[Zawgyi]

Sony Xperia XZ4 နဲ႔ပတ္သတ္ၿပီး ေကာလဟလသတင္း ေတာ္ေတာ္မ်ားမ်ား ထြက္ရွိခဲ့ၿပီး ျဖစ္ပါတယ္။ Sony ရဲ႕ မ်ိဴးဆက္သစ္ Flagship စမတ္ဖုန္းျဖစ္တဲ့ Xperia XZ4 ဟာ Cinematic Ratio လို႔ေခၚတဲ့ 21:9 Aspect ratio နဲ႔ပြဲထြက္လာမယ့္ အေၾကာင္းကို လြန္ခဲ့တဲ့ ဒီဇင္ဘာလတုန္းက ၾကားသိခဲ့ရပါတယ္။ ဒီတစ္ေခါက္မွာလည္း Xperia XZ4 ရဲ႕ AnTuTu ရမွတ္ေတြ ထြက္ေပၚလာျပန္ပါတယ္။

ေမာ္ဒယ္နံပါတ္ i8134 အမည္ရွိ ဖုန္းတစ္လုံးရဲ႕ AnTuTu ရမွတ္ေတြကို I_Leak_VN ဆိုတဲ့ အေကာင့္ပိုင္ရွင္က တြစ္တာကေန တစ္ဆင့္မွ်ေဝခဲ့တာ ျဖစ္ပါတယ္။ ေမာ္ဒယ္နံပါတ္ i8134 ဆိုတာကေတာ့ မၾကာခင္ မိတ္ဆက္လာႏိုင္တဲ့ Sony Xperia XZ4 ျဖစ္ႏိုင္ၿပီး၊ အံ့ၾသစရာေကာင္းေနတာက သူရဲ႕ AnTuTu ရမွတ္ေတြပါ။ စုစုေပါင္းရမွတ္ ၃၉၅,၇၂၁ အထိ ရရွိထားတာျဖစ္ၿပီး တစ္ခါမွ မျမင္ဖူး၊ မၾကားဖူးေသးတဲ့ ရမွတ္မ်ိဴး ျဖစ္ပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ အခုလိုမ်ိဴး ရလဒ္ေကာင္းေတြကို စြမ္းေဆာင္ေပးႏိုင္တာဟာ Qualcomm ရဲ႕ Snapdragon 855 ေၾကာင့္ျဖစ္တယ္လို႔ ခန္႔မွန္းေျပာဆိုထားပါတယ္။

Kirin 980 (7nm) SoC ကို အသုံးျပဳထားတဲ့ Huawei Mate 20 Pro ေတာင္ ရမွတ္ ၃၀၅,၄၃၇ ပဲရွိတဲ့အတြက္ Xperia XZ4 ရဲ႕ ရမွတ္ႀကီးက ေတာ္ေတာ္ၾကမ္းသြားၿပီလို႔ ေျပာရမွာပါ။ ဒါ့ေပမယ့္ Xperia XZ4 ကို တရားဝင္ မိတ္မဆက္ရေသးတာေၾကာင့္ Xperia XZ4 ရဲ႕ AnTuTu ရမွတ္ေတြက တရားဝင္မဟုတ္ေသးဘူးဆိုတာ သတိခ်ပ္စရာ ရွိပါတယ္။

Ref : Gizmochina

[Unicode]

AnTuTu ရမှတ် ၄သိန်းနီးပါးရှိတဲ့ Sony Xperia XZ4

Sony Xperia XZ4 နဲ့ပတ်သတ်ပြီး ကောလဟလသတင်း တော်တော်များများ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ Sony ရဲ့ မျိူးဆက်သစ် Flagship စမတ်ဖုန်းဖြစ်တဲ့ Xperia XZ4 ဟာ Cinematic Ratio လို့ခေါ်တဲ့ 21:9 Aspect ratio နဲ့ပွဲထွက်လာမယ့် အကြောင်းကို လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကြားသိခဲ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း Xperia XZ4 ရဲ့ AnTuTu ရမှတ်တွေ ထွက်ပေါ်လာပြန်ပါတယ်။

မော်ဒယ်နံပါတ် i8134 အမည်ရှိ ဖုန်းတစ်လုံးရဲ့ AnTuTu ရမှတ်တွေကို I_Leak_VN ဆိုတဲ့ အကောင့်ပိုင်ရှင်က တွစ်တာကနေ တစ်ဆင့်မျှဝေခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် i8134 ဆိုတာကတော့ မကြာခင် မိတ်ဆက်လာနိုင်တဲ့ Sony Xperia XZ4 ဖြစ်နိုင်ပြီး၊ အံ့သြစရာကောင်းနေတာက သူရဲ့ AnTuTu ရမှတ်တွေပါ။ စုစုပေါင်းရမှတ် ၃၉၅,၇၂၁ အထိ ရရှိထားတာဖြစ်ပြီး တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသေးတဲ့ ရမှတ်မျိူး ဖြစ်ပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ အခုလိုမျိူး ရလဒ်ကောင်းတွေကို စွမ်းဆောင်ပေးနိုင်တာဟာ Qualcomm ရဲ့ Snapdragon 855 ကြောင့်ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

Kirin 980 (7nm) SoC ကို အသုံးပြုထားတဲ့ Huawei Mate 20 Pro တောင် ရမှတ် ၃၀၅,၄၃၇ ပဲရှိတဲ့အတွက် Xperia XZ4 ရဲ့ ရမှတ်ကြီးက တော်တော်ကြမ်းသွားပြီလို့ ပြောရမှာပါ။ ဒါ့ပေမယ့် Xperia XZ4 ကို တရားဝင် မိတ်မဆက်ရသေးတာကြောင့် Xperia XZ4 ရဲ့ AnTuTu ရမှတ်တွေက တရားဝင်မဟုတ်သေးဘူးဆိုတာ သတိချပ်စရာ ရှိပါတယ်။

Ref : Gizmochina