[Zawgyi]

ေဖေဖာ္ဝါရီလ ေနာက္ဆုံးပတ္မွာ က်င္းပမယ့္ MWC ပြဲေတာ္နီးကပ္လာတာနဲ႔အညီ စမတ္ဖုန္း ထုတ္လုပ္သူေတြက သူတုိ႔ရဲ႕ ထုတ္ကုန္အသစ္ေတြအေၾကာင္း အခ်က္အလက္ေတြ တစ္ခုၿပီးတစ္ခု ေဖာ္ထုတ္လာေပမယ့္ Sony ကေတာ့ သူတုိ႔ရဲ႕ Flagship အသစ္ကို ပေဟဠိဝွက္လို႔ ေကာင္းတုန္းပါပဲ။

သူတုိ႔ရဲ႕ တြစ္တာပုိစ့္အသစ္ဟာ “Embrace a new perspective” လို႔ ေရးသားထားၿပီး စကၠန္႔အနည္းငယ္ ၾကာတဲ့ ဗီဒီယုိေလးနဲ႔ တင္လာခဲ့ပါတယ္။ ရႈေထာင့္အသစ္ကေန ခံစားၾကည့္ဖို႔ တုိက္တြန္းလာတဲ့ ဒီေဆာင္ပုဒ္က အမ်ားနဲ႔မတူဘဲ ျမင္ကြင္းအခ်ဳိး 21:9 အသုံးျပဳလာတဲ့ Xperia XZ4 ရဲ႕ CinemaWide Display အသစ္ကို ရည္ညႊန္းထားတာ ျဖစ္ပါတယ္။

Xperia ဖုန္းအသစ္ေတြကို လာမယ့္တနလၤာေန႔မွာ MWC ပြဲ၌ မိတ္ဆက္ထုတ္ေဖာ္လာေတာ့မွာျဖစ္ၿပီး Sony Xperia XZ4 ဟာ ရွည္လ်ားတဲ့ Display ဒီဇုိင္းျဖင့္ ပြဲထြက္လာမွာပါ။ တြစ္တာပုိစ့္အသစ္မွာ Sony ရဲ႕ ပထမဆုံး Triple-camera Setup ကိုလည္း ညႊန္းဆုိလာတာျဖစ္ႏုိင္ၿပီး သတင္းထြက္ထားတာသာ မွန္ခဲ့ရင္ အဓိက Sensor ဟာ 52MP ထိ ရွိေနမွာျဖစ္ကာ Telephoto ကင္မရာနဲ႔ 3D ToF Sensor တုိ႔နဲ႔ တြဲဖက္လာမွာ ျဖစ္ပါတယ္။

Sony ရဲ႕ထုတ္ကုန္အသစ္ေတြကို ေတြ႕ရဖို႔ သိပ္မလိုေတာ့ဘဲ မုိဘုိင္းေစ်းကြက္ထဲမွာ အျမဲထူးျခားတဲ့ ထုတ္ကုန္ေတြကိုပဲ ဦးစားေပးထုတ္လုပ္တဲ့ ဂ်ပန္အေျခစုိက္ကုမၸဏီဟာ သုံးစြဲသူေတြကို တဖန္ျပန္ၿပီး ဆြဲေဆာင္လာႏုိင္ဦးမလား ဆုိတာ ေစာင့္ၾကည့္ရေတာ့မွာပါ။ Sony ဟာ ေလာေလာဆယ္ Xperia XZ4 လို႔ သတ္မွတ္ထားတဲ့ ဖုန္းကို အမည္သစ္နဲ႔လည္း မိတ္ဆက္လာႏုိင္ေသးသလို Xperia 10 နဲ႔ 10 Plus တုိ႔