အင္တာနက္အသုံးျပဳသူ သန္း ၈၀၀ ေက်ာ္ရွိျပီး ဆက္လက္တုိးပြားေနဆဲျဖစ္တဲ့ တရုတ္ႏုိင္ငံဟာ ျပည္သူေတြအၾကားက အြန္လိုင္းပဋိပကၡေတြကို ရင္ဆုိင္ေနရပါတယ္။ ဒီလုိကိစၥေတြကို ေျဖရွင္းဖို႔ တရုတ္ႏုိင္ငံမွာ အင္တာနက္တရားရုံး တစ္ခုမဟုတ္ ႏွစ္ခုေတာင္ ရွိေနပါျပီ။

ျပီးခဲ့တဲ့စေနေန႔က ဒုတိယေျမာက္ အင္တာနက္တရားရုံးကို ေဘက်င္းျမိဳ႕မွာ တရားဝင္ဖြင့္လွစ္ခဲ့ျပီး ေဘက်င္းအင္တာနက္တရားရုံးေတာ္လုိ႔ မွည့္ေခၚထားကာ အြန္လိုင္းေပၚက စီးပြားေရးေငြလႊဲေျပာင္းမႈ၊ ပုဂၢိဳလ္ေရး ဆုိင္ရာအခ်က္အလက္မ်ားနဲ႔ အသိပညာမူပုိင္ခြင့္ စတာေတြကို ကိုင္တြယ္ေျဖရွင္းေပးပါတယ္။

မ်ားေသာအားျဖင့္ ေျဖရွင္းရတဲ့အမႈေတြဟာ အြန္လုိင္းေစ်းဝယ္ျခင္း၊ ဝန္ေဆာင္မႈစာခ်ဳပ္ေဖာက္ဖ်က္ျခင္း၊ ေခ်းဌားျခင္း၊ မူပိုင္ခြင့္နဲ႔ ဒုိမိန္းဆုိင္ရာ ျပႆနာေတြ အျဖစ္မ်ားတယ္လုိ႔ သိရပါတယ္။ ေဘက်င္းအထက္ ျပည္သူ႕တရားရုံးေတာ္မွ အၾကီးအကဲ အန္ဖန္ဒီ ရဲ႕ေျပာၾကားခ်က္အရ တရုတ္ႏုိင္ငံမွာ အင္တာနက္အေျချပဳအမႈ အေရအတြက္ဟာ အလွ်င္အျမန္တုိးပြားလာတယ္လို႔ တရုတ္ႏုိင္ငံပုိင္မီဒီယာ ရွင္ဟြာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ယခုႏွစ္ရဲ႕ ပထမရွစ္လမွာ ေဘက်င္းတရားရုံးဟာ အြန္လုိင္းျပႆနာေပါင္း ၃၇၆၃၁ မႈကို ေျဖရွင္းေပးခဲ့ရျပီး မႏွစ္ကထက္ ၂၄.၄ ရာခုိင္ႏႈန္း ပိုမ်ားလာတယ္လို႔ ဆုိပါတယ္။

ေဘက်င္းရဲ႕ အင္တာနက္ခုံရုံးေတာ္အသစ္ဟာ ၂၄ နာရီဖြင့္လွစ္ထားမွာျဖစ္ျပီး ပ်မ္းမွ်အေတြ႕အၾကဳံ ဆယ္ႏွစ္ေက်ာ္ရွိတဲ့ ဂ်ဴရီလူၾကီး ၃၈ ဦးကို ခန္႔အပ္ေပးထားတယ္လို႔ ဆုိပါတယ္။ အမႈစစ္ေဆးမႈ အခ်က္အလက္ အားလုံးကို ဒစ္ဂ်စ္တယ္တရားစီရင္မႈ ပလက္ေဖာင္းတစ္ခုေပၚ တင္ထားျပီး အြန္လိုင္းမွ ဝင္ေရာက္ၾကည့္ရႈႏုိင္မွာ ျဖစ္ကာ အမႈတစ္ခုခ်င္းစီအတြက္ တရားသူၾကီး ဆုံးျဖတ္ခ်က္အပါအဝင္ အခ်က္အလက္ေတြကို ဝင္ၾကည့္ႏုိင္မွာပါ။ တရုတ္ျပည္ရဲ႕ ပထမဆုံး အင္တာနက္ခုံရုံးကို မႏွစ္က တရုတ္အေရွ႕ပိုင္း ဟန္က်ဳိးမွာ ဖြင့္လွစ္ခဲ့ျပီး တတိယေျမာက္ တရားရုံးကိုလည္း ဒီလထဲမွာပဲ ေတာင္ပိုင္းမွာ ဖြင့္လွစ္သြားဦးမွာျဖစ္ပါတယ္။

Ref – https://www.cnet.com/news/china-has-an-actual-court-dedicated-to-the-internet

Unicode

အင်တာနက်အသုံးပြုသူ သန်း ၈၀၀ ကျော်ရှိပြီး ဆက်လက်တိုးပွားနေဆဲဖြစ်တဲ့ တရုတ်နိုင်ငံဟာ ပြည်သူတွေအကြားက အွန်လိုင်းပဋိပက္ခတွေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့ တရုတ်နိုင်ငံမှာ အင်တာနက်တရားရုံး တစ်ခုမဟုတ် နှစ်ခုတောင် ရှိနေပါပြီ။

ပြီးခဲ့တဲ့စနေနေ့က ဒုတိယမြောက် အင်တာနက်တရားရုံးကို ဘေကျင်းမြို့မှာ တရားဝင်ဖွင့်လှစ်ခဲ့ပြီး ဘေကျင်းအင်တာနက်တရားရုံးတော်လို့ မှည့်ခေါ်ထားကာ အွန်လိုင်းပေါ်က စီးပွားရေးငွေလွှဲပြောင်းမှု၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက်အလက်များနဲ့ အသိပညာမူပိုင်ခွင့် စတာတွေကို ကိုင်တွယ်ဖြေရှင်းပေးပါတယ်။

များသောအားဖြင့် ဖြေရှင်းရတဲ့အမှုတွေဟာ အွန်လိုင်းဈေးဝယ်ခြင်း၊ ဝန်ဆောင်မှုစာချုပ်ဖောက်ဖျက်ခြင်း၊ ချေးဌားခြင်း၊ မူပိုင်ခွင့်နဲ့ ဒိုမိန်းဆိုင်ရာ ပြဿနာတွေ အဖြစ်များတယ်လို့ သိရပါတယ်။ ဘေကျင်းအထက် ပြည်သူ့တရားရုံးတော်မှ အကြီးအကဲ အန်ဖန်ဒီ ရဲ့ပြောကြားချက်အရ တရုတ်နိုင်ငံမှာ အင်တာနက်အခြေပြုအမှု အရေအတွက်ဟာ အလျှင်အမြန်တိုးပွားလာတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယခုနှစ်ရဲ့ ပထမရှစ်လမှာ ဘေကျင်းတရားရုံးဟာ အွန်လိုင်းပြဿနာပေါင်း ၃၇၆၃၁ မှုကို ဖြေရှင်းပေးခဲ့ရပြီး မနှစ်ကထက် ၂၄.၄ ရာခိုင်နှုန်း ပိုများလာတယ်လို့ ဆိုပါတယ်။

ဘေကျင်းရဲ့ အင်တာနက်ခုံရုံးတော်အသစ်ဟာ ၂၄ နာရီဖွင့်လှစ်ထားမှာဖြစ်ပြီး ပျမ်းမျှအတွေ့အကြုံ ဆယ်နှစ်ကျော်ရှိတဲ့ ဂျူရီလူကြီး ၃၈ ဦးကို ခန့်အပ်ပေးထားတယ်လို့ ဆိုပါတယ်။ အမှုစစ်ဆေးမှု အချက်အလက် အားလုံးကို ဒစ်ဂျစ်တယ်တရားစီရင်မှု ပလက်ဖောင်းတစ်ခုပေါ် တင်ထားပြီး အွန်လိုင်းမှ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ကာ အမှုတစ်ခုချင်းစီအတွက် တရားသူကြီး ဆုံးဖြတ်ချက်အပါအဝင် အချက်အလက်တွေကို ဝင်ကြည့်နိုင်မှာပါ။ တရုတ်ပြည်ရဲ့ ပထမဆုံး အင်တာနက်ခုံရုံးကို မနှစ်က တရုတ်အရှေ့ပိုင်း ဟန်ကျိုးမှာ ဖွင့်လှစ်ခဲ့ပြီး တတိယမြောက် တရားရုံးကိုလည်း ဒီလထဲမှာပဲ တောင်ပိုင်းမှာ ဖွင့်လှစ်သွားဦးမှာဖြစ်ပါတယ်။