[Zawgyi]

Qualcomm ဟာ ဟာဝိုင္ယီမွာ က်င္းပျပဳလုပ္မယ့္ ႏွစ္ပါတ္လည္ထိပ္သီးအစည္းအေဝးအတြက္ ဖိတ္စာေတြကို ေဝငွေနၿပီျဖစ္ပါတယ္။ ႀကိဳဆိုညစာစားပြဲက ဒီဇင္ဘာလ ၃ ရက္ေန႔မွာ ျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။ ဒါေပမယ့္ ေၾကညာခ်က္ေတြကိုေတာ့ ေနာက္တစ္ရက္ ဒီဇင္ဘာ ၄ ရက္ေန႔မွာမွ ထုတ္ျပန္ေၾကညာမွာ ျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ဆိုရင္ေတာ့ ဆန္ဒီေယဂို ကုမၸဏီက သူ႔ရဲ႕ Flagship Snapdragon ထုတ္ကုန္ကို ပထမေန႔မွာပဲ ေၾကညာေလ့ရွိပါတယ္။ ဒုတိယေန႔မွာဆိုရင္ေတာ့ Specs Sheet နဲ႔ အျပည့္အစုံကို ထုတ္ျပန္ေလ့ရွိတာပါ။ ဒီႏွစ္လည္း အရင္ႏွစ္ေတြကအတိုင္း အစီအစဥ္အေျပာင္းအလဲမရွိဘူးလို႔ ေမွ်ာ္လင့္ရပါတယ္။

Qualcomm ကေတာ့ ဖိတ္စာကတ္ကို ႐ိုး႐ိုးမေပးဘဲ Xiaomi VR headset နဲ႔ တြဲေပးတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Maui မွာ ျပဳလုပ္မယ့္ အစီအစဥ္အေသးစိတ္လည္း ပါဝင္ၿပီး အဲဒီမွွာ ျပဳလုပ္မယ့္ အခမ္းအနားေတြဟာ ဒီဇင္ဘာ ၇ ရက္ေန႔က်မွ ႏႈတ္ဆက္ပါတီနဲ႔အတူ အဆုံးသတ္မယ္လို႔ သိရပါတယ္။

ဒီ အခမ္းအနားမွာ Qualcomm ကမိတ္ဆက္မယ့္ Snapdragon 8150 အေၾကာင္းတင္မကဘဲ သူနဲ႔ တြဲဖက္သုံးစြဲမယ့္ Device ေတြအေၾကာင္းကိုလည္း သိရွိရဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Chip အသစ္အေနနဲ႔ 5G mobile experience အေၾကာင္းလည္း ရွင္းလင္း ေျပာဆိုဖြယ္ ရွိပါတယ္။

Snapdragon 8150 ဟာ ပုံမွန္မဟုတ္တဲ့ တည္ေဆာက္မႈအျဖစ္ Core configuration 1+3+4 (High-performance core တစ္လုံး၊ Medium cores သုံးလုံးနဲ႔ Energy-efficient low-performance cores ေလးလုံး) စတာေတြနဲ႔ တည္ေဆာက္ထားတယ္လို႔ သတင္းေတြ ထြက္ေပၚထားပါတယ္။ CPU ရဲ႕ high-performance Cortex-A76 core က 2.84 GHz ျမန္ႏႈန္းရွိၿပီး Medium cores သုံးလုံးက 2.4 GHz ရွိပါတယ္။ က်န္တဲ့ Cortex-A55 cores ေလးလုံးက 1.78 GHz ျမန္ႏႈန္း ရွိပါတယ္။ GPU ကလည္း Snapdragon 845 ရဲ႕ Andreno 630 ထက္ ၂၀% ပိုျမန္လာတယ္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

Qualcomm ဟာ ဟာဝိုင်ယီမှာ ကျင်းပပြုလုပ်မယ့် နှစ်ပါတ်လည်ထိပ်သီးအစည်းအဝေးအတွက် ဖိတ်စာတွေကို ဝေငှနေပြီဖြစ်ပါတယ်။ ကြိုဆိုညစာစားပွဲက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကြေညာချက်တွေကိုတော့ နောက်တစ်ရက် ဒီဇင်ဘာ ၄ ရက်နေ့မှာမှ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ ဆန်ဒီယေဂို ကုမ္ပဏီက သူ့ရဲ့ Flagship Snapdragon ထုတ်ကုန်ကို ပထမနေ့မှာပဲ ကြေညာလေ့ရှိပါတယ်။ ဒုတိယနေ့မှာဆိုရင်တော့ Specs Sheet နဲ့ အပြည့်အစုံကို ထုတ်ပြန်လေ့ရှိတာပါ။ ဒီနှစ်လည်း အရင်နှစ်တွေကအတိုင်း အစီအစဉ်အပြောင်းအလဲမရှိဘူးလို့ မျှော်လင့်ရပါတယ်။

Qualcomm ကတော့ ဖိတ်စာကတ်ကို ရိုးရိုးမပေးဘဲ Xiaomi VR headset နဲ့ တွဲပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် Maui မှာ ပြုလုပ်မယ့် အစီအစဉ်အသေးစိတ်လည်း ပါဝင်ပြီး အဲဒီမှာ ပြုလုပ်မယ့် အခမ်းအနားတွေဟာ ဒီဇင်ဘာ ၇ ရက်နေ့ကျမှ နှုတ်ဆက်ပါတီနဲ့အတူ အဆုံးသတ်မယ်လို့ သိရပါတယ်။

ဒီ အခမ်းအနားမှာ Qualcomm ကမိတ်ဆက်မယ့် Snapdragon 8150 အကြောင်းတင်မကဘဲ သူနဲ့ တွဲဖက်သုံးစွဲမယ့် Device တွေအကြောင်းကိုလည်း သိရှိရဦးမယ်လို့ မျှော်လင့်ရပါတယ်။ Chip အသစ်အနေနဲ့ 5G mobile experience အကြောင်းလည်း ရှင်းလင်း ပြောဆိုဖွယ် ရှိပါတယ်။

Snapdragon 8150 ဟာ ပုံမှန်မဟုတ်တဲ့ တည်ဆောက်မှုအဖြစ် Core configuration 1+3+4 (High-performance core တစ်လုံး၊ Medium cores သုံးလုံးနဲ့ Energy-efficient low-performance cores လေးလုံး) စတာတွေနဲ့ တည်ဆောက်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ CPU ရဲ့ high-performance Cortex-A76 core က 2.84 GHz မြန်နှုန်းရှိပြီး Medium cores သုံးလုံးက 2.4 GHz ရှိပါတယ်။ ကျန်တဲ့ Cortex-A55 cores လေးလုံးက 1.78 GHz မြန်နှုန်း ရှိပါတယ်။ GPU ကလည်း Snapdragon 845 ရဲ့ Andreno 630 ထက် ၂၀% ပိုမြန်လာတယ်လို့ သိရပါတယ်။

Ref: GSMarena