[Zawgyi]

Memes ေတြ Trend ေတြရဲ႕ လႊမ္းမိုးမႈေနာက္ကို မလိုက္ရင္ ေခတ္ေနာက္က်မယ့္ေခတ္ကို ေရာက္ေနပံုပါပဲ။ “ဥ”တစ္လံုးက စလိုက္တဲ့ ကိစၥကလည္း စမတ္ဖုန္း Brand ေတာ္ေတာ္မ်ားမ်ား “ဥ” ျဖစ္သြားျပီး အခုခ်ိန္မွာ နာမည္ၾကီးေနတဲ့ Trend ကေတာ့ “10-Year Challenge” ပါ။

လြန္ခဲ့တဲ့ ၂၀၀၉ တုန္းက ဘယ္လိုပံုစံနဲ႔ရိွခဲ့လဲ? ၁၀ႏွစ္အၾကာ အခု ၂၀၁၉ မွာ ဘယ္လိုဆိုတာ ယွဥ္ျပတဲ့ Challenge ပါ။ ဖုန္းေတြလည္း တူတူပါပဲ။ နာမည္ၾကီး ကုမၸဏီၾကီးေတြရဲ႕ လြန္ခဲ့တဲ့ ၁၀ႏွစ္က ဖုန္းေတြနဲ႔ ဒီႏွစ္( ဒီႏွစ္ဆိုေပမယ့္ ၂၀၁၉ မွာထြက္မယ့္ Brand ၾကီးေတြမထြက္လာေသးေတာ့  ၂၀၁၈ ထိ) ေျပာင္းလဲလာခဲ့တဲ့ စမတ္ဖုန္းေတြရဲ႕ ပံုစံေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Samsung

ဒီႏွစ္ဆို Samsung ရဲ႕ Galaxy Brand လည္း ၁၀ႏွစ္ျပည့္ေတာ့မွာပါ။ ပထမဆံုး စတင္ခဲ့စဥ္က Samsung I7500 Galaxy ေလး ျဖစ္ခဲ့ျပီး Samsung Brand ရယ္လို႔ တျဖည္းျဖည္းၾကီးထြားလာခဲ့ျပီးတဲ့ေနာက္ ခုေနာက္ဆံုးထြက္ထားတဲ့ Galaxy Note 9 နဲ႔ ယွဥ္ၾကည့္တဲ့အခါ။

ေခတ္ေပၚဖုန္းေတြရဲ႕ ေျပာင္းလဲလာတဲ့ အရြယ္အစားကေတာ့ ထင္းခနဲ သတိျပဳမိစရာတစ္ခ်က္ျဖစ္လာပါတယ္။

Sony

၂၀၁၂ တုန္းက Sony ကေန Ericsson ရဲ႕ ရွယ္ယာေတြကို ဝယ္ျပီး ကုမၸဏီကို Join လိုက္ပါတယ္။ Sony ရဲ႕ Sony Ericsson Xperia X10 ေလးဟာဆိုရင္ 12MP နဲ႔ ကင္မရာေကာင္းေကာင္း ဖုန္းတစ္လံုးျဖစ္ခဲ့တဲ့အတြက္ ေတာ္ေတာ္လည္း နာမည္ၾကီးခဲ့ဖူးပါတယ္။

Sony ရဲ႕ ေလးေထာင့္ဆန္ဆန္ထိန္းသိမ္းလာခဲ့တဲ့ ဒီဇုိင္းကေတာ့ XZ1 က ေနာက္ဆံုးျဖစ္ပါလိမ့္မယ္။ XZ2 ေတြ XZ3 ေတြမွာေတာ့ ေနာက္ပိုင္းမွာ ေထာင့္ခပ္ဝုိင္းဝုိင္း Trend ေနာက္ လိုက္သြားတာေတာ့ Sony Fan ေတြအတြက္ စိတ္မေကာင္းစရာပါပဲ။

Apple

Apple ကေတာ့ အျမဲသူ႔ကိုယ္ပိုင္ဟန္နဲ႔သူပါပဲ။ iPhone 3GS ေတြတုန္းက 3:2 Screen ဒီဇုိင္း ျဖစ္ခဲ့ေပမယ့္ ေနာက္ဆံုးထြက္ထားတဲ့ XS Max လည္း ေရာက္လာတဲ့အခ်ိန္မွာ 19.5:9 Screen နဲ႔ ေထာင့္ခပ္ဝုိင္းဝုိင္းရယ္ Notch ေလးရယ္နဲ႔ ျဖစ္လာခဲ့ပါတယ္။

