Google ရဲ့ Android Messages Application က မကြာခင်အချိန်အတွင်းမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုရရှိတော့မှာဖြစ်ပါတယ်။ အခုသတင်းဟာ XDA Developers Forum နဲ့ Android Police တို့က Application APK File ကို Teardown ပြုလုပ်ပြီး သိရှိလာတာဖြစ်ပါတယ်။

နောက်ပိုင်းမှာ Android Messages ဟာ ဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုရင် ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး PC Browser တွေဖြစ်တဲ့ Google Chrome ၊ Mozilla Firefox နဲ့ Apple Safari Browser တွေကနေလည်း တိုက်ရိုက် Message တွေပေးပို့နိုင်တဲ့အဆင့်အထိဖြစ်လာမှာဖြစ်ပါတယ်။ အခုအချိန်မှာ Google Assistant ပါဝင်တဲ့ Allo Messaging က အခုလို Features တွေရရှိနေပြီဆိုပေမယ့် နောက်ပိုင်းမှာတော့ Android ဖုန်းတွေမှာပါ Built-in Features အနေနဲ့ ပါဝင်လာဖယ်ရှိပါတယ်။

အခု Android Messages ရဲ့ အပြောင်းအလဲက Google Allo နဲ့ ဘာကွာခြားသလဲဆိုပြီး ပြောစရာရှိပါတယ်။ အဓိက ကွာခြားချက်ကတော့ Google Allo ဟာ Web Messages Service ဖြစ်ပြီးတော့ အခုပြောင်းလဲမှုကတော့ SMS တွေကိုပါ ပေးပို့နိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် Google Allo နဲ့ ချိတ်ဆက်သလိုမျိုးပဲ Android ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်တဲ့အချိန်တိုင်းမှာ QR Code နဲ့ Scan ဖတ်ပေးဖို့ လိုအပ်မယ်လို့လည်း သိရပါတယ်။ လက်ရှိ Android Messages APK ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Version 2.9 ကို Teardown ပြုလုပ်မှုအရတော့ အခု Feature ကို ထည့်သွင်းထားပြီးဖြစ်တယ်လို့လည်း တွေ့ရှိရပါတယ်။

နောက်ထပ် ထူးခြားချက်တစ်ခုအနေနဲ့ နောက်ပိုင်းမှာ Android Messages ကနေ တစ်ဆင့် Payment တွေကို လွှဲပြောင်းခြင်း၊ လက်ခံခြင်း ပြုလုပ်နိုင်မှာဖြစ်တယ်လို့လည်း တွေ့ရှိရတဲ့အတွက် Google Pay လိုမျိုး Service တွေကိုပါ နောက်ပိုင်းမှာ ထည့်သွင်းပေးသွားမယ့်ပုံပါပဲ။ နောက်တစ်ချက်ကလည်း Google Enhanced Messaging လို့ခေါ်တဲ့ နည်းပညာကိုပါ Implant လုပ်သွားဖွယ်ရှိတာကြောင့် နောက်ပိုင်းမှာ လက်ရှိ Gmail ၊ Inbox နဲ့ Allo တွေမှာ ရရှိနေသလို AI အခြေပြု Smart Replies Feature တွေကိုပါ ထည့်သွင်းပေးသွားဖို့ ရှိနေတယ်လို့ ယူဆရပါတယ်။

Google အနေနဲ့ အခုလိုမျိုးFeatures တွေထည့်သွင်းပေးဖို့ စီစဉ်နေတာက Android ဖုန်းတွေအတွက် အကြံအစီ ကြီးကြီးမားမားရှိနေတယ်ဆိုတာကိုပြောနေသလိုပါပဲ။