ကြည့်လိုက်တယ်။ မထင်မှတ် ထားတဲ့မြင်ကွင်းတစ်ခုက သူတို့ကိုစောင့်ကြိုနေပါတယ်။ အဝတ်အစားမပါတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုပ်ပွနေတဲ့ အလောင်းတစ်တစ်လောင်းကို ရေကန်ထဲမှာတွေ့ခဲ့ရတယ်။ စစ်ဆေးချက်တွေအရ သေဆုံးသူ အမျိုးသမီးဟာ Cecil Hotel မှာတည်းခိုနေတဲ့ အသက် (၂၁) နှစ်အရွယ်ကျောင်းသူ Alisa Lam ဆိုသူဖြစ်နေပါတယ်။ သာမာန် သတ်သေတဲ့ အမှုလို့ထင်ရပေမယ့် ရေတိုင်ကီအပေါ်ဖုံးထားတဲ့ အဖုံးကိုဖွင့်ဖို့ လူနှစ်ယောက်လိုအပ်ခဲ့တဲ့အတွက် အဲ့ဒီ အမျိုးသမီးတစ်ယောက်တည်း အားနဲ့ ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ လူသတ်မှုအသွင်ပေါ်ပေမယ့်လည်း သက်သေအထောက်အထားတစ်စုံတစ်ရာမတွေ့ခဲ့ပါဘူး။ လွန်ခဲ့တဲ့ နေ့တွေက ဟော်တယ် ဓာတ်လှေကားရဲ့ CCTV မှတ်တမ်းကိုပြန်ကြည့်တဲ့အခါ အံ့အားသင့်စရာတစ်ခုကိုသွားတွေ့ပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ ဓာတ်လှေကားထဲမှာ ရှိနေပြီး ဓာတ်လှေကားတံခါးကပွင့်နေပါတယ်။ ဟော်တယ်အပေါ်ဆုံးထပ်မှာ ရပ်နေပြီး ဓာတ်လှေကား တံခါးကလည်း ပြန်မပိတ်တော့တာကိုတွေ့ရတယ်။ အမျိုးသမီးဟာ ကြောက်လန့်နေတဲ့ပုံပေါ်ပြီး တစ်စုံတစ်ယောက်က ဟော်တယ် လျောက်လမ်းမှာ ရှိနေပုံပေါ်ပါတယ်။ အပြင်လျောက်လမ်းကို မထွက်ရဲပဲ ဓာတ်လှေကားထဲပဲ ပြန်ပြန်ပုန်းနေပါတယ်။ ဓာတ်လှေကား ခလုတ်တွေကို ဆက်တိုက်နှိုပ်နေပြီး ဓာတ်လှေကားက တုံ့ပြန်မှုမရှိတာကိုတွေ့ရပါတယ်။ ရုတ်တရက် အဲ့အမျိုးသမီးဟာ သရဲဝင်စီးသလိုမျိုး လက်တွေက ကွေးကောက်သွားတာကိုတွေ့ရပါတယ်။ အဲ့ဒီ CCTV မှတ်တမ်းကို Youtube ပေါ်တစ်ယောက်ယောက်က တင်လိုက်ပြီး လူတွေကြားထဲ ပျံ့နှံ့သွားပါတယ်။ အဲ့ဒီ အမှုဟာ အခုထက်ထိ အမှန်မပေါ်သေးပဲ သတ်သေမှာအဖြစ်သာ အမှုပိတ်ခဲ့ရပါတယ်။ Cecil Hotel ဟာ ကွင်းဆက်လူသတ်သမားတွေတည်းခိုခဲ့ပြီး လူသတ်မှုတော်တော်များများဖြစ်ခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ ကောလဟလတွေအရ Elisa Lam ဟာ Elevator Game လို့ခေါ်တဲ့ ကိုရီးယား ရုပ်ပြဇာတ်လမ်းတစ်ခုမှာရေးသားထားတဲ့ ဂိမ်း တစ်ခုကိုကစားခဲ့တာလို့သိရပါတယ်။ အဆိုပါ ဇာတ်လမ်းအရ အထပ်ဆယ်ထပ်ရှိတဲ့ အဆောက်အဦးတစ်ခုမှာ ဓာတ်လှေကား နံပါတ်တွေကို ဇာတ်လမ်းထဲမှာပြထားတဲ့အတိုင်းနှိပ်လိုက်ရင် ပရလောက ရောက်သွားတယ်ပြောပါတယ်။ နောက်ခံ ဇာတ်လမ်းကိုသိထားရင်တော့ ဒီ CCTV Video ကြီးကတော်တော်တော့ ကြောက်ဖို့ကောင်းပါတယ်။

