အခုဆိုရင် လူတိုင်းနီးပါး Facebook သုံးနေကြပါပြီ။ ဒါကြောင့် လူတွေ မသုံးဖြစ်တဲ့ အသုံးဝင်တဲ့ Facebook Settings များအကြောင်းကို ဝေမျှချင်ပါတယ်။

ကွယ်ပျောက်နေတဲ့ Messages များကို ဘယ်လို ဖတ်မလဲ

Facebook မှာ Message က ၂ ပိုင်းခွဲထားပါတယ်။ ကိုယ့်အကောင့်ထဲမှာရှိတဲ့သူတွေ ပို့တဲ့ Messages အပိုင်းနဲ့ ကိုယ်နဲ့ မသိ၊ ကိုယ့်အကောင့်ထဲမှာမရှိတဲ့သူတွေ ပို့တဲ့ Message ဆိုပြီးပါ။

ကိုယ့်အကောင့်ထဲမှာမရှိပေမယ့် ကိုယ့်ကျောင်းတုန်းက သိတဲ့သူငယ်ချင်းတွေက ပို့တဲ့ Message စတာတွေမလွယ်သွားအောင် “Message Requests” ဆိုတဲ့ အကောင့်ထဲက မဟုတ်တဲ့သူတွေ ပို့တဲ့ အပိုင်းကိုလည်း ၀င်ကြည့်သင့်ပါတယ်။

ဘယ်ကွန်ပျုတာကနေ ကိုယ့်အကောင့်ကိုဝင်ခဲ့လဲဆိုတာ ကြည့်နိုင်ဖို့

သူများက ကိုယ့်အကောင့်ကို ခိုးသုံးနေတာမျိုးတွေ ကာကွယ်နိုင်ဖို့အတွက် အကောင့်ထဲကို ဘယ်ကွန်ပျုတာနဲ့ ၀င်ခဲ့လဲဆိုတာ မှတ်တမ်းယူထားလို့ရပါတယ်။

Facebook “Settings” ထဲကနေ “Security” ကို ၀င်ပါ။ “Where You’re Logged in” ဆိုတာကို ရွေးပါ။ ဒါဆိုရင် ဘယ်ကွန်ပျုတာရဲ့ Browser ကနေ ၀င်လဲဆိုတာ သိနိုင်ပါတယ်။

Password Code ထပ်တောင်းစေချင်ရင်

ကိုယ့်အကောင့်ရဲ့ Security ထပ်မြှင့်ချင်ရင် အသုံးပြုလို့ရပါတယ်။ ကိုယ့် Facebook အကောင့် ကို ၀င်နေကျမဟုတ်တဲ့ ဖုန်းတို့ ကွန်ပျုတာတို့ကနေ ၀င်ရင် Code တစ်ခု ထပ်တောင်းပါတယ်။ အဲ့ဒီ ထပ်တောင်းတဲ့ Code က Facebook ကနေ ကိုယ့် မိုဘိုင်းဖုန်းကို ပို့ပေးတဲ့ Code ဖြစ်ပါတယ်။ အဲ့လို ဖြစ်ချင်ရင် “Security Settings” ထဲက “Login Approvals” ကို ၀င်ပြောင်းပေးရမှာဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ Post တင်သမျှ ကို မလွတ်သွားစေဖို့

အရေးတကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ Facebook မှာ တင်သမျှ Post တွေ မှန်သမျှ မြင်ချင်ပါသလား။ အဲ့ဒီ ပုဂ္ဂိုလ်နဲ့ သူငယ်ချင်းမဖြစ်ဘဲ Following ဘဲ လုပ်လို့ရရင်လည်း Following ခလုတ်အောက်က “See First” ကို နှိပ်ထားလို့ရပါတယ်။

သူငယ်ချင်း တစ်ယောက်ဖြစ်နေရင်လည်း “Close Friends” ကို ရွေးထားလို့ရပါတယ်။