Apple ဟာ နောက်သီတင်းပတ် အနည်းငယ်အတွင်းမှာ iOS 12 ကို ပရိတ်သတ်ဆီ ချပြတော့မှာ ဖြစ်ပါတယ်။ iOS အသစ်ထွက်တိုင်း Feature အသစ်တွေ ပါလာတတ်တဲ့ Apple ကို အခုတစ်ခါမှာလည်း ကြီးကြီးမားမား တစ်ခုခု ပါလာမယ်လို့ မျှော်လင့်နေကြပါတယ်။

Source: iMore

ကောလဟာလတွေ အရတော့ iOS 12 မှာ iPhone ကို Hotel Door Key အနေနဲ့ သုံးလို့ရနိုင်တဲ့ Feature အသစ် ပါလာမယ် ဆိုပြီး ပြောနေကြပါတယ်။ ဒီနည်းပညာဟာ Apple ရဲ့ လက်ရှိအနေအထားနဲ့ဆိုရင် ဖြစ်နိုင်တဲ့ နည်းပညာတစ်ခုပါ။ လောလောဆယ်မှာ Apple ဟာ Near Field Communication (NFC) နဲ့ လက်တွဲနေပါတယ်။

ဒါ့အပြင် NFC အနေနဲ့ Hotel Door ကို ဖွင့်တာပိတ်တာ သော့ခတ်တာတို့ ဟာ နည်းပညာနယ်ပယ်ကို ချပြပြီးသား နည်းပညာတွေပါ။ ခန့်မှန်းနေကြတာကတော့ Hotel Door lock ကို Apple Watch နဲ့ချိတ်ထားပြီး Door Lock ကိုထိလိုက်တာနဲ့ အလိုအလျောက် Unlock လုပ်နိုင်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ NFC Chip ဟာ Apple Pay အတွက် သုံးနေတဲ့အပြင် ကားတံခါးကိုလည်း ကားသော့မလိုပဲ ဖွင့်ပေးနိုင်သလို Public Transit တွေမှာလည်း Payment System အတွက် သုံးလို့ရပါတယ်။

ဒီ Feature အသစ်ကို ဘယ်ဖုန်းတွေမှာ သုံးလို့ရမှာလဲ ? NFC Chip တွေဟာ iPhone 6 ကတည်းက Apple နဲ့ လက်တွဲနေခဲ့တာပါ။ ဒါ့ကြောင့် iPhone 6 ကစပြီး နောက်ထွက်တဲ့ ဖုန်းတွေမှာ iOS 12 ရဲ့ Feature အသစ်တွေကို သုံးလို့ရနိုင်ပါတယ်။ Apple ကတော့ သူ့ရဲ့ user တွေကို မပျင်းရအောင် နည်းပညာအသစ်တွေ တစ်ခုပြီးတစ်ခု ချပြနေပါပြီ။ ပရိတ်သတ်ကြီးရော iOS 12 ကို ဘယ်လောက်ထိမျှော်လင့်ထားလဲ ?