Sony ရဲ့ Xperia စမတ်ဖုန်းတွေဟာ လေးထောင့်ဆန်ဆန် ဒီဇိုင်းအပြင် လူသိများတဲ့အရာတစ်ခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ Sony က သူရဲ့ Flagship စမတ်ဖုန်းတွေမှာ အမြဲတမ်းသုံးလေ့ရှိတဲ့ Full HD LCD Display ပါ။ အခြားသော စမတ်ဖုန်းတွေက OLED Display ကိုပဲ သုံးနေကြပေမယ့် Sony အနေနဲ့ LCD Display ကိုပဲ ဆက်တိုက်အသုံးပြုလာခဲ့တာ အခုတော့ Sony Xperia XZ3 မှာ OLED Display ကိုပြောင်းလဲအသုံးပြုပြီဖြစ်ပါတယ်။

Sony Xperia XZ3 ဖုန်းဟာ ကြီးမားတဲ့ 6″ Quad HD+ OLED Display ကို တပ်ထားပြီးတော့ Sony ရဲ့ ကိုယ်ပိုင် Triluminos နဲ့ X-Reality နည်းပညာတွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။ HDR စနစ်ကိုလည်း ထောက်ပံ့ပေးတဲ့အတွက် Display ပိုင်းအနေနဲ့ကတော့ တော်တော်လေးကို ကောင်းတယ်လို့ ပြောလို့ရသွားပါပြီ။

Specification ပိုင်းအနေနဲ့ကတော့ သိသိသာသာကြီးပြောင်းလဲခြင်းမရှိဘဲ Qualcomm Snapdragon 845 Processor ၊ 4GB RAM နဲ့ 64GB Storage တွေပါဝင်မှာပဲဖြစ်ပါတယ်။ Camera အနေနဲ့လည်း ပြောင်းလဲခြင်းမရှိပဲ 19MP Motion Eye Camera ကိုပဲ ဆက်လက်အသုံးပြုထားတာဖြစ်ပါတယ်။ Selfie Camera ပိုင်းမှာတော့ 13MP ကို အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ Back Camera ကနေ 960fps Slow Motion Video တွေအပြင် 4K HDR Recording တွေကိုပါ ပြုလုပ်နိုင်ဦးမှာပါ။

Design ပိုင်းအနေနဲ့လည်း Sony Xperia XZ2 နဲ့ ဆင်တူနေတယ်လို့ ပြောလို့ရပြီးတော့ ပြောင်းလဲသွားတဲ့အချက်တွေအနေနဲ့ AI-Powered Pre-capture Camera Mode အသစ်နဲ့ ဘေးဘောင်ကို ထိလိုက်တာနဲ့ App နဲ့ Setting တွေရွေးချယ်နိုင်တဲ့ Side Sense Feature တွေပါဝင်လာတာပဲဖြစ်ပါတယ်။

အခု Sony ကနေ Xperia XZ3 စမတ်ဖုန်းတစ်ခုထဲကိုပဲ ထုတ်ခဲ့တာဖြစ်ပြီး ယခင်ကလိုမျိုး Compact နဲ့ Premium Model တွေကိုတော့ ထုတ်လုပ်ခဲ့ခြင်းမရှိပါဘူး။