မင်္ဂလာပါ။ ဖုန်းဆိုတာ ဒီကနေ့ခေတ် လူနေမှုဘဝအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုအနေနဲ့ ပါဝင်လာပါပြီ။ ဖုန်းကို လူတိုင်းလည်းအသုံးပြုနေကြတာမို့ ဖုန်းကို နေရာတိုင်းမှာ မထားမိဖို့လိုပါတယ်။ ဒီတခါမှာတော့ သိပ္ပပညာရှင်တွေ အကြံပြုတဲ့ ဖုန်းကို မထားသင့်တဲ့ နေရာတွေကို မျှဝေပေးသွားပါမယ်။

၁။ နောက်အိတ်ကပ်ထဲ

ဘောင်းဘီနောကအိတ်ကပ်ထဲမှာ ဖုန်းမထည့်သင့်ပါဘူး။ အဲဒီလိုထည့်ထားတာဟာ ဖုန်းခေါ်ဆိုမှုကိုလည်း ကြားဖို့မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ခြေထောက်နဲ့ ဗိုက် မကြာခဏ နာတာမျိုးတွေလည်း ခံစားရတတ်ပါတယ်။

ဒါ့အပြင် ဒီနေရာမှာ ထည့်ထားတာဟာ ဖုန်းကို အလွယ်တကူ ခိုးယူလို့ရသလို အမှတ်မထင်လည်းပြုတ်ကျတာ ဖုန်းကွဲတာမျိုး ဖြစ်နိုင်ပါတယ်။

၂။ ရှေ့အိတ်ကပ်ထဲ

ရှေ့အိတ်ကပ်ထဲမှာလည်းမထည့်ပါနဲ့။ အထူးသဖြင့် အမျိုးသားတွေ ပိုပြီးမထည့်သင့်ပါဘူး။ ပန်းသေပန်းညိုး ဖြစ်စေနိုင်ပါတယ်။

၃။ ဘရာ

ဘရာထဲကိုလည်း မထည့်သင့်ပါဘူး။ ဖုန်းမှာရှိတဲ့ရေဒီယို ဓာတ်တွေက ရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။

၎။ တင်နား

တင်ပါးနားမှာလည်း မထားသင့်ပါဘူး။ တင်ရိုးအားနည်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

၅။ မျက်နှာပေါ် (သို့) အသားပေါ်တင်ထားခြင်း

ဖုန်းကို ခဏခဏ မျက်နှာပေါ် တင်ထားတာ ၊ အသားပေါ် တင်ထားတာမျိုးမလုပ်သင့်ပါဘူး။ ဖုန်းစခရင်မ်ပေါ်က ဘက်တီးရီးယားက သင့်အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ မျက်နှာနဲ့ ၀.၅ စင်တီမီတာ ကနေ ၁.၅ စင်တီမီတာထိ ခွာထားသင့်ပါတယ်။

၆။ ဖုန်းသွင်းနေရင်း

ဖုန်းသွင်းနေရင်း ဖုန်းမကိုင်သင့်ပါဘူးနော်။ ဒါက သင့်ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ ဒါ့အပြင် ဖုန်းအားသွင်းပြီးလည်း တစ်ညလုံး ပစ်မထားသင့်ပါဘူး။ ဘက်ထရီခံနိုင်အားကို ကျစေပါတယ်။

၇။ အရမ်းအေးတဲ့နေရာ

ဖုန်းကို အရမ်းအေးတဲ့ နေရာမှာလည်းမထားသင့်ပါဘူးနော်။ ဖုန်းအတွင်းပိုင်း စက်ပစ္စည်းချို့ယွင်းမှုဖြစ်စေနိုင်ပါတယ်။ အေးတဲ့နေရာသွားရင်တောင် ဖုန်းကို အိတ်ထဲထည့်ထားပါ။

၈။ အရမ်းပူတဲ့နေရာ

ဖုန်းကိုအရမ်းပူတဲ့နေရာမှာလည်း မထားသင့်ပါဘူး။ လျှပ်စစ်ပစ္စည်းတွေက အလွယ်တကူ ပေါက်ကွဲနိုင်ပါတယ်။

၉။ ခေါင်းအုံးအောက်

ဖုန်းဖွင့်ရက်သားနဲ့ ခေါင်းအုံးအောက်မှာ ထားအိပ်တာမျိုးရှောင်ပါ။ အဲဒီလို ထားအိပ်ရင် ဖုန်းပူလာပြီး ဖုန်းမီးလောင်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာလည်းဖြစ်ပေါ်စေနိုင်ပါတယ်။