အခုခေတ်မှာ စမတ်ဖုန်းမရှိတဲ့သူတွေ မရှိသလောက်ပါဘဲ။ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်နေကြပါပြီ။ လူတော်တော်များများကလည်း စမတ်ဖုန်းကို ကိုင်မယ်ဆိုရင် Android ဖုန်းကိုဘဲ ကိုင်လေ့ရှိပါတယ်။

ဒါကြောင့် Android ဖုန်းအသုံးပြုသူတွေ သတိမထားမိတဲ့ အသုံးဝင်တဲ့ Android Functions တချို့ကို ဝေမျှချင်ပါတယ်။

ဖုန်းဘက်ထရီ အကုန်သက်သာစေချင်ရင်

Android ဖုန်းတွေဖြစ်တဲ့ Samsung စမတ်ဖုန်းတို့မှာ ပြုလုပ်လို့ရပါတယ်။ ဖုန်းရဲ့ Background စခရင်မှာ လှုပ်ရှားနေတဲ့ ပုံတွေ (Motion) မတင်ဘဲနဲ့ ရိုးရိုးရှင်းရှင်း Background၊ အမည်းရောင် Background တွေ ပြောင်းထားလိုက်ပါ။

အသံထွက်ဖတ်ပေးတဲ့ App

Android ဖုန်းရှိရင် အဲ့ဒီ ဖုန်းနဲ့ အွန်လိုင်းပေါ်က စာတွေ ဖတ်နိုင်သလို အဲ့ဒီစာတွေကိုလည်း အသံနဲ့ထွက်ပြနိုင်ပါတယ်။

ဒါပေမယ့် အင်္ဂလိပ်ဘာသာစကားကိုဘဲ ဖုန်းက ဖတ်ပြနိုင်ပါတယ်။ အဲ့လို အသံထွက်ဖတ်စေချင်ရင် Settings ထဲက Accessibility ကိုဝင်ပြီး Text to Speech ထဲဝင်ပြောင်းလို့ရပါတယ်။

မျက်စိမမြင်တဲ့သူတွေ စမတ်ဖုန်းအလွယ်တကူ အသုံးပြုလို့ရအောင်လည်း ကူညီပေးတဲ့ Option ပါပါတယ်။ Accessibility ထဲက “Talkback” ကို “On” ထားလို့ရပါတယ်။

မျက်စိအမြင် အားနည်းသူတွေအတွက်

မျက်စိအမြင် အားနည်းသူတွေက တခါတလေ စာတွေ၊ Icon တွေ ကြည့်ရခက်နေတတ်ပါတယ်။ ဒါဆိုရင် ဖုန်းထဲက Settings ကနေ Accessibility မှ Magnification Gestures ကို On ထားရပါမယ်။ ဖုန်းရဲ့ စခရင်ကို လက်နဲ့ ခေါက်လိုက်တာနဲ့ အကြီးချဲ့သွားမှာဖြစ်ပါတယ်။

ခေါင်းရဲ့ လှုပ်ရှားမှုနဲ့ ဖုန်းကို ထိန်းချုပ်မယ်

တခါတလေ ဖုန်းစခရင်ကို လက်ကို မသုံးဘဲနဲ့ ခေါင်းနဲ့ လှုပ်ရှားပြီး စေခိုင်းလို့ရပါတယ်။ EVA Facial Mouse လို့ခေါ်တဲ့ အခမဲ့ App ကို အရင်ဆုံး Install လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒါဆိုရင် စမတ်ဖုန်းကို ခေါင်းလှုပ်ရှားမှုနဲ့ ထိန်းချုပ်လို့ရသွားမှာပါ။