HTC

ျပန္လွန္ရရင္ HTC HD2 ေလးေတြလည္း အပါအဝင္ေပါ့။ သူ႔ခ်ိန္သူ႔ခါတုန္းကေတာ့ က်စ္က်စ္လ်စ္လ်စ္ကိုယ္ထည္နဲ႔ Screen ၾကီးၾကီး ဖုန္းေတြ ျဖစ္ခဲ့ျပီးေတာ့ ခုခ်ိန္မွာလည္း HTC U12+ ေတြက အေကာင္းေတြျဖစ္ေနဆဲေပမယ့္ ျပိဳင္ဆုိင္မႈျပင္းထန္တဲ့ ေစ်းကြက္မွာ တျဖည္းျဖည္းက်လာသလိုပါပဲ။

Motorola

Android ေလာကမွာေတာ့ Motorola ဆိုတာ အရင္ေခတ္ရဲ႕ ဇာတ္ေကာင္တစ္ခုျဖစ္ခဲ့ဖူးပါတယ္။ Motorola MILESTONE ဆိုရင္ ၂၀၀၉ ကတည္းကေန QWERTY Keyboard ကို ခုထိ စြဲစြဲျမဲျမဲတပ္ဆင္ထားဆဲပါပဲ။ Moto Z3 မွာလည္း အဲတုန္းကအခ်ိန္ကာလေတြဆီ ျပန္သြားခ်င္ရင္ MotoMod ေလးေတြနဲ႔ ျပန္ဖန္တီးလို႔ရႏိုင္ပါတယ္။

LG

LG Prada ကေတ့ာ ၂၀၀၉ ခုႏွစ္မွာ All-Touch ဒီဇုိင္း Screen နဲ႔ စထုတ္ခဲ့တာဆိုေတာ့ ၂၀၀၈ ခုႏွစ္ကိုျပန္သြားျပီး LG KM900 Arena နဲ႔ ယွဥ္လိုက္ရေအာင္။ သူ႔ရဲ႕ Dolby Mobile Sound က ေတာ္ေတာ္ေလးမိုက္တဲ့ အသံ Quality မ်ိဳးေပးႏုိင္ခဲ့ျပီး LG V40 ThinQ မွာေတာ့ ဟိုအရင္က 3D Cube အစား ပိုမိုက္တဲ့ UI ဒီဇုိငး္ေတြနဲ႔ ျဖစ္လာခဲ့ပါျပီ။

Huawei

အရင္က Huawei ဆိုတာ နာမည္သိပ္မရိွခဲ့ေပမယ့္ MWC 2009 မွာ သူ႔ရဲ႔ပထမဆံုး Android Huawei U8220 ကို မိတ္ဆက္ခဲ့ျပီး U8220 ရဲ႕ 3.15MP Camera ကေန အခုလို လိုက္မမီႏုိင္တဲ့ Huawei Mate 20 Pro Camera ျဖစ္လာမယ္လို႔ ဘယ္သူေတြကမ်ား ထင္ခဲ့မိမွာလဲ?

Nokia

၂၀၀၉ ခုႏွစ္ရဲ႕ Nokia N97 က QWERTY Keyboard နဲ႔ ျဖစ္ခဲ့ေပမယ့္ Nokia 8.1 Plus မွာေတာ့ All-Screen ဒီဇုိင္းဘက္ကို ေျပာင္းလဲလာခဲ့ပါျပီ။

 

BlackBerry

Nokia လို႔ပဲ အရင္တုန္းက Blackberry ကို RIM က ထုတ္ျပီး ခုခ်ိိန္မွာေတာ့ အားလံုးသိျပီးသားျဖစ္တဲ့ TCL ကေန  ထုတ္ထားတာပါ။ BlackBerry Bold 9700 ေလးနဲ႔ လက္ရိွ BlackBerry Key2 ေလးကို ယွဥ္ခ်လိုက္တဲ့အခါ Screen ေတြတျဖည္းျဖည္းရွည္လာတယ္ဆိုတဲ့အခ်က္ကေတာ့ အမွန္တရားျဖစ္လာခဲ့ပါတယ္။

ဒါက Brand တစ္ခ်ိဳ႕ပဲရိွပါေသးတယ္ Xiaomi , Oppo တို႔ကေတာ့ ၂၀၀၉ ေနာက္ပိုင္းမွ ေပၚလာခဲ့တာျဖစ္လို႔ ေရွ႕ထြက္စီနီယာေတြျဖစ္တဲ့ ဖုန္းေလးေတြပဲ ပါပါေသးတယ္။ ၁၀ႏွစ္တာကာလထိ ရပ္တည္ႏုိင္ခဲ့တဲ့ စမတ္ဖုနး္ေတြအေနနဲ႔  ေနာက္၁၀ႏွစ္ထိလည္း ပံုစံေျပာင္းလဲမႈ တစ္မ်ိဳးမ်ိဳးနဲ႔ ျမင္ခ်င္ပါေသးတယ္။

