[Zawgyi]

TikTok က တ႐ုတ္ႏိုင္ငံမွာ အစျပဳခဲ့ၿပီး ကမာၻအႏွံ႔အျပားကို ထိုးေဖာက္ေအာင္ျမင္ခဲ့တာပါ။ လူမႈကြန္ရက္ အသုံးျပဳၾကတဲ့ လူငယ္ေတြၾကားမွာ ျမဴးႂကြတဲ့ ေနာက္ခံဂီတစည္းခ်က္နဲ႔ ၁၅စကၠန႔္စာ ဗီဒီယိုအတိုေလးေတြလုပ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ မွ်ေဝၾကရတာ အေတာ္ေလးကို ေပ်ာ္စရာေကာင္းတဲ့ ကိစၥပါပဲ။

Snapchat ကလည္း အသုံးျပဳသူေတြအတြက္ TikTok နဲ႔ဆင္တူတဲ့ Lens Challenges Feature ကို ထုတ္လႊတ္ေပးခဲ့ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ TikTok ကို ယွဥ္ၿပိဳင္ဖို႔နဲ႔ သူ႔ရဲ႕ ရွိၿပီးသား ပရိသတ္ေတြ ေလ်ာ့ပါးမသြားေအာင္ ျဖစ္ပါလိမ့္မယ္။

Snapchat App သုံးတဲ့သူေတြအတြက္ေတာ့ ဒီ Lens Challenges Feature က စိတ္ဝင္စားဖို႔ေကာင္းမွာ ျဖစ္ပါတယ္။ သူက Standalone app တစ္ခုမဟုတ္ဘဲ Snapchat App ရဲ႕ Camera Setting ထဲမွာပဲဆိုေတာ့ အသုံးျပဳရတာ ပိုၿပီးလြယ္ကူမယ္လို႔ ေျပာရမွာပါ။

Lens Challenges ဟာ Camera Shutter ေဘးက Emoji Icon ထဲမွာ ျဖစ္ပါတယ္။ အဲဒီ Emoji Icon ကိုႏွိပ္လိုက္ရင္ေတာ့ Challenge ေတြကို ရွာေဖြႏိုင္မွာပါ။ အခုေလာေလာဆယ္ေတာ့ ခရစၥမတ္အခ်ိန္ကာလနဲ႔ ကိုက္ညီတဲ့ Jingle Bells Challenge ကိုလုပ္ထားတာ ေတြ႕ရပါတယ္။

Snapchat က TikTok ကို ယွဥ္ၿပိဳင္ဖို႔ ျပဳလုပ္ခဲ့တဲ့ ပထမဆုံး App ေတာ့ မဟုတ္ပါဘူး။ Facebook ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလဆန္းကတည္းက Lasso အမည္နဲ႔ Standalone App တစ္ခုကို ထုတ္လႊတ္ခဲ့ၿပီးျဖစ္ပါတယ္။

Ref: 9To5Mac

 

[Unicode]

TikTok က တရုတ်နိုင်ငံမှာ အစပြုခဲ့ပြီး ကမ္ဘာအနှံ့အပြားကို ထိုးဖောက်အောင်မြင်ခဲ့တာပါ။ လူမှုကွန်ရက် အသုံးပြုကြတဲ့ လူငယ်တွေကြားမှာ မြူးကြွတဲ့ နောက်ခံဂီတစည်းချက်နဲ့ ၁၅စက္ကန့်စာ ဗီဒီယိုအတိုလေးတွေလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် မျှဝေကြရတာ အတော်လေးကို ပျော်စရာကောင်းတဲ့ ကိစ္စပါပဲ။

Snapchat ကလည်း အသုံးပြုသူတွေအတွက် TikTok နဲ့ဆင်တူတဲ့ Lens Challenges Feature ကို ထုတ်လွှတ်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ TikTok ကို ယှဉ်ပြိုင်ဖို့နဲ့ သူ့ရဲ့ ရှိပြီးသား ပရိသတ်တွေ လျော့ပါးမသွားအောင် ဖြစ်ပါလိမ့်မယ်။

Snapchat App သုံးတဲ့သူတွေအတွက်တော့ ဒီ Lens Challenges Feature က စိတ်ဝင်စားဖို့ကောင်းမှာ ဖြစ်ပါတယ်။ သူက Standalone app တစ်ခုမဟုတ်ဘဲ Snapchat App ရဲ့ Camera Setting ထဲမှာပဲဆိုတော့ အသုံးပြုရတာ ပိုပြီးလွယ်ကူမယ်လို့ ပြောရမှာပါ။

Lens Challenges ဟာ Camera Shutter ဘေးက Emoji Icon ထဲမှာ ဖြစ်ပါတယ်။ အဲဒီ Emoji Icon ကိုနှိပ်လိုက်ရင်တော့ Challenge တွေကို ရှာဖွေနိုင်မှာပါ။ အခုလောလောဆယ်တော့ ခရစ္စမတ်အချိန်ကာလနဲ့ ကိုက်ညီတဲ့ Jingle Bells Challenge ကိုလုပ်ထားတာ တွေ့ရပါတယ်။

Snapchat က TikTok ကို ယှဉ်ပြိုင်ဖို့ ပြုလုပ်ခဲ့တဲ့ ပထမဆုံး App တော့ မဟုတ်ပါဘူး။ Facebook ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းက Lasso အမည်နဲ့ Standalone app တစ်ခုကို ထုတ်လွှတ်ခဲ့ပြီးဖြစ်ပါတယ်။

Ref: 9To5Mac