Projector လက်ပတ်

Projector လက်ပတ်က ကိုယ့်ရဲ့စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ကိုယ့်လက်ပေါ်မှာတင် စမတ်ဖုန်းရဲ့ စခရင်ကို တင်ထားလို့ရပါတယ်။

ကိုယ့်လက်ပေါ်မှာတင် သီချင်းဖွင့်တာ၊ တခြား စမတ်ဖုန်း လုပ်ဆောင်ချက်တွေကို လုပ်ဆောင်လို့ရပါတယ်။

Dictionary

စင်ကာပူ အမျိုးသား တက္ကသိုလ်က သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ Touch-Hear Dictionary ဖြစ်ပါတယ်။

နားထင်နားမှာ ကပ်ခွာလေးတစ်ခု ကပ်ရပြီး လက်မှာလည်း ကပ်ခွာလေးတစ်ခု ကပ်ရပါတယ်။

လက်မှာ ကပ်ထားတဲ့ ကပ်ခွာလေးက ကိုယ်မသိတဲ့ စာလုံးပေါင်းကို နှိပ်လိုက်ရင် စာလုံးပေါင်းရဲ့ အဓိပ္ပာယ်၊ အသုံးပြုပုံတွေကို နားထင်မှာကပ်ထားတဲ့ ကပ်ခွာလေးကနေ တစ်ဆင့် ပြောပြပေးမှာဖြစ်ပါတယ်။

အဲ့ဒီစက်လေးက တခြား သူတွေကိုလည်း အနှောင့်အယှက်ပေးမှာမဟုတ်ပါဘူး။ သူက အသံထွက်တာမဟုတ်ဘဲ အဲ့ဒီကပ်ခွာလေးကနေတစ်ဆင့် နားရဲ့ အကြားအာရုံကို တုန်ခါမှုနဲ့ ပြောပြလိုက်ပြီး နားက အသံတစ်ခုလို ပြန်ပြောင်းကြားနိုင်ပါတယ်။

ဖုန်းနဲ့ခေါ်လို့ရတဲ့ သော့ချိတ်

သော့တွေကို ဘယ်နားထားမှန်းမသိတော့တဲ့အခါမှာ ပြန်ရှာရတာခက်ပါတယ်။ ဒါပေမယ့် သော့ချိတ်တွေပျောက်နေရင် ဖုန်းနဲ့ခေါ်တာနဲ့ Alarm ထပ်မြည်မှာဖြစ်တာကြောင့် အလွယ်တကူ ရှာဖွေလို့ရပါတယ်။ အဲ့ဒီ သော့ချိတ်ကို ခွေးလေးတွေမှုာလည်း တပ်ထားလို့ရပါတယ်။

ကိုယ်ဝန်ဆောင်များအတွက် Pre Value ခါးပတ်

Pre Value ဆိုတဲ့ နည်းပညာ ပစ္စည်းအသစ်အဆန်းလေးက ဗိုက်မှာတပ်လိုက်ရင် အထဲမှာ နေထိုင်နေတဲ့ ကလေးပုံစံကို သင်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

တီဗီစခရင်လိုမျိုး ကလေးလေး ဘယ်လိုပုံစံ နေနေလဲဆိုတာကို သိနိုင်မှာပါ။

မမွေးခင်ကတည်းက သန္ဓေသားလေးတွေ ကြီးထားလာတဲ့ပုံစံ၊ အိပ်နေတဲ့ ပုံစံ၊ လှုပ်ရှားနေတဲ့ ပုံစံ နဲ့ အသံတွေကို တုံ့ပြန်တဲ့ ပုံစံတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။