Source: GsmArena

[Unicode]

Memes တွေ Trend တွေရဲ့ လွှမ်းမိုးမှုနောက်ကို မလိုက်ရင် ခေတ်နောက်ကျမယ့်ခေတ်ကို ရောက်နေပုံပါပဲ။ “ဥ”တစ်လုံးက စလိုက်တဲ့ ကိစ္စကလည်း စမတ်ဖုန်း Brand တော်တော်များများ “ဥ” ဖြစ်သွားပြီး အခုချိန်မှာ နာမည်ကြီးနေတဲ့ Trend ကတော့ “10-Year Challenge” ပါ။

လွန်ခဲ့တဲ့ ၂၀၀၉ တုန်းက ဘယ်လိုပုံစံနဲ့ရှိခဲ့လဲ? ၁၀နှစ်အကြာ အခု ၂၀၁၉ မှာ ဘယ်လိုဆိုတာ ယှဉ်ပြတဲ့ Challenge ပါ။ ဖုန်းတွေလည်း တူတူပါပဲ။ နာမည်ကြီး ကုမ္ပဏီကြီးတွေရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က ဖုန်းတွေနဲ့ ဒီနှစ်( ဒီနှစ်ဆိုပေမယ့် ၂၀၁၉ မှာထွက်မယ့် Brand ကြီးတွေမထွက်လာသေးတော့  ၂၀၁၈ ထိ) ပြောင်းလဲလာခဲ့တဲ့ စမတ်ဖုန်းတွေရဲ့ ပုံစံတွေကို ဖော်ပြပေးချင်ပါတယ်။

Samsung

ဒီနှစ်ဆို Samsung ရဲ့ Galaxy Brand လည်း ၁၀နှစ်ပြည့်တော့မှာပါ။ ပထမဆုံး စတင်ခဲ့စဉ်က Samsung I7500 Galaxy လေး ဖြစ်ခဲ့ပြီး Samsung Brand ရယ်လို့ တဖြည်းဖြည်းကြီးထွားလာခဲ့ပြီးတဲ့နောက် ခုနောက်ဆုံးထွက်ထားတဲ့ Galaxy Note 9 နဲ့ ယှဉ်ကြည့်တဲ့အခါ။

ခေတ်ပေါ်ဖုန်းတွေရဲ့ ပြောင်းလဲလာတဲ့ အရွယ်အစားကတော့ ထင်းခနဲ သတိပြုမိစရာတစ်ချက်ဖြစ်လာပါတယ်။

Sony

၂၀၁၂ တုန်းက Sony ကနေ Ericsson ရဲ့ ရှယ်ယာတွေကို ဝယ်ပြီး ကုမ္ပဏီကို Join လိုက်ပါတယ်။ Sony ရဲ့ Sony Ericsson Xperia X10 လေးဟာဆိုရင် 12MP နဲ့ ကင်မရာကောင်းကောင်း ဖုန်းတစ်လုံးဖြစ်ခဲ့တဲ့အတွက် တော်တော်လည်း နာမည်ကြီးခဲ့ဖူးပါတယ်။

Sony ရဲ့ လေးထောင့်ဆန်ဆန်ထိန်းသိမ်းလာခဲ့တဲ့ ဒီဇိုင်းကတော့ XZ1 က နောက်ဆုံးဖြစ်ပါလိမ့်မယ်။ XZ2 တွေ XZ3 တွေမှာတော့ နောက်ပိုင်းမှာ ထောင့်ခပ်ဝိုင်းဝိုင်း Trend နောက် လိုက်သွားတာတော့ Sony Fan တွေအတွက် စိတ်မကောင်းစရာပါပဲ။

Apple

Apple ကတော့ အမြဲသူ့ကိုယ်ပိုင်ဟန်နဲ့သူပါပဲ။ iPhone 3GS တွေတုန်းက 3:2 Screen ဒီဇိုင်း ဖြစ်ခဲ့ပေမယ့် နောက်ဆုံးထွက်ထားတဲ့ XS Max လည်း ရောက်လာတဲ့အချိန်မှာ 19.5:9 Screen နဲ့ ထောင့်ခပ်ဝိုင်းဝိုင်းရယ် Notch လေးရယ်နဲ့ ဖြစ်လာခဲ့ပါတယ်။

