[Zawgyi]

၂၀၁၈ ထုတ္ iPad Pro ေတြရဲ႕ ႀကံ့ခိုင္မႈနဲ႔ ပတ္သက္ၿပီး တိုင္ၾကားမႈေတြ အေတာ္မ်ားမ်ား ျဖစ္ေပၚခဲ့ပါတယ္။ iPad Pro ေတြဟာ ေဈးႀကီးေပးရေပမယ့္ အၾကမ္းခံမႈအပိုင္းမွာေတာ့ အေတာ္ေလးကို စိတ္မခ်မ္းမသာ ျဖစ္ရတယ္လို႔ သုံးစြဲသူေတြက ယုံၾကည္ေနၾကတာလည္း ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ေတြက JerryRigEverything ရဲ႕ ဗီဒီယို ထြက္ေပၚၿပီးေနာက္ပိုင္း ပိုမိုတိုးပြားလာခဲ့တာကို ေတြ႕ရပါတယ္။ အခုလည္း ၂၀၁၈ iPad Pro အခ်ိဳ႕က Bent Frame ေတြနဲ႔ ထြက္လာေနတယ္လို႔ သတင္းေတြထပ္ၿပီးထြက္လာခဲ့ပါတယ္။ သုံးစြဲသူေတြက တိုင္ၾကားမႈေတြျပဳလုပ္ခဲ့ၾကေပမယ့္ Apple ကေတာ့ ထုတ္လုပ္မႈ ျဖစ္စဥ္ေၾကာင့္ ဒီလိုမ်ိဳး ေဘာင္ေကြးေတြ ျဖစ္သြားရေၾကာင္းသာ ျပန္လည္ေျပာဆိုတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ မူလကတည္းကမွ ႀကံ့ခိုင္မႈပိုင္းကို ေမးခြန္းထုတ္ခံေနရတဲ့ iPad Pro ေတြအေပၚ ပိုၿပီးေတာ့ ယုံၾကည္မႈ ေလ်ာ့ပါးရေတာ့မယ့္ အေျခအေနျဖစ္ပါတယ္။ အကယ္၍ Bent frame (ေဘာင္ေကြးေနတဲ့) iPad Pro ကို ဝယ္မိၿပီဆိုရင္ေတာ့ ဘာမွလုပ္မရဘူး၊ ဒီအတိုင္းသာ ဆက္သုံးေပေတာ့ ဆိုတဲ့မွတ္ခ်က္ေတြကေတာ့ Forum ေတြမွာ ပ်ံ႕ႏွံ႔ေနၾကပါၿပီ။ Apple ကေတာ့ ဘာမွမျဖစ္ဘူးဆိုၿပီး တုံ႔ျပန္တယ္လို႔ သတင္းမီဒီယာအခ်ိဳ႕ကလည္း ေဖာ္ျပၾကပါတယ္။

ဒီစိတ္ပ်က္စရာ ျပႆနာက ထုတ္လုပ္မႈျဖစ္စဥ္မွာ သတၱဳနဲ႔ ပလတ္စတစ္ေတြ ေပါင္းစပ္ထားမႈေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ၾကပါတယ္။ LTE သုံးတဲ့သူေတြမွာ ပိုျဖစ္ၾကပုံေပၚေပမယ့္ Wi-Fi သက္သက္ပဲ သုံးတဲ့ အသုံးျပဳသူေတြကလည္း ဒီလိုႀကဳံေတြ႕ၾကရပါတယ္။ အေအးေပးစနစ္မွာလည္း ျပႆနာ တစ္ခုခု ရွိေနၿပီလို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုမ်ိဳး ေကြးေနတဲ့ iPad Pro ကို သုံးေနရတဲ့သူအခ်ိဳ႕က သုံးေနရင္း ရပ္သြားတတ္တဲ့ျပႆနာကို ႀကဳံရတယ္လို႔ တိုင္ၾကားၾကလို႔ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

၂၀၁၈ ထုတ် iPad Pro တွေရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့ပါတယ်။ iPad Pro တွေဟာ ဈေးကြီးပေးရပေမယ့် အကြမ်းခံမှုအပိုင်းမှာတော့ အတော်လေးကို စိတ်မချမ်းမသာ ဖြစ်ရတယ်လို့ သုံးစွဲသူတွေက ယုံကြည်နေကြတာလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေက JerryRigEverything ရဲ့ ဗီဒီယို ထွက်ပေါ်ပြီးနောက်ပိုင်း ပိုမိုတိုးပွားလာခဲ့တာကို တွေ့ရပါတယ်။ အခုလည်း ၂၀၁၈ iPad Pro အချို့က Bent frame တွေနဲ့ ထွက်လာနေတယ်လို့ သတင်းတွေထပ်ပြီးထွက်လာခဲ့ပါတယ်။ သုံးစွဲသူတွေက တိုင်ကြားမှုတွေပြုလုပ်ခဲ့ကြပေမယ့် Apple ကတော့ ထုတ်လုပ်မှု ဖြစ်စဉ်ကြောင့် ဒီလိုမျိုး ဘောင်ကွေးတွေ ဖြစ်သွားရကြောင်းသာ ပြန်လည်ပြောဆိုတယ်လို့ သိရပါတယ်။

ဒါကြောင့် မူလကတည်းကမှ ကြံ့ခိုင်မှုပိုင်းကို မေးခွန်းထုတ်ခံနေရတဲ့ iPad Pro တွေအပေါ် ပိုပြီးတော့ ယုံကြည်မှု လျော့ပါးရတော့မယ့် အခြေအနေဖြစ်ပါတယ်။ အကယ်၍ Bent frame (ဘောင်ကွေးနေတဲ့) iPad Pro ကို ဝယ်မိပြီဆိုရင်တော့ ဘာမှလုပ်မရဘူး၊ ဒီအတိုင်းသာ ဆက်သုံးပေတော့ ဆိုတဲ့မှတ်ချက်တွေကတော့ Forum တွေမှာ ပျံ့နှံ့နေကြပါပြီ။ Apple ကတော့ ဘာမှမဖြစ်ဘူးဆိုပြီး တုံ့ပြန်တယ်လို့ သတင်းမီဒီယာအချို့ကလည်း ဖော်ပြကြပါတယ်။

ဒီစိတ်ပျက်စရာ ပြဿနာက ထုတ်လုပ်မှုဖြစ်စဉ်မှာ သတ္တုနဲ့ ပလတ်စတစ်တွေ ပေါင်းစပ်ထားမှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကောက်ချက်ချကြပါတယ်။ LTE သုံးတဲ့သူတွေမှာ ပိုဖြစ်ကြပုံပေါ်ပေမယ့် Wi-Fi သက်သက်ပဲ သုံးတဲ့ အသုံးပြုသူတွေကလည်း ဒီလိုကြုံတွေ့ကြရပါတယ်။ အအေးပေးစနစ်မှာလည်း ပြဿနာ တစ်ခုခု ရှိနေပြီလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ကွေးနေတဲ့ iPad Pro ကို သုံးနေရတဲ့သူအချို့က သုံးနေရင်း ရပ်သွားတတ်တဲ့ပြဿနာကို ကြုံရတယ်လို့ တိုင်ကြားကြလို့ ဖြစ်ပါတယ်။

Ref: GSMarena