Blizzard ဂိမ္းကုမၸဏီဟာ Warcraft, Diablo, Starcraft, Heroes of the Storm, Overwatch တုိ႔လို အစဥ္အလာၾကီးမားျပီး လူၾကိဳက္မ်ားတဲ့ ဂိမ္းေတြကို ေခတ္အဆက္ဆက္ ထုတ္လာတဲ့ ကုမၸဏီၾကီးပါ။ ယေန႔မွာ Blizzard Developer ေတြက Hearthstone ျပီးရင္ မုိဘုိင္းပလက္ေဖာင္းေပၚမွာ သူတုိ႔ရဲ႕ ဒုတိယဂိမ္းျဖစ္လာမယ့္ Diablo ဂိမ္းသစ္ တစ္ခုကို မိတ္ဆက္ခဲ့ပါတယ္။

အဆုိပါဂိမ္းသစ္ရဲ႕ နာမည္ကေတာ့ Diablo: Immortal ျဖစ္ပါတယ္။ ဒီဂိမ္းကို NetEase စတူဒီယုိနဲ႔ တြဲဖက္ထုတ္လုပ္ထားျပီး ယခင္ Diablo ဂိမ္းေတြက အရာေတြကို ျပန္မယူဘဲနဲ႔ မုိဘုိင္းမွာတင္ Stand-alone အျဖစ္ အျပည့္အဝေဆာ့ကစားႏုိင္ဖို႔ ထုတ္လုပ္သြားမွာပါ။

Diablo: Immortal ဇာတ္လမ္းေၾကာင္းကေတာ့ Diablo II နဲ႔ Diablo III တုိ႔ၾကားထဲမွာ အေျခတည္သြားမွာပါ။ Archangel Tyrael ေသဆုံးသြားတဲ့ေနာက္ Worldstone ဟာ တစ္စစီ ကြဲျပန္႔သြားျပီး အဆုိပါ အစိတ္ပုိင္းေတြကို မိစာၦေတြက စုဆည္းကာ ကမာၻေျမကို သိမ္းပုိက္ဖို႔ ၾကံစည္တာကို တားဆီးရမွာ ျဖစ္ပါတယ္။

ကစားသူေတြဟာ Class ေျခာက္မ်ဳိး (Barbarian, Monk, Wizard, Crusader, Demon Hunter, Necromancer) ထဲက တစ္ခုကို ေရြးခ်ယ္ရမွာျဖစ္ျပီး တစ္မ်ဳိးမွာ Skill 12 မ်ဳိး အနည္းဆုံးပါမွာပါ။ Blizzard ကေတာ့ Diablo: Immortal က ပရိသတ္ေတြကို မုိဘုိင္းေပၚမွာ တမူထူးျခားတဲ့ “Hack and Slash” Action-RPG ရသကို ေပးစြမ္းႏုိင္မယ္လို႔ ကတိေပးပါတယ္။

2014 ခုႏွစ္က စတင္ထုတ္လႊင့္ခဲ့တဲ့ Hearthstone ကတ္ဂိမ္းဟာ Warcraft စီးရီးကို အေျခခံထားျပီး မုိဘုိင္းေပၚမွာ ေဆာ့ကစားႏုိင္တဲ့ ပထမဆုံး Blizzard ဂိမ္းျဖစ္ပါတယ္။ အခု Diablo ဂိမ္းသစ္မွာလည္း ေဆာ့ကစားမယ့္ သူေတြဟာ Blizzard အခမဲ့အေကာင့္ကို ဖြင့္ရမွာျဖစ္ျပီး အေကာင့္နဲ႔ေဆာ့ကစားမွသာ ကိုယ့္ရဲ႕ ဂိမ္း Progress ကိုသိမ္းဆည္းႏုိင္မွာ ျဖစ္ပါတယ္။ တျခား ကိုယ့္ရဲ႕ Blizzard.Net ေပၚက သူငယ္ခ်င္းေတြရဲ႕ လႈပ္ရွားမႈကိုလည္း ျမင္ႏုိင္မွာပါ။

Blizzard က လက္ရွိမွာ Diablo: Immortal ထြက္လာမယ့္ ရက္ကိုေတာ့ တရားဝင္မေၾကျငာေသးပါဘူး။ ဒါေပမယ့္ Google Play မွာေတာ့ Pre-register ျပဳလုပ္ႏုိင္ပါျပီ။ ဒီလို ၾကိဳစာရင္းေပးထားမယ္ ဆုိရင္ ဂိမ္းထြက္လာတဲ့အခါ ႏုိတီရမွာျဖစ္ျပီး အထူးဆုေတြလည္း ရရွိႏုိင္ပါတယ္။