HTC

ပြန်လှန်ရရင် HTC HD2 လေးတွေလည်း အပါအဝင်ပေါ့။ သူ့ချိန်သူ့ခါတုန်းကတော့ ကျစ်ကျစ်လျစ်လျစ်ကိုယ်ထည်နဲ့ Screen ကြီးကြီး ဖုန်းတွေ ဖြစ်ခဲ့ပြီးတော့ ခုချိန်မှာလည်း HTC U12+ တွေက အကောင်းတွေဖြစ်နေဆဲပေမယ့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်မှာ တဖြည်းဖြည်းကျလာသလိုပါပဲ။

Motorola

Android လောကမှာတော့ Motorola ဆိုတာ အရင်ခေတ်ရဲ့ ဇာတ်ကောင်တစ်ခုဖြစ်ခဲ့ဖူးပါတယ်။ Motorola MILESTONE ဆိုရင် ၂၀၀၉ ကတည်းကနေ QWERTY Keyboard ကို ခုထိ စွဲစွဲမြဲမြဲတပ်ဆင်ထားဆဲပါပဲ။ Moto Z3 မှာလည်း အဲတုန်းကအချိန်ကာလတွေဆီ ပြန်သွားချင်ရင် MotoMod လေးတွေနဲ့ ပြန်ဖန်တီးလို့ရနိုင်ပါတယ်။

LG

LG Prada ကတေ့ာ ၂၀၀၉ ခုနှစ်မှာ All-Touch ဒီဇိုင်း Screen နဲ့ စထုတ်ခဲ့တာဆိုတော့ ၂၀၀၈ ခုနှစ်ကိုပြန်သွားပြီး LG KM900 Arena နဲ့ ယှဉ်လိုက်ရအောင်။ သူ့ရဲ့ Dolby Mobile Sound က တော်တော်လေးမိုက်တဲ့ အသံ Quality မျိုးပေးနိုင်ခဲ့ပြီး LG V40 ThinQ မှာတော့ ဟိုအရင်က 3D Cube အစား ပိုမိုက်တဲ့ UI ဒီဇိုင်းတွေနဲ့ ဖြစ်လာခဲ့ပါပြီ။

Huawei

အရင်က Huawei ဆိုတာ နာမည်သိပ်မရှိခဲ့ပေမယ့် MWC 2009 မှာ သူ့ရဲ့ပထမဆုံး Android Huawei U8220 ကို မိတ်ဆက်ခဲ့ပြီး U8220 ရဲ့ 3.15MP Camera ကနေ အခုလို လိုက်မမီနိုင်တဲ့ Huawei Mate 20 Pro Camera ဖြစ်လာမယ်လို့ ဘယ်သူတွေကများ ထင်ခဲ့မိမှာလဲ?

 

Nokia

၂၀၀၉ ခုနှစ်ရဲ့ Nokia N97 က QWERTY Keyboard နဲ့ ဖြစ်ခဲ့ပေမယ့် Nokia 8.1 Plus မှာတော့ All-Screen ဒီဇိုင်းဘက်ကို ပြောင်းလဲလာခဲ့ပါပြီ။

 

BlackBerry

Nokia လို့ပဲ အရင်တုန်းက Blackberry ကို RIM က ထုတ်ပြီး ခုချိန်မှာတော့ အားလုံးသိပြီးသားဖြစ်တဲ့ TCL ကနေ  ထုတ်ထားတာပါ။ BlackBerry Bold 9700 လေးနဲ့ လက်ရှိ BlackBerry Key2 လေးကို ယှဉ်ချလိုက်တဲ့အခါ Screen တွေတဖြည်းဖြည်းရှည်လာတယ်ဆိုတဲ့အချက်ကတော့ အမှန်တရားဖြစ်လာခဲ့ပါတယ်။

ဒါက Brand တစ်ချို့ပဲရှိပါသေးတယ် Xiaomi , Oppo တို့ကတော့ ၂၀၀၉ နောက်ပိုင်းမှ ပေါ်လာခဲ့တာဖြစ်လို့ ရှေ့ထွက်စီနီယာတွေဖြစ်တဲ့ ဖုန်းလေးတွေပဲ ပါပါသေးတယ်။ ၁၀နှစ်တာကာလထိ ရပ်တည်နိုင်ခဲ့တဲ့ စမတ်ဖုန်းတွေအနေနဲ့  နောက်၁၀နှစ်ထိလည်း ပုံစံပြောင်းလဲမှု တစ်မျိုးမျိုးနဲ့ မြင်ချင်ပါသေးတယ်။

Source: GsmArena