Android ဖုန်းတွေအများစုမှာ Google Play Store နဲ့အခြား Google Play Services App တွေအကုန်လုံးနီးပါး တခါတည်းပါဝင်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi နဲ့ အခြားသော စမတ်ဖုန်းတွေမှာတော့ Google Service က တခါတည်းပါဝင်တာမျိုးမဟုတ်ပဲ သီးခြားထည့်သွင်းရပါတယ်။ အဲ့ဒီအချိန်မှာ “com.google.process.gapps has stopped” ဆိုပြီး Has Stopped နဲ့ စတဲ့ Error တွေတက်လာတတ်ပါတယ်။

ဒီ Error က Google ကိုသီးခြားပြန်ထည့်ရတဲ့ဖုန်းတွေမှာပဲဖြစ်တာမျိုးမဟုတ်ပဲ အခြားသော Android ဖုန်းတွေမှာလည်း Google Play Service ကို မှားယွင်း Update လုပ်မိတဲ့အခါဖြစ်တတ်တဲ့ Error တစ်ခုပါ။ အဲ့ဒီအတွက် ဖြေရှင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံးအနေနဲ့ကတော့ Google Play Service Error တက်နေပြီဆိုရင် Setting – App – Google Play Services ကို သွားပြီး Clear Cache ကို နှိပ်ပြီး Cache memory ကို ဖျက်လိုက်ပါ။

တကယ်လို့ ဆက်ပေါ်နေတုန်းပဲဆိုရင်တော့ Clear Cache ရဲ့ အပေါ်မှာရှိတဲ့ Manage Space ကနေ Clear Data ကို နှိပ်လိုက်ပါ။ ဒီနေရာမှာ သတိထားရမှာက အခုလိုပြုလုပ်တာက Google Search History တွေပါ အကုန်ပျက်သွားမှာဖြစ်ပါတယ်။

ဒါမှမရသေးရင်တော့ နောက်ဆုံးနည်းအနေနဲ့ အပေါ်ဆုံးမှာရှိတဲ့ Uninstall Updates ကိုပဲ နှိပ်ရတော့မှာဖြစ်ပါတယ်။

အများအားဖြင့်တော့ အခုလိုမျိုး ပြုလုပ်လိုက်တယ်ဆိုရင် “com.google.process.gapps has stopped” ဆိုပြီးပေါ်နေတာက ရပ်သွားမှာဖြစ်ပြီး တကယ်လို့ ဆက်ဖြစ်နေတုန်းပဲဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ Service နဲ့ပဲ ပြရတော့မှာပါ။