I Feel Fantastic

ကြောက်ဖို့ကောင်းတာထက် မရိုးမရွ ခံစားချက်မျိုးခံစားရမယ့် Video ပါ။ စက်ရုပ်မတစ်ရုပ်က သီချင်းဆိုနေပြီး “I feel fantastic” ကိုပဲ အသံအမျိုးမျိုးနဲ့ ဆက်တိုက်ဆိုနေတာပါ။ စက်ရုပ်မရဲ့ ပုံစံနဲ့ အသံဟာ ကြောက်ဖို့ကောင်းပြီး Video ပြီးခါနီးမှာ အိမ်နောက်ဖေးခြံဝန်းတစ်ခုကို ဖြတ်ခနဲပြပါတယ်။ ကောလဟလတွေအရ ဒီ Video ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်လုပ်ထားတဲ့ Video ဖြစ်ပြီး စက်ရုပ်မကိုယ်မှာ သူသတ်ထားတဲ့ အမျိုးသမီးရဲ့ အရေပြားကိုခြုံပေးထားတယ်လို့ပြောပါတယ်။ နောက်ဖေးခြံဝန်းမှာ အလောင်းကိုမြုပ်ထားတယ်လို့ ကောလဟလတွေအရသိရပေမယ့်။ အမှန်တစ်ကယ်ကတော့ ဒီသတင်းတွေဟာ အမှန်မဟုတ်ဘူးလို့သိရပါတယ်။ စက်ရုပ်ကိုတီထွင်တဲ့သူဟာ Program တစ်ခုရေးဆွဲပြီး စက်ရုပ်ကိုသီချင်းဆိုခိုင်းစေတာပါ။ ဒါပေမယ့်လည်း Video က ကြောက်ဖို့ကောင်းနေဆဲပါ။

 

There is nothing

David B. Earle ဆိုတဲ့ Artist တစ်ယောက်ပြုလုပ်ခဲ့တဲ့ Video တစ်ခုဖြစ်ပြီး Horror နဲ့ သူ့ရဲ့ အနုပညာ Skill ကိုပြဖို့လုပ်ခဲ့တာပါ။ ဒီ Short Video မှာ အစနဲ့ အဆုံးမရှိပဲ Repeat လုပ်ထားပြီး ကြည့်ရင် ဘယ်နေရာကစမှန်းမသိလောက်အောင် ပြုလုပ်ထားတာပါ။ အဓိပ္ပါယ်က သေပြီးနောက်မှာ ဘာမှမရှိဘူးဆိုတာကို ပြောပြချင်တာဖြစ်ပြီး မျက်နှာသေနဲ့ မိန်းမတစ်ယောက်က ထမင်းစားပွဲတစ်ခုနားမှာထိုင်နေပြီး သူ့အနောက်က နောက်ခံမြင်ကွင်းမှာ မီးတွေလောင်နေပါတယ်။ “There is nothing” ဆိုပြီး ကြောက်စရာ အသံကြီးနဲ့ပြောရင်း သူ့ရှေ့က ခွက်ထဲကို မျက်နှာကြီးစောင့်စောင့်ချပစ်လိုက်ပါတယ်။ အသည်းငယ်တဲ့သူတွေတော့ မကြည့်သင့်ဘူးထင်ပါတယ်။ အသံနဲ့တင် အသက်ထွက်သွားနိုင်လောက်ပါတယ်။ ကဲ ကြည့်ရဲရင်တော့ကြည့်ကြပါ။