ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ရုပ်ထွက်နဲ့ တစ်ခါမှမကြုံဖူးတဲ့ အသံစနစ်ကို ပေါင်းစပ်ထားတဲ့ တီဗီကတော့ Sony ရဲ့ Bravia OLED 55A1 ပါ။ သူ့ရဲ့ ပါဝင်တဲ့ လုပ်ဆောင်ချက်လေးတွေကတော့ သိပ်အထွေအထူး မရှိပါဘူး။ အံ့သြစရာကောင်းလောက်တာတွေကိုပဲ ဆွဲထုတ်ပြပါမယ်။

55″ Screen နဲ့ 65″ Screen ဆိုပြီး နှစ်မျိုးရှိပါတယ်။ လာမယ့်နှစ်မှာ 77″ Screen Launch လုပ်ဖို့ရှိပါတယ်တဲ့။ Freeview HD Tuner ပါလို့ High Definition အတွက် စိတ်ချရပါမယ်။ 4K, HDR 10, Dolby Vision နဲ့ဆိုတော့ ရုပ်ရှင်ချစ်သူတွေ စိတ်တိုင်းကျစေမှာပါ။ OLED Panel သုံးထားတဲ့ Android Smart TV အမျိုးအစားဖြစ်ပါတယ်။ 1228×711×86 mm မို့လို့ ကျယ်ပြန့်တဲ့ Flat Screen ဖြစ်ပါတယ်။ 3D တော့ ကြည့်လို့မရပါဘူး။ 4 HDMI, 3 USBs, Wi-Fi, RS-232, Satellite and Terrestrial RF Inputs, Headphone Jack, Audio Line Out, Subwoofer Line Out, Optical Digital Audio Output တို့လည်း ပါပါတယ်။

Triluminos Colour Processing ကြောင့် အရောင်ခွဲပေးနိုင်အားကောင်းပါတယ်။ အရောင်အသွေးစုံစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Screen တစ်ခုလုံးက Speaker အဖြစ် သုံးထားတာ ဖြစ်လို့ အသံပိုင်းဆိုင်ရာနဲ့ ပတ်သက်လာရင် သင့်ကို အံ့အားသင့်စေမှာပါ။

ဆူညံသံကဲ့သို့မဟုတ်ဘဲ အခန်းတစ်ခန်းလုံးရဲ့ ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်တဲ့အပြင် ကိုယ်ကြည့်နေတဲ့ရုပ်ရှင်ထဲမှာ စီးမျောသွားလောက်အောင် ဖမ်းစားနိုင်တဲ့ အသံစနစ်ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ရုပ်ရှင်ချစ်သူတစ်ယောက်ဆိုရင် ဒီတီဗီကို လုံးဝနှစ်ခြိုက်မိမှာအမှန်ပါပဲ။

အဆင့်မြင့်တဲ့ ဒီဇိုင်း ဆွဲဆောင်မှုရှိတဲ့ အသွင်နဲ့ ပြောစရာမလိုတဲ့ အသံနဲ့ရုပ်ထွက်ကြောင့် နာမည်ကြီးနေတဲ့ Sony Bravia OLED 55A1 ရဲ့ ဈေးနှုန်းလေးလည်း ကြည့်ရအောင်။ Amazon မှာ ရောင်းနေတဲ့ လက်ရှိဈေးနှုန်းကတော့ $3498 ဖြစ်ပါတယ်။

ကဲ အိမ်က တီဗီရောင်းပြီး Sony လေး ဝယ်ကြည့်ကြမလား။