[Zawgyi]

Processor ဆိုတာကလည္း စမတ္ဖုန္းတစ္လုံးရဲ႕ စြမ္းေဆာင္ရည္အတြက္ အေရးပါတဲ့ေနရာမွာ ရွိပါတယ္။ လက္ရွိအခ်ိန္မွာ စြမ္းေဆာင္ရည္အေကာင္းဆုံး၊ အျမန္ဆုံး Processor ေတြအျဖစ္ ရပ္တည္ေနတာက Apple က သုံးေနတဲ့ A12 Bionic နဲ႔ Kirin 980 တို႔ပဲ ျဖစ္ပါတယ္။ အခုေတာ့ Snapdragon 8150 က အားလုံးထက္ ပိုျမန္တဲ့ Processor ျဖစ္ သတ္မွတ္ခံလိုက္ရပါၿပီ။

Snapdragon 8150 က Launch မလုပ္ေသးပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ ျမန္ႏႈန္းကို AnTuTu ကေနတစ္ဆင့္ သိေနရပါၿပီ။ AnTuTu ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ Snapdragon 8150 ရဲ႕ ရမွတ္က (362,292) ျဖစ္ပါတယ္။ ဒါေၾကာင့္ Kirin 980 ရဲ႕ ရမွတ္ (273,913) ထက္ 88,379 မွတ္ ပိုမ်ားသလို၊ A12 Bionic ရဲ႕ ရမွတ္ (353,210) ထက္လည္း 9,082 မွတ္ ပိုမ်ားေနပါတယ္။

AnTuTu ရဲ႕ Score Sheet မွာ Core configuration နဲ႔ Clock speed တို႔ရဲ႕ အခ်က္အလက္ေတြလည္း ေတြ႕ခဲ့ရပါေသးတယ္။ ေပါက္ၾကားခဲ့တဲ့ သတင္းအခ်က္အလက္အရ Snapdragon 8150 ဟာ ပုံမွန္မဟုတ္တဲ့ တည္ေဆာက္မႈအျဖစ္ Core configuration 1+3+4 (High-performance core တစ္လုံး၊ Medium cores သုံးလုံးနဲ႔ Energy-efficient low-performance cores ေလးလုံး) စတာေတြနဲ႔ တည္ေဆာက္ထားတယ္လို႔ သိရပါတယ္။

CPU ရဲ႕ high-performance Cortex-A76 core ဟာ 2.84 GHz ျမန္ႏႈန္းရွိၿပီး Medium cores သုံးလုံးက 2.4 GHz ရွိပါတယ္။ က်န္တဲ့ Cortex-A55 cores ေလးလုံးက 1.78 GHz ျမန္ႏႈန္း ရွိပါတယ္။ ဒီလိုမ်ိဳး အမ်ိဳးအစားမတူတဲ့ Core ေတြကို အတူတကြ စုစည္းၿပီး တည္ေဆာက္ဖို႔အတြက္ ARM ရဲ႕ DynamiQ architecture အတိုင္း လုပ္ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။ GPU ရဲ႕ ရမွတ္ကေတာ့ (156,328) ျဖစ္ပါတယ္။ ဒီရမွတ္ဟာ Snapdragon 845 ရဲ႕ Andreno 630 ထက္ ၂၀% ပိုျမန္ပါတယ္။

Ref: GSMarena

 

[Unicode]

Processor ဆိုတာကလည်း စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်အတွက် အရေးပါတဲ့နေရာမှာ ရှိပါတယ်။ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံး၊ အမြန်ဆုံး Processor တွေအဖြစ် ရပ်တည်နေတာက Apple က သုံးနေတဲ့ A12 Bionic နဲ့ Kirin 980 တို့ပဲ ဖြစ်ပါတယ်။ အခုတော့ Snapdragon 8150 က အားလုံးထက် ပိုမြန်တဲ့ Processor ဖြစ် သတ်မှတ်ခံလိုက်ရပါပြီ။

Snapdragon 8150 က Launch မလုပ်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ မြန်နှုန်းကို AnTuTu ကနေတစ်ဆင့် သိနေရပါပြီ။ AnTuTu ရဲ့ ထုတ်ပြန်ကြေညာချက်အရ Snapdragon 8150 ရဲ့ ရမှတ်က (362,292) ဖြစ်ပါတယ်။ ဒါကြောင့် Kirin 980 ရဲ့ ရမှတ် (273,913) ထက် 88,379 မှတ် ပိုများသလို၊ A12 Bionic ရဲ့ ရမှတ် (353,210) ထက်လည်း 9,082 မှတ် ပိုများနေပါတယ်။

AnTuTu ရဲ့ Score Sheet မှာ Core configuration နဲ့ Clock speed တို့ရဲ့ အချက်အလက်တွေလည်း တွေ့ခဲ့ရပါသေးတယ်။ ပေါက်ကြားခဲ့တဲ့ သတင်းအချက်အလက်အရ Snapdragon 8150 ဟာ ပုံမှန်မဟုတ်တဲ့ တည်ဆောက်မှုအဖြစ် Core configuration 1+3+4 (High-performance core တစ်လုံး၊ Medium cores သုံးလုံးနဲ့ Energy-efficient low-performance cores လေးလုံး) စတာတွေနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။

CPU ရဲ့ high-performance Cortex-A76 core ဟာ 2.84 GHz မြန်နှုန်းရှိပြီး Medium cores သုံးလုံးက 2.4 GHz ရှိပါတယ်။ ကျန်တဲ့ Cortex-A55 cores လေးလုံးက 1.78 GHz မြန်နှုန်း ရှိပါတယ်။ ဒီလိုမျိုး အမျိုးအစားမတူတဲ့ Core တွေကို အတူတကွ စုစည်းပြီး တည်ဆောက်ဖို့အတွက် ARM ရဲ့ DynamiQ architecture အတိုင်း လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ GPU ရဲ့ ရမှတ်ကတော့ (156,328) ဖြစ်ပါတယ်။ ဒီရမှတ်ဟာ Snapdragon 845 ရဲ့ Andreno 630 ထက် ၂၀% ပိုမြန်ပါတယ်။

Ref: GSMarena