[Zawgyi]

Sharp AQUOS Zero စမတ္ဖုန္းကို ထိုင္ဝမ္ႏိုင္ငံမွာ တရားမိတ္ဆက္သြားၿပီ ျဖစ္ပါတယ္။ Sharp ရဲ႕ ေျပာၾကားခ်က္မ်ားအရ အဆိုပါဖုန္းဟာ ၁၄၆ဂရမ္သာရွိၿပီး ၆လက္မမ်က္ႏွာျပင္ အက်ယ္ရွိတဲ့ စမတ္ဖုန္းေတြထဲမွာဆိုရင္ အေပါ့ဆုံး ဖုန္းတစ္လုံး ျဖစ္တယ္လို႔ သိရပါတယ္။

AQUOS Zero ရဲ႕ ေဘာ္ဒီအပိုင္းအတြက္ Magnesium သတၱဳစပ္ ဖရိန္ကို အသုံးျပဳထားၿပီး ေက်ာဘက္ကိုေတာ့ ဖိုက္ဘာနဲ႔ဖုံးအုပ္ေပးထားပါတယ္။ Display အပိုင္းအတြက္ Sharp က တီထြင္ထားတဲ့ ၆.၂လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ ေပါ့ေပါ့ပါးပါး OLED Display ကို အသုံးျပဳထားၿပီး ဘက္ထရီက 3130mAh ပဲ ထည့္သြင္းေပးထားပါတယ္။ ဒါ့ေၾကာင့္ ၆.၂လက္မ မ်က္ႏွာျပင္အက်ယ္ရွိတဲ့ AQUOS Zero ဟာ ကမာၻ႔အေပါ့ဆုံး စမတ္ဖုန္းဆိုတဲ့ ဂုဏ္ပုဒ္ကို ရယူသြားတာ ျဖစ္ပါတယ္။

QHD+ Display အမ်ိဴးအစားကို အသုံးျပဳထားတာျဖစ္ၿပီး Resolution ကတာ့ 1440 x 2992 pixels ရွိပါတယ္။ ဒါ့အျပင္ DCI-P3 Wide Color Gamut နဲ႔ Dolby Vision HDR ေတြကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ Display ရဲ႕ မ်က္ႏွာျပင္ကိုေတာ့ Corning Gorilla Glass 5 3D Curved Glass နဲ႔ဖုံးအုပ္ထားပါတယ္။

Processor အပိုင္းအတြက္ Snapdragon 845 SoC ကို အသုံးျပဳထားတာျဖစ္ၿပီး RAM အေနနဲ႔ 6GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားပါတယ္။ MicroSD Card ထပ္စိုက္လို႔ရမွာ မဟုတ္ပါဘူး။ အျမန္အားသြင္းစနစ္ ပါ/မပါကို အတိအက် မသိရေသးေပမယ့္ Charging IC ၂လုံးတပ္ဆင္ေပးထားတာေၾကာင့္ အားသြင္းရင္း ဂိမ္းေဆာ့တဲ့အခါ၊ ဗီဒီယိုၾကည့္တဲ့အခါမ်ိဴးေတြမွာ ဖုန္းရဲ႕ အပူခ်ိန္ကို ေလ်ာ့ခ်ေပးႏိုင္မွာ ျဖစ္ပါတယ္။ Operating System အပိုင္းအတြက္ Android 9 Pie ကို ထည့္သြင္းေမာင္းႏွင္ထားတာ ျဖစ္ၿပီး Sharp UI နဲ႔ျပန္လည္ ဆန္းသစ္ထားပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Aperture f/1.9 အက်ယ္ရွိ 22.6MP Super Wide-angle Lens ကို တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.2 အက်ယ္ရွိ 8MP Wide-angle Lens ကို တပ္ဆင္ေပးထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေက်ာဘက္မွာ တပ္ဆင္ေပးထားသလို Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ အသံအပိုင္းအတြက္ Stereo Speaker ေတြကို တပ္ဆင္ေပးထားၿပီး Dolby Atmos ေထာက္ပံ့မႈလည္း ရရွိမွာပါ။ ဒါ့အျပင္ Water & Dust Resistance မွာလည္း IP68 လက္မွတ္ရရွိထားပါေသးတယ္။

Sharp AQUOS Zero ကို ထိုင္ဝမ္ေဒၚလာ ၁၉၉,၉၀ (ျမန္မာေငြ ၁၀သိန္း ဝန္းက်င္) နဲ႔ ထိုင္ဝမ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

ကမ္ဘာ့အပေါ့ဆုံး ၆လက်မ စမတ်ဖုန်းဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်သွားနိုင်တဲ့ Sharp AQUOS Zero

Sharp AQUOS Zero စမတ်ဖုန်းကို ထိုင်ဝမ်နိုင်ငံမှာ တရားမိတ်ဆက်သွားပြီ ဖြစ်ပါတယ်။ Sharp ရဲ့ ပြောကြားချက်များအရ အဆိုပါဖုန်းဟာ ၁၄၆ဂရမ်သာရှိပြီး ၆လက်မမျက်နှာပြင် အကျယ်ရှိတဲ့ စမတ်ဖုန်းတွေထဲမှာဆိုရင် အပေါ့ဆုံး ဖုန်းတစ်လုံး ဖြစ်တယ်လို့ သိရပါတယ်။

AQUOS Zero ရဲ့ ဘော်ဒီအပိုင်းအတွက် Magnesium သတ္တုစပ် ဖရိန်ကို အသုံးပြုထားပြီး ကျောဘက်ကိုတော့ ဖိုက်ဘာနဲ့ဖုံးအုပ်ပေးထားပါတယ်။ Display အပိုင်းအတွက် Sharp က တီထွင်ထားတဲ့ ၆.၂လက်မ မျက်နှာပြင် အကျယ်ရှိ ပေါ့ပေါ့ပါးပါး OLED Display ကို အသုံးပြုထားပြီး ဘက်ထရီက 3130mAh ပဲ ထည့်သွင်းပေးထားပါတယ်။ ဒါ့ကြောင့် ၆.၂လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ AQUOS Zero ဟာ ကမ္ဘာ့အပေါ့ဆုံး စမတ်ဖုန်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူသွားတာ ဖြစ်ပါတယ်။

QHD+ Display အမျိူးအစားကို အသုံးပြုထားတာဖြစ်ပြီး Resolution ကတာ့ 1440 x 2992 pixels ရှိပါတယ်။ ဒါ့အပြင် DCI-P3 Wide Color Gamut နဲ့ Dolby Vision HDR တွေကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ Display ရဲ့ မျက်နှာပြင်ကိုတော့ Corning Gorilla Glass 5 3D Curved Glass နဲ့ဖုံးအုပ်ထားပါတယ်။

Processor အပိုင်းအတွက် Snapdragon 845 SoC ကို အသုံးပြုထားတာဖြစ်ပြီး RAM အနေနဲ့ 6GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားပါတယ်။ MicroSD Card ထပ်စိုက်လို့ရမှာ မဟုတ်ပါဘူး။ အမြန်အားသွင်းစနစ် ပါ/မပါကို အတိအကျ မသိရသေးပေမယ့် Charging IC ၂လုံးတပ်ဆင်ပေးထားတာကြောင့် အားသွင်းရင်း ဂိမ်းဆော့တဲ့အခါ၊ ဗီဒီယိုကြည့်တဲ့အခါမျိူးတွေမှာ ဖုန်းရဲ့ အပူချိန်ကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ Operating System အပိုင်းအတွက် Android 9 Pie ကို ထည့်သွင်းမောင်းနှင်ထားတာ ဖြစ်ပြီး Sharp UI နဲ့ပြန်လည် ဆန်းသစ်ထားပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Aperture f/1.9 အကျယ်ရှိ 22.6MP Super Wide-angle Lens ကို တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.2 အကျယ်ရှိ 8MP Wide-angle Lens ကို တပ်ဆင်ပေးထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို ကျောဘက်မှာ တပ်ဆင်ပေးထားသလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံအပိုင်းအတွက် Stereo Speaker တွေကို တပ်ဆင်ပေးထားပြီး Dolby Atmos ထောက်ပံ့မှုလည်း ရရှိမှာပါ။ ဒါ့အပြင် Water & Dust Resistance မှာလည်း IP68 လက်မှတ်ရရှိထားပါသေးတယ်။

Sharp AQUOS Zero ကို ထိုင်ဝမ်ဒေါ်လာ ၁၉၉,၉၀ (မြန်မာငွေ ၁၀သိန်း ဝန်းကျင်) နဲ့ ထိုင်ဝမ်နိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : Gizmochina