မောင်းသူမဲ့ကား (Self-Driving Car) တွေကို အမေရိကန်ပြည်ထောင်စုမှာ မောင်းနှင်စမ်းသပ်ချင်ရင်တော့ ကယ်လီဖိုးနီးယားပြည်နယ်၊ အာရီဇွန်းနား ပြည်နယ်တို့မှာ အထူးခွင့်ပြုမိန့် ရယူပြီး စမ်းသပ်နိုင်ပါတယ်။ အခုတော့ နယူးယောက်မြို့လည်း စမ်းသပ် မောင်းနှင်ဖို့ ခွင့်ပြုလိုက်ပါတယ်။

နယူးယောက်မြို့တော်ဝင် အန်ဒရူး ကူမို က “အလိုအလျောက် မောင်းနှင်တဲ့ ကားတွေနဲ့ အတူပူးပေါင်းပြီး လမ်းတွေပေါ်မှာ အန္တရာယ်ရှိစွာ မောင်းနှင်မှုတွေကို လျော့ချဖို့ ဆောင်ရွက်နေတာပါ၊ မတော်တဆမှုများစွာ လျော့ချပြီး နယူးယောက်မြို့ရဲ့လမ်းတွေပေါ်မှာ သေဆုံးသွားနိုင်တဲ့ အသက်တွေကို ကယ်တင်ဖို့ပါ”လို့ ပြောပါတယ်။

ဒါပေမယ့် မောင်းသူမဲ့ကား (Autonomous Car) တွေစမ်းသပ်တဲ့အချိန်မှာတော့ လူသား ယာဉ်မောင်းတစ်ယောက် ပါရမှာဖြစ်ပါတယ်။

အခုဆိုရင်တော့ နယူးယောက်မြို့မှာ မောင်းသူမဲ့ကားတွေ စမ်းသပ်မောင်းနှင်ဖို့ လျှောက်လွှာတွေ ခေါ်ယူနေပါပြီ။

ဘယ်လို စမ်းသပ်မောင်နှင်မလဲဆိုတဲ့ အကြောင်းအရာနဲ့ ကားတွေရဲ့ အကြောင်းအရာတွေ ရေးသားပြီး လျှောက်လွှာပေးဖို့ရမှာဖြစ်ကာ ဧပြီလ ၂၀၁၈ ခုနှစ်အထိ မောင်းနှင်စမ်းသပ်ခွင့်ပေးသွားမှာပါ။

နယူးယောက်မှာ ဘယ်သူတွေ စမ်းသပ်မောင်းနှင်မလဲဆိုတာ သေချာမသိပေမယ့် Google၊ Tesla၊ Uber၊ Apple နဲ့ တခြား မောင်းသူမဲ့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ စိတ်ဝင်စားနေပါတယ်။