[Zawgyi]

Qualcomm ဟာ အသစ္ထပ္မံထုတ္လုပ္လိုက္တဲ့ Chipset တစ္ခုအေၾကာင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ဒီ Chipset ကေတာ့ Snapdragon 712 လို႔ သိရပါတယ္။ Snapdragon 712 ဟာ 10 nm process ေပၚမွာ အေျခခံၿပီး တည္ေဆာက္ထားတာျဖစ္ပါတယ္။

ေျပာရမယ္ဆိုရင္ေတာ့ ဒီ Snapdragon 712 ဟာ ေရပန္းစားခဲ့တဲ့ Snapdragon 710 ကိုပဲ နည္းနည္း အဆင့္ျမႇင့္တင္ၿပီးထုတ္လိုက္တဲ့သေဘာပါ။ သူ႔မွာ ပိုျမန္တဲ့ Octa-core processor ပါဝင္လို႔ ဂိမ္းကစားျခင္းအတြက္ ပိုၿပီးေတာ့ စြမ္းအင္ျပည့္အလုပ္လုပ္ေပးႏိုင္မယ္၊ စြမ္းေဆာင္ရည္ကို ပိုေကာင္းေစမယ္လို႔ေတာ့ Samsung က ေျပာပါတယ္။

ဒါေပမယ့္ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ Snapdragon 712 ဟာ Snapdragon 710 နဲ႔ သိပ္ၿပီးေတာ့ ထူးထူးျခားျခား မကြာသြားဘူးလို႔ပဲ ဆိုရမွာပါ။ စာ႐ြက္ေပၚက အခ်က္အလက္ေတြကို ႏႈိင္းယွဥ္မယ္ဆိုရင္ Snapdragon 710 က 2.2GHz ျဖစ္ေပမယ့္ Snapdragon 712 ကေတာ့ 2.3GHz ျဖစ္တာကို ေတြ႕ရပါမယ္။ ၿပီးေတာ့ Quick Charge 4 အစား Quick Charge 4+ ျဖစ္သြားပါတယ္။

Qualcomm ကေတာ့ စြမ္းေဆာင္ရည္ကို ၁၀% ပိုေကာင္းလာေစတယ္လို႔ ေျပာထားပါတယ္။ ဒါေပမယ့္ ဘယ္လိုပဲၾကည့္ၾကည့္ အခ်က္အလက္ခ်င္းက မတိမ္းမယိမ္းဆိုေတာ့ ယုံရခက္ေနမွာပါ။ ဒီလိုမ်ိဳး အခ်က္အလက္ခ်င္း မတိမ္းမယိမ္းျဖစ္ေနတဲ့ Snapdragon 712 ရဲ႕ လက္ေတြ႕စြမ္းေဆာင္ရည္က Benchmark ေပၚမွာ ဘယ္လိုထြက္ေပၚလာမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔ေတာ့ ေကာင္းေနပါၿပီ။

Ref: GSMArena

[Unicode]

Quick Charge 4+ နဲ့ Snapdragon 712 ထွက်ပေါ်လာ

Qualcomm ဟာ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Chipset တစ်ခုအကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီ Chipset ကတော့ Snapdragon 712 လို့ သိရပါတယ်။ Snapdragon 712 ဟာ 10 nm process ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။

ပြောရမယ်ဆိုရင်တော့ ဒီ Snapdragon 712 ဟာ ရေပန်းစားခဲ့တဲ့ Snapdragon 710 ကိုပဲ နည်းနည်း အဆင့်မြှင့်တင်ပြီးထုတ်လိုက်တဲ့သဘောပါ။ သူ့မှာ ပိုမြန်တဲ့ Octa-core processor ပါဝင်လို့ ဂိမ်းကစားခြင်းအတွက် ပိုပြီးတော့ စွမ်းအင်ပြည့်အလုပ်လုပ်ပေးနိုင်မယ်၊ စွမ်းဆောင်ရည်ကို ပိုကောင်းစေမယ်လို့တော့ Samsung က ပြောပါတယ်။

ဒါပေမယ့် ယှဉ်ကြည့်မယ်ဆိုရင်တော့ Snapdragon 712 ဟာ Snapdragon 710 နဲ့ သိပ်ပြီးတော့ ထူးထူးခြားခြား မကွာသွားဘူးလို့ပဲ ဆိုရမှာပါ။ စာရွက်ပေါ်က အချက်အလက်တွေကို နှိုင်းယှဉ်မယ်ဆိုရင် Snapdragon 710 က 2.2GHz ဖြစ်ပေမယ့် Snapdragon 712 ကတော့ 2.3GHz ဖြစ်တာကို တွေ့ရပါမယ်။ ပြီးတော့ Quick Charge 4 အစား Quick Charge 4+ ဖြစ်သွားပါတယ်။

Qualcomm ကတော့ စွမ်းဆောင်ရည်ကို ၁၀% ပိုကောင်းလာစေတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် အချက်အလက်ချင်းက မတိမ်းမယိမ်းဆိုတော့ ယုံရခက်နေမှာပါ။ ဒီလိုမျိုး အချက်အလက်ချင်း မတိမ်းမယိမ်းဖြစ်နေတဲ့ Snapdragon 712 ရဲ့ လက်တွေ့စွမ်းဆောင်ရည်က Benchmark ပေါ်မှာ ဘယ်လိုထွက်ပေါ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့တော့ ကောင်းနေပါပြီ။

Ref: GSMArena