[Zawgyi]









Source: GsmArena

[Unicode]

လက်ရှိ Mid Range Chipset လောကမှာ ဆရာတစ်ပါးဖြစ်နေတဲ့ Snapdragon 710 လည်း အချိန်တွေပြောင်းလာတာနဲ့ တဖြည်းဖြည်း နောက်ဆုတ်လာရတော့မယ်ထင်ပါတယ်။ အသစ်အသစ်တွေနဲ့ နေ့စဉ်တိုးတက်နေတဲ့ နည်းပညာခေတ်ထဲမှာ 10nm Snapdragon 710 ထက်ကို AnTuTu Benchmark အမှတ်မှာ ပိုသာတဲ့ Chipset ထွက်လာခဲ့ပြီ ထင်ပါတယ်။

ဖုန်းရဲ့ အမျိုးအမည်ကိုတော့ မသိရပေမယ့် AnTuTu Benchmark မှာ 10nm Snapdragon 710 (Oppo RX17 Pro) တုန်းက ရခဲ့တဲ့ 155K ဆိုတဲ့ ရမှတ်ကို သာလွန်ပြီး 174K  ထိရှိတဲ့ အမှတ်ကို 11nm Snapdragon 675 Chipset က ရနိုင်ခဲ့ပါပြီ။

Snapdragon 675 Chipset အသစ်ထက် ပိုစိတ်ဝင်စားဖို့ကောင်းတာက သူ့ကိုသုံးမယ့် ဖုန်းတွေပါ။ လက်ရှိအချိန်ထိ Snapdragon 675 ကိုသုံးမယ်လို့ ကြေညာထားတာက Motorola ရဲ့ Moto P40 နဲ့ Hisense U30 တွေဖြစ်ပြီးတော့ ခုရလာတဲ့ ရမှတ်ကလည်း Hisense ရဲ့ U30 ဖြစ်ဖို့ များပါတယ်။

Hisense U30 က Geekbench မှာလည်း Android 9 Pie, RAM 6GB နဲ့ ရမှတ်ထွက်ခဲ့ပြီး Single-Core 2.2K မှတ် Multi-Core 5.8K မှတ်ရထားပြီး OPPO Rx17 Pro နဲ့လည်း သိပ်မကွာတဲ့အမှတ်ကို ရထားသူပါ။

Snapdragon 710 နဲ့ယှဉ်လိုက်ရင် Snapdragon 675 မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေ ရှိနေပါတယ်။ 2.0GHz Kryo 460 (Cortex A76)[2 Cores]+ 1.7GHz Kryo 460 (Cortex-A55)[6 Cores] ကို 11nm Process ပေါ် အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Snapdragon  670 မှာတုန်းက 2.0GHz Kryo 360(Cortex-A75)[2 Cores]+1.7GHz Kryo 360(Cortex-A55)[6 Cores] ကို 10nm Process ပေါ်မှာ အခြေခံပြီး ဖန်တီးထားတာပါ။

ဂဏန်းတွေက မျက်စိရှုပ်စရာပေမယ့် Clock Speed နှုန်းတွေကလည်း စဉ်းစားရမယ့်အဓိကအချက်ထဲ ပါနေတော့ Snapdragon 710 ဟာဆိုရင်လည်း  2.2GHz Kryo 360(Cortex-A75)[2 Cores]+1.7GHz Kryo 360(Cortex-A55)[6 Cores] ကို သုံးထားတဲ့ 10nm Chipset ဖြစ်ကြောင်း ပြောရမှာပါပဲ။

သုံးထားတဲ့ Chipset တွေရဲ့ Clock Speed အမြန်နှုန်းတွေအရရော Benchmark အမှတ်တွေအရရော လက်ရှိအချိန်မှာ Mid-Range ထဲမှာ ဘုရင်ဖြစ်နေတဲ့ Snapdragon 710 ကို Snapdragon 675 က တကယ်ရော ကျော်နိုင်ပါ့မလား?

Source: GsmArena