ထြက္ရွိျပီး ဆယ္ႏွစ္ေက်ာ္ၾကာတဲ့အခါမွာေတာ့ Video Call ဝန္ေဆာင္မႈ Skype ဟာ သုံးစြဲသူေတြကို သူတုိ႔ရဲ႕ေခၚဆုိမႈမ်ားအား Record သိမ္းမွတ္ျပီး ျပန္လည္သိမ္းဆည္းထားခြင့္ ေပးလိုက္ပါျပီ။ ဒီ Feature ဟာ ကြန္ပ်ဴတာနဲ႔ မုိဘုိင္းပလက္ေဖာင္း အမ်ားစုအေပၚ ေရာက္ေနျပီျဖစ္ျပီး Windows 10 ေပၚကိုေတာ့ ေနာက္ထပ္ ရက္သတၱပတ္အနည္းငယ္ၾကာျပီးမွ ေရာက္လာမွာျဖစ္ပါတယ္။

ဒါေပမယ့္ Skype ေပၚက Video Call Recording ျပဳလုပ္ပုံဟာ သာမာန္ထက္ေတာ့ အနည္းငယ္ ကြဲျပားေနဦးမွာပါ။ ကြန္ပ်ဴတာ သို႔ မုိဘုိင္းေပၚမွာ (+) အေပါင္းလကၡဏာ Button ကုိႏွိပ္ျပီးေတာ့ Call Recording ကို Activate လုပ္ျပီးမွ ‘Start Recording’ ကို ေရြးခ်ယ္လိုက္တဲ့အခါ Recording ျပဳလုပ္မႈက ဆာဗာဘက္မွာ စတင္သြားမွာပါ။ ေခၚဆုိမႈျပီးဆုံးသြားတဲ့အခါ Recording ဖုိင္ရဲ႕ ေကာ္ပီက ေခၚဆုိမႈထဲမွာ ပါဝင္ခဲ့တဲ့ လူေတြရဲ႕ Chat ထဲမွာ ေပၚလာမွာျဖစ္ျပီး Download လုပ္ကာ သိမ္းဆည္းထားႏုိင္မွာပါ။

အဲဒီ Recording ဖိုင္ကေတာ့ မုိက္ကရုိေဆာ့ဖ္ရဲ႕ ဆာဗာေပၚမွာ ရက္ ၃၀ တိတိ ရွိေနျပီး ေက်ာ္လြန္သြားမွ ဖ်က္ပစ္လိုက္မွာပါ။ Skype App မွာ Recording ကို Share လုပ္လုိ႔ရတဲ့ Feature အသစ္လည္း ပါဝင္လာျပီး အျခားမီဒီယာေတြလုိပဲ လြယ္ကူစြာ အလုပ္လုပ္ပါတယ္။ Share လိုက္တာကို ျမင္ရတဲ့ သူေတြက Cloud ေပၚက ေကာ္ပီဖုိင္ကို Download ဆြဲျပီး သိမ္းဆည္းၾကည့္ရႈႏုိင္မွာျဖစ္တယ္။

Ref – https://www.gsmarena.com/skype_adds_video_call_recording_functionality_to_desktop_and_mobile_apps-news-33126.php

Unicode

ထွက်ရှိပြီး ဆယ်နှစ်ကျော်ကြာတဲ့အခါမှာတော့ Video Call ဝန်ဆောင်မှု Skype ဟာ သုံးစွဲသူတွေကို သူတို့ရဲ့ခေါ်ဆိုမှုများအား Record သိမ်းမှတ်ပြီး ပြန်လည်သိမ်းဆည်းထားခွင့် ပေးလိုက်ပါပြီ။ ဒီ Feature ဟာ ကွန်ပျူတာနဲ့ မိုဘိုင်းပလက်ဖောင်း အများစုအပေါ် ရောက်နေပြီဖြစ်ပြီး Windows 10 ပေါ်ကိုတော့ နောက်ထပ် ရက်သတ္တပတ်အနည်းငယ်ကြာပြီးမှ ရောက်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် Skype ပေါ်က Video Call Recording ပြုလုပ်ပုံဟာ သာမာန်ထက်တော့ အနည်းငယ် ကွဲပြားနေဦးမှာပါ။ ကွန်ပျူတာ သို့ မိုဘိုင်းပေါ်မှာ (+) အပေါင်းလက္ခဏာ Button ကိုနှိပ်ပြီးတော့ Call Recording ကို Activate လုပ်ပြီးမှ ‘Start Recording’ ကို ရွေးချယ်လိုက်တဲ့အခါ Recording ပြုလုပ်မှုက ဆာဗာဘက်မှာ စတင်သွားမှာပါ။ ခေါ်ဆိုမှုပြီးဆုံးသွားတဲ့အခါ Recording ဖိုင်ရဲ့ ကော်ပီက ခေါ်ဆိုမှုထဲမှာ ပါဝင်ခဲ့တဲ့ လူတွေရဲ့ Chat ထဲမှာ ပေါ်လာမှာဖြစ်ပြီး Download လုပ်ကာ သိမ်းဆည်းထားနိုင်မှာပါ။

အဲဒီ Recording ဖိုင်ကတော့ မိုက်ကရိုဆော့ဖ်ရဲ့ ဆာဗာပေါ်မှာ ရက် ၃၀ တိတိ ရှိနေပြီး ကျော်လွန်သွားမှ ဖျက်ပစ်လိုက်မှာပါ။ Skype App မှာ Recording ကို Share လုပ်လို့ရတဲ့ Feature အသစ်လည်း ပါဝင်လာပြီး အခြားမီဒီယာတွေလိုပဲ လွယ်ကူစွာ အလုပ်လုပ်ပါတယ်။ Share လိုက်တာကို မြင်ရတဲ့ သူတွေက Cloud ပေါ်က ကော်ပီဖိုင်ကို Download ဆွဲပြီး သိမ်းဆည်းကြည့်ရှုနိုင်မှာဖြစ်တယ်။