[Zawgyi]

Lenovo Z5S ကို တရားဝင္ မိတ္ဆက္ခဲ့တဲ့ အခ်ိန္တုန္းက Z5 Pro GT အေၾကာင္းကိုပါ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ Lenovo Z5 Pro GT ဟာ လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလတုန္းက မိတ္ဆက္ခဲ့တဲ့ Lenovo Z5 Pro ရဲ႕ မ်ိဴးႏြယ္ခြဲ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါ့အျပင္ Snapdragon 855 SoC ကို အသုံးျပဳထားတဲ့ ပထမဦးဆုံး စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

Lenovo ရဲ႕ Vice President ျဖစ္သူ Chang Cheng က Z5 Pro GT ကို တ႐ုတ္ႏိုင္ငံမွာ ႀကိဳတင္ဝယ္ယူႏိုင္ၿပီ ျဖစ္ေၾကာင္း Weibo မွာ မေန႔က ေျပာၾကားခဲ့ပါတယ္။ Lenovo Z5 Pro GT ရဲ႕ RAM 6GB / Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၂၆၉၈ ယြမ္ (ျမန္မာေငြ ၆သိန္း ဝန္းက်င္) နဲ႔ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ Lenovo Z5 Pro GT ဟာ Qualcomm ရဲ႕ ေနာက္ဆုံးထြက္ SoC ျဖစ္တဲ့ Snapdragon 855 ကို အသုံးျပဳထားတာျဖစ္ၿပီး ေစ်းႏႈန္းကလည္း သင့္တင့္တဲ့ အေနအထားမွာ ရွိပါတယ္။

Display အပိုင္းအတြက္ Samsung ရဲ႕ AMOLED Display ကို အသုံးျပဳထားတာျဖစ္ၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါတယ္။ Slider ဖုန္းအမ်ိဴးအစားျဖစ္တဲ့အတြက္ Screen-to-body ratio က 95.06% အထိ ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ In-display Fingerprint Sensor လည္း ပါဝင္ဦးမွာပါ။ Slider ထဲမွာ 24MP+16MP Camera ေတြကို ေက်ာဘက္ကင္မရာအတြက္ ထည့္သြင္းတပ္ဆင္ေပးထားၿပီး Front Facing Camera အတြက္ကိုေတာ့ 16MP+8MP Camera ေတြကို ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3350mAh ပါဝင္ၿပီး အျမန္အားသြင္းစနစ္လည္း ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 855 SoC အသုံးပြု စမတ်ဖုန်းကို ၆သိန်း ဝန်းကျင်နဲ့ ရောင်းချလိုက်တဲ့ Lenovo

Lenovo Z5S ကို တရားဝင် မိတ်ဆက်ခဲ့တဲ့ အချိန်တုန်းက Z5 Pro GT အကြောင်းကိုပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Lenovo Z5 Pro GT ဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် နိုဝင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Lenovo Z5 Pro ရဲ့ မျိူးနွယ်ခွဲ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် Snapdragon 855 SoC ကို အသုံးပြုထားတဲ့ ပထမဦးဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Lenovo ရဲ့ Vice President ဖြစ်သူ Chang Cheng က Z5 Pro GT ကို တရုတ်နိုင်ငံမှာ ကြိုတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း Weibo မှာ မနေ့က ပြောကြားခဲ့ပါတယ်။ Lenovo Z5 Pro GT ရဲ့ RAM 6GB / Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၂၆၉၈ ယွမ် (မြန်မာငွေ ၆သိန်း ဝန်းကျင်) နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ Lenovo Z5 Pro GT ဟာ Qualcomm ရဲ့ နောက်ဆုံးထွက် SoC ဖြစ်တဲ့ Snapdragon 855 ကို အသုံးပြုထားတာဖြစ်ပြီး စျေးနှုန်းကလည်း သင့်တင့်တဲ့ အနေအထားမှာ ရှိပါတယ်။

Display အပိုင်းအတွက် Samsung ရဲ့ AMOLED Display ကို အသုံးပြုထားတာဖြစ်ပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ Slider ဖုန်းအမျိူးအစားဖြစ်တဲ့အတွက် Screen-to-body ratio က 95.06% အထိ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် In-display Fingerprint Sensor လည်း ပါဝင်ဦးမှာပါ။ Slider ထဲမှာ 24MP+16MP Camera တွေကို ကျောဘက်ကင်မရာအတွက် ထည့်သွင်းတပ်ဆင်ပေးထားပြီး Front Facing Camera အတွက်ကိုတော့ 16MP+8MP Camera တွေကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3350mAh ပါဝင်ပြီး အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Ref : Gizmochina