Sony ကနေ ပြီးခဲ့တဲ့ IFA 2017 ပွဲမှာ Action Camera လို့ ခေါ်ဆိုနိုင်တဲ့ Sony RX0 Camera အသစ်တစ်ခုကို ပြသခဲ့ပါတယ်။ Sony RX0 ဟာ ပုံမှန် Action Camera တစ်ခုထက် အများကြီးပိုတဲ့ Features တွေပါဝင်တဲ့အတွက် GoPro လိုမျိုး နာမည်ကြီး Action Camera တွေကို စိတ်ခေါ်နိုင်မလား။

ပထမဆုံးအနေနဲ့ Sony RX0 မှာ 15.3MP Resolution ရှိတဲ့ 1.0 Type Exmor RS CMOS Sensor ပါဝင်မှာဖြစ်ပြီး အဆိုပါ Sensor အရွယ်အစားက Sony RX100 Series မှာ ရှိတဲ့ Sensor Size နဲ့ တူတူပဲဖြစ်ပါတယ်။ Lens အနေနဲ့ ZEISS 24mm f/4 Lens နဲ့ Image Processor အနေနဲ့ BIONZ X Processor ပါဝင်မှာဖြစ်ပြီး ရိုက်ကူးတဲ့ပုံတွေကို ပြန်လည်ကြည့်ရှုနိုင်အောင် 3.8 cm LCD တပ်ဆင်ထားမှာဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့လည်း အလွန်သေးငယ်ပြီး 100g ပဲလေးမှာပါ။ အကြမ်းခံနိုင်ပြီး ရေအနက် ၁၀ မီတာအနက်အထိ Housing မလိုအပ်ပဲ အသုံးပြုနိုင်ပြီး Housing ပါဝင်ရင်တော့ ရေအနက်မီတာ ၁၀၀ အထိကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ကင်မရာ ရိုက်ကူးမှုအနေနဲ့လည်း Sony RX0 ဟာ စွမ်းဆောင်နိုင်စွမ်းမြင့်မားပြီး RAW Photo ရိုက်ကူးမှုကို 16fps အထိရိုက်ကူးနိုင်မှာဖြစ်ပြီး Anti-distortion Shutter Speed ကိုလည်း 1/32000 Sec အထိရိုက်နိုင်ဦးမှာပါ။ ဗီဒီယိုရိုက်ကူးမှုအနေနဲ့လည်း 960/1000 fps High Frame Rate ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ ISO Performance ကလည်း 80 ကနေ 12800 အထိ ရိုက်ကူးနိုင်ဦးမှာပါ။

နောက်ထပ် Video ရိုက်ကူးမယ့်သူတွေအကြိုက်တွေ့မယ့် Sony Picture Profile တွေဖြစ်တဲ့ Cine1 နဲ့ Cine2 ကို အသုံးပြုနိုင်မယ့်အပြင် Editing လုပ်မယ့်သူတွေအတွက် အဆင်ပြေမယ့် SLog2 လည်း ရရှိဦးမှာဖြစ်ပါတယ်။ Sony RX0 ကို အများအပြားတပ်ဆင်ပြီး ရိုက်ကူးဖို့အတွက် Wireless FA-WRC1M Radio Commander ကိုလည်း သီးခြားရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် RX0 အရေအတွက် ၅ ခုလောက်ပဲဆိုရင်တော့ သီးခြားဝယ်ယူစရာမလိုအပ်ပဲ Sony PlayMemories App နဲ့ ချိတ်ဆက်နိုင်ပါလိမ့်မယ်။ 4K Video Output ကိုလည်း External Display နဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Sony RX0 Camera ကို မြန်မာနိုင်ငံမှာ ငွေကျပ် ၁၀ သိန်းဝန်းကျင်နဲ့ ရောင်းချနေတဲ့အတွက် GoPro နဲ့ ယှဉ်ရင် ဈေးနှုန်းများပြားပေမယ့် ပါဝင်တဲ့ Features နဲ့ စွမ်းဆောင်ရည်အရလည်း ပိုပြီးကောင်းတယ်လို့ ပြောလို့ရမှာပါ။