Ref – Android Authority

Unicode

Blizzard ဂိမ်းကုမ္ပဏီဟာ Warcraft, Diablo, Starcraft, Heroes of the Storm, Overwatch တို့လို အစဉ်အလာကြီးမားပြီး လူကြိုက်များတဲ့ ဂိမ်းတွေကို ခေတ်အဆက်ဆက် ထုတ်လာတဲ့ ကုမ္ပဏီကြီးပါ။ ယနေ့မှာ Blizzard Developer တွေက Hearthstone ပြီးရင် မိုဘိုင်းပလက်ဖောင်းပေါ်မှာ သူတို့ရဲ့ ဒုတိယဂိမ်းဖြစ်လာမယ့် Diablo ဂိမ်းသစ် တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါဂိမ်းသစ်ရဲ့ နာမည်ကတော့ Diablo: Immortal ဖြစ်ပါတယ်။ ဒီဂိမ်းကို NetEase စတူဒီယိုနဲ့ တွဲဖက်ထုတ်လုပ်ထားပြီး ယခင် Diablo ဂိမ်းတွေက အရာတွေကို ပြန်မယူဘဲနဲ့ မိုဘိုင်းမှာတင် Stand-alone အဖြစ် အပြည့်အဝဆော့ကစားနိုင်ဖို့ ထုတ်လုပ်သွားမှာပါ။

Diablo: Immortal ဇာတ်လမ်းကြောင်းကတော့ Diablo II နဲ့ Diablo III တို့ကြားထဲမှာ အခြေတည်သွားမှာပါ။ Archangel Tyrael သေဆုံးသွားတဲ့နောက် Worldstone ဟာ တစ်စစီ ကွဲပြန့်သွားပြီး အဆိုပါ အစိတ်ပိုင်းတွေကို မိစ္ဆာတွေက စုဆည်းကာ ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ကြံစည်တာကို တားဆီးရမှာ ဖြစ်ပါတယ်။

ကစားသူတွေဟာ Class ခြောက်မျိုး (Barbarian, Monk, Wizard, Crusader, Demon Hunter, Necromancer) ထဲက တစ်ခုကို ရွေးချယ်ရမှာဖြစ်ပြီး တစ်မျိုးမှာ Skill 12 မျိုး အနည်းဆုံးပါမှာပါ။ Blizzard ကတော့ Diablo: Immortal က ပရိသတ်တွေကို မိုဘိုင်းပေါ်မှာ တမူထူးခြားတဲ့ “Hack and Slash” Action-RPG ရသကို ပေးစွမ်းနိုင်မယ်လို့ ကတိပေးပါတယ်။

2014 ခုနှစ်က စတင်ထုတ်လွှင့်ခဲ့တဲ့ Hearthstone ကတ်ဂိမ်းဟာ Warcraft စီးရီးကို အခြေခံထားပြီး မိုဘိုင်းပေါ်မှာ ဆော့ကစားနိုင်တဲ့ ပထမဆုံး Blizzard ဂိမ်းဖြစ်ပါတယ်။ အခု Diablo ဂိမ်းသစ်မှာလည်း ဆော့ကစားမယ့် သူတွေဟာ Blizzard အခမဲ့အကောင့်ကို ဖွင့်ရမှာဖြစ်ပြီး အကောင့်နဲ့ဆော့ကစားမှသာ ကိုယ့်ရဲ့ ဂိမ်း Progress ကိုသိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ တခြား ကိုယ့်ရဲ့ Blizzard.Net ပေါ်က သူငယ်ချင်းတွေရဲ့ လှုပ်ရှားမှုကိုလည်း မြင်နိုင်မှာပါ။

Blizzard က လက်ရှိမှာ Diablo: Immortal ထွက်လာမယ့် ရက်ကိုတော့ တရားဝင်မကြေငြာသေးပါဘူး။ ဒါပေမယ့် Google Play မှာတော့ Pre-register ပြုလုပ်နိုင်ပါပြီ။ ဒီလို ကြိုစာရင်းပေးထားမယ် ဆိုရင် ဂိမ်းထွက်လာတဲ့အခါ နိုတီရမှာဖြစ်ပြီး အထူးဆုတွေလည်း ရရှိနိုင်ပါတယ်။

Ref – Android Authority