[Zawgyi]

ဂ်ပန္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Sony ဟာ Xperia XA2 နဲ႔ Xperia XA2 Ultra စမတ္ဖုန္းေတြကို ဒီႏွစ္ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလတုန္းက က်င္းပခဲ့တဲ့ Consumer Electronics Show (CES) မွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ၂၀၁၈ခုႏွစ္ စက္တင္ဘာလကို ေရာက္တဲ့အခါမွာေတာ့ Sony Xperai XA2 Plus ကို ထပ္မံမိတ္ဆက္ခဲ့ပါတယ္။

CES 2019 ကို ေနာက္လဆန္းထဲမွာ စတင္က်င္းပသြားမွာ ျဖစ္တာေၾကာင့္ Sony ရဲ႕ ထုံးတမ္းစဥ္လာအရဆိုရင္ Xperia XA3 စီးရီးကို ျမင္ေတြ႕ရဖို႔အတြက္ အၾကာႀကီးေစာင့္စရာ မလိုအပ္ေတာ့ပါဘူး။ လာမယ့္ႏွစ္မွာေတာ့ ဒီႏွစ္နဲ႔မတူဘဲ၊ Sony Xperia XA3, Xperia XA3 Plus နဲ႔ Xperia L3 ဆိုတဲ့ စမတ္ဖုန္း ၃မ်ိဴးကို တစ္ခါတည္း မိတ္ဆက္သြားမွာ ျဖစ္ေၾကာင္း Droid Shout ရဲ႕ အဆိုမ်ားအရ သိရပါတယ္။ တစ္ဖက္မွာလည္း Sony Xperia XA3 Ultra ကို CES 2019 မွာ ျမင္ေတြ႕ႏိုင္ဖြယ္ရွိေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါေသးတယ္။

Sony ဟာ CES 2019 မွာ Xperia XA3 နဲ႔ Xperia L3 တို႔အျပင္ ေနာက္ထပ္ စမတ္ဖုန္း ၁မ်ိဴးသာ မိတ္ဆက္ႏိုင္ဖြယ္ရွိတာေၾကာင့္ လူေျပာမ်ားေနတဲ့ Xperia XA3 Ultra အစား Xperia XA3 Plus ကိုသာ ပြဲထုတ္လာႏိုင္ပါတယ္။ ဒါ့အျပင္ Xperia XA3 Plus ကို ယူ႐ို ၅၁၉ (ျမန္မာေငြ ၉သိန္း ဝန္းက်င္)နဲ႔ေရာင္းခ်သြားမွာ ျဖစ္ၿပီး Black, Gold နဲ႔ Silver အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ေၾကာင္း Droid Shout က ခန္႔မွန္းေျပာဆိုထားပါေသးတယ္။

Sony Xperia XA3 Plus ရဲ႕ Specs ေတြကို အတိအက်မသိရေသးေပမယ့္ Processor အပိုင္းမွာေတာ့ Snapdragon 660 SoC ဒါမွမဟုတ္ 710 SoC ကို အသုံးျပဳထားႏိုင္ပါတယ္။ Xperia XA3 မွာလည္း အလားတူ Processor ကိုပဲ သုံးထားႏိုင္ပါတယ္။ Xperia L3 ကေတာ့ Entry-level စမတ္ဖုန္းျဖစ္တာေၾကာင့္ MediaTek ဒါမွမဟုတ္ Snapdragon Budget SoC ေတြနဲ႔ ပြဲထြက္လာႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

မကြာခင် မြင်တွေ့ရတော့မယ့် Sony Xperia XA3 Plus ရဲ့ စျေးနှုန်းများ ပေါက်ကြား

ဂျပန်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sony ဟာ Xperia XA2 နဲ့ Xperia XA2 Ultra စမတ်ဖုန်းတွေကို ဒီနှစ် ၂၀၁၈ခုနှစ် ဇန်နဝါရီလတုန်းက ကျင်းပခဲ့တဲ့ Consumer Electronics Show (CES) မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ခုနှစ် စက်တင်ဘာလကို ရောက်တဲ့အခါမှာတော့ Sony Xperai XA2 Plus ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

CES 2019 ကို နောက်လဆန်းထဲမှာ စတင်ကျင်းပသွားမှာ ဖြစ်တာကြောင့် Sony ရဲ့ ထုံးတမ်းစဥ်လာအရဆိုရင် Xperia XA3 စီးရီးကို မြင်တွေ့ရဖို့အတွက် အကြာကြီးစောင့်စရာ မလိုအပ်တော့ပါဘူး။ လာမယ့်နှစ်မှာတော့ ဒီနှစ်နဲ့မတူဘဲ၊ Sony Xperia XA3, Xperia XA3 Plus နဲ့ Xperia L3 ဆိုတဲ့ စမတ်ဖုန်း ၃မျိူးကို တစ်ခါတည်း မိတ်ဆက်သွားမှာ ဖြစ်ကြောင်း Droid Shout ရဲ့ အဆိုများအရ သိရပါတယ်။ တစ်ဖက်မှာလည်း Sony Xperia XA3 Ultra ကို CES 2019 မှာ မြင်တွေ့နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားကြပါသေးတယ်။

Sony ဟာ CES 2019 မှာ Xperia XA3 နဲ့ Xperia L3 တို့အပြင် နောက်ထပ် စမတ်ဖုန်း ၁မျိူးသာ မိတ်ဆက်နိုင်ဖွယ်ရှိတာကြောင့် လူပြောများနေတဲ့ Xperia XA3 Ultra အစား Xperia XA3 Plus ကိုသာ ပွဲထုတ်လာနိုင်ပါတယ်။ ဒါ့အပြင် Xperia XA3 Plus ကို ယူရို ၅၁၉ (မြန်မာငွေ ၉သိန်း ဝန်းကျင်)နဲ့ရောင်းချသွားမှာ ဖြစ်ပြီး Black, Gold နဲ့ Silver အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကြောင်း Droid Shout က ခန့်မှန်းပြောဆိုထားပါသေးတယ်။

Sony Xperia XA3 Plus ရဲ့ Specs တွေကို အတိအကျမသိရသေးပေမယ့် Processor အပိုင်းမှာတော့ Snapdragon 660 SoC ဒါမှမဟုတ် 710 SoC ကို အသုံးပြုထားနိုင်ပါတယ်။ Xperia XA3 မှာလည်း အလားတူ Processor ကိုပဲ သုံးထားနိုင်ပါတယ်။ Xperia L3 ကတော့ Entry-level စမတ်ဖုန်းဖြစ်တာကြောင့် MediaTek ဒါမှမဟုတ် Snapdragon Budget SoC တွေနဲ့ ပွဲထွက်လာနိုင်ပါတယ်။

Ref : gizmochina