Zawgyi

ဂ်ပန္ႏိုင္ငံ အေျခစိုက္ နည္းပညာ ကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ Sharp အေနနဲ႔ OLED Display အသုံးျပဳ စမတ္ဖုန္း Aquos Zero ကို မိတ္ဆက္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ အရင္တုန္းကဆိုရင္ LCD Display ေတြကိုသာ အသုံးျပဳခဲ့တာ ျဖစ္ၿပီး ယခုအခါမွာ OLED Display ေတြကို စတင္ အသုံးျပဳလာတာ ျဖစ္ပါတယ္။ Sharp ကေတာ့ သူတို႔ရဲ႕ Aquos Zero ဟာ အေလးခ်ိန္ ၁၄၆ဂရမ္ပဲ ရွိတဲ့အတြက္ ကမာၻ႔အေပါ့ဆုံး OLED Flagship ဆိုၿပီး ေႂကြးေၾကာ္ထားပါတယ္။

Sharp Aquos Zero ရဲ႕ Display အပိုင္းအတြက္ ၆.၂လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ OLED Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2992 pixels ရွိပါတယ္။ Processor အပိုင္းအတြက္ Snapdragon 845 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားပါတယ္။

ကင္မရာ အပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ 22.6MP Camera ကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP Camera ကိုတပ္ဆင္ထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ကို ထည့္သြင္းေပးထားၿပီး ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3130mAh ပါဝင္မွာပါ။ Aquos Zero ဟာ Android 9.0 Pie နဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္း တစ္လုံးျဖစ္ၿပီး Water and Dust Resistance မွာလည္း IP68 ရရွိထားပါတယ္။ ဒါ့အျပင္ Dolby Vision image နဲ႔ Dolby Atmos Stereo နည္းပညာမ်ားလည္း ရရွိဦးမွာပါ။ Sharp အေနနဲ႔ Aquos Zero ရဲ႕ ေစ်းႏႈန္းကို မၾကာခင္မွာ ေၾကျငာသြားႏိုင္ဖြယ္ရွိၿပီး ဂ်ပန္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: gizmochina

Unicode

Sharp ရဲ့ ပထမဦးဆုံး OLED Display အသုံးပြု စမတ်ဖုန်း Aquos Zero

ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Sharp အနေနဲ့ OLED Display အသုံးပြု စမတ်ဖုန်း Aquos Zero ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် LCD Display တွေကိုသာ အသုံးပြုခဲ့တာ ဖြစ်ပြီး ယခုအခါမှာ OLED Display တွေကို စတင် အသုံးပြုလာတာ ဖြစ်ပါတယ်။ Sharp ကတော့ သူတို့ရဲ့ Aquos Zero ဟာ အလေးချိန် ၁၄၆ဂရမ်ပဲ ရှိတဲ့အတွက် ကမ္ဘာ့အပေါ့ဆုံး OLED Flagship ဆိုပြီး ကြွေးကြော်ထားပါတယ်။

Sharp Aquos Zero ရဲ့ Display အပိုင်းအတွက် ၆.၂လက်မ မျက်နှာပြင် အကျယ်ရှိ OLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2992 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 845 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားပါတယ်။

ကင်မရာ အပိုင်းအတွက် နောက်ကျောဘက်မှာ 22.6MP Camera ကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကိုတပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို ထည့်သွင်းပေးထားပြီး ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3130mAh ပါဝင်မှာပါ။ Aquos Zero ဟာ Android 9.0 Pie နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပြီး Water and Dust Resistance မှာလည်း IP68 ရရှိထားပါတယ်။ ဒါ့အပြင် Dolby Vision image နဲ့ Dolby Atmos Stereo နည်းပညာများလည်း ရရှိဦးမှာပါ။ Sharp အနေနဲ့ Aquos Zero ရဲ့ စျေးနှုန်းကို မကြာခင်မှာ ကြေငြာသွားနိုင်ဖွယ်ရှိပြီး ဂျပန်နိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: gizmochina