[Zawgyi]

Sony ရဲ႕မုိဘုိင္းဌာနခြဲဟာ လက္ရွိေစ်းကြက္ထဲမွာေတာ့ အျခားၿပိဳင္ဘက္ေတြေနာက္ကို ေရာက္ေနဆဲပါပဲ။ ဒါေပမယ့္ ဂ်ပန္အေျခစုိက္ကုမၸဏီဟာ လက္မေလ်ာ့ေသးပါဘူး။ CES 2019 ပြဲမွာ Sony မုိဘုိင္းရဲ႕ မားကက္တင္း အႀကီးအကဲ ဒြန္မီဆာက လာမယ့္ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွာ က်င္းပသြားမယ့္ Mobile World Congress (MWC) ပြဲမွာ သူတုိ႔ရဲ႕ ထုတ္ကုန္အသစ္ကို ခ်ျပသြားမယ္လို႔ အတည္ျပဳေပးခဲ့ပါတယ္။

မီဆာက ဖုန္းရဲ႕အေၾကာင္းနဲ႔ပတ္သက္ၿပီး ဘာမွမေျပာေသးေပမယ့္ သတင္းေတြထြက္ေနတဲ့ Xperia XZ4 ကို ခ်ျပလာမွာ ျဖစ္ေလာက္ပါတယ္။ အခုတေလာထြက္ေပၚခဲ့တဲ့ သတင္းေတြနဲ႔ Render ပုံေတြကေတာ့ ဒီဖုန္းမွာ Triple ကင္မရာအတြဲပါလာၿပီး ေနာက္ဘက္ Fingerprint မပါတဲ့ဒီဇုိင္းဆုိတာကို ထုတ္ျပခဲ့ပါတယ္။

မီဆာက သူတုိ႔ MWC မွာ ျပသြားမယ့္ဖုန္းဟာ ကုမၸဏီသြားေနတဲ့ ဦးတည္ရာအား ျမင္ႏုိင္မယ့္ ပထမဆုံး ေျခလွမ္းျဖစ္ၿပီး အမ်ားႀကီးပိုေကာင္းတဲ့ ဖုန္းကင္မရာ သုံးစြဲမႈအေတြ႕အၾကဳံကို ေပးစြမ္းခ်င္တယ္လို႔ေတာ့ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ Sony မုိဘုိင္းအဖြဲ႕ဟာ Xperia Compact အမွတ္တံဆိပ္ေအာက္ကေန ေသးငယ္တဲ့ Screen နဲ႔ ဖုန္းေတြကို ထပ္မံထုတ္လုပ္ဖို႔ အစီအစဥ္မရွိေတာ့ဘူးလို႔လည္း ယူဆရတယ္။ “လူေတြက သူတုိ႔ၾကည့္ရႈေနတဲ့ အရာေတြအတြက္ မ်က္ႏွာျပင္ဧရိယာ အမ်ားႀကီးပိုလိုခ်င္လာၿပီ” လို႔ မီဆာက ဆုိပါတယ္။

5G ဖုန္းထုတ္လုပ္မႈနဲ႔ ပတ္သက္လို႔ေတာ့ ဘာအခ်က္အလက္မွ ဖြင့္မေျပာေသးဘဲ Sony ကုမၸဏီဟာ အလ်င္စလို လုပ္ကုိင္မွာမဟုတ္ေၾကာင္းနဲ႔ သူတုိ႔ 5G ဖုန္းထုတ္လုပ္တဲ့အခါ တကယ္ေကာင္းမြန္တဲ့ အေတြ႕အၾကဳံကိုသာ ေပးစြမ္းဖို႔ လိုလားေၾကာင္း ေျဖၾကားခဲ့ပါတယ္။

Ref – Android Authority

[Unicode]

Sony ရဲ့မိုဘိုင်းဌာနခွဲဟာ လက်ရှိဈေးကွက်ထဲမှာတော့ အခြားပြိုင်ဘက်တွေနောက်ကို ရောက်နေဆဲပါပဲ။ ဒါပေမယ့် ဂျပန်အခြေစိုက်ကုမ္ပဏီဟာ လက်မလျော့သေးပါဘူး။ CES 2019 ပွဲမှာ Sony မိုဘိုင်းရဲ့ မားကက်တင်း အကြီးအကဲ ဒွန်မီဆာက လာမယ့် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကျင်းပသွားမယ့် Mobile World Congress (MWC) ပွဲမှာ သူတို့ရဲ့ ထုတ်ကုန်အသစ်ကို ချပြသွားမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

မီဆာက ဖုန်းရဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာမှမပြောသေးပေမယ့် သတင်းတွေထွက်နေတဲ့ Xperia XZ4 ကို ချပြလာမှာ ဖြစ်လောက်ပါတယ်။ အခုတလောထွက်ပေါ်ခဲ့တဲ့ သတင်းတွေနဲ့ Render ပုံတွေကတော့ ဒီဖုန်းမှာ Triple ကင်မရာအတွဲပါလာပြီး နောက်ဘက် Fingerprint မပါတဲ့ဒီဇိုင်းဆိုတာကို ထုတ်ပြခဲ့ပါတယ်။

မီဆာက သူတို့ MWC မှာ ပြသွားမယ့်ဖုန်းဟာ ကုမ္ပဏီသွားနေတဲ့ ဦးတည်ရာအား မြင်နိုင်မယ့် ပထမဆုံး ခြေလှမ်းဖြစ်ပြီး အများကြီးပိုကောင်းတဲ့ ဖုန်းကင်မရာ သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းချင်တယ်လို့တော့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Sony မိုဘိုင်းအဖွဲ့ဟာ Xperia Compact အမှတ်တံဆိပ်အောက်ကနေ သေးငယ်တဲ့ Screen နဲ့ ဖုန်းတွေကို ထပ်မံထုတ်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူးလို့လည်း ယူဆရတယ်။ “လူတွေက သူတို့ကြည့်ရှုနေတဲ့ အရာတွေအတွက် မျက်နှာပြင်ဧရိယာ အများကြီးပိုလိုချင်လာပြီ” လို့ မီဆာက ဆိုပါတယ်။

5G ဖုန်းထုတ်လုပ်မှုနဲ့ ပတ်သက်လို့တော့ ဘာအချက်အလက်မှ ဖွင့်မပြောသေးဘဲ Sony ကုမ္ပဏီဟာ အလျင်စလို လုပ်ကိုင်မှာမဟုတ်ကြောင်းနဲ့ သူတို့ 5G ဖုန်းထုတ်လုပ်တဲ့အခါ တကယ်ကောင်းမွန်တဲ့ အတွေ့အကြုံကိုသာ ပေးစွမ်းဖို့ လိုလားကြောင်း ဖြေကြားခဲ့ပါတယ်။

Ref – Android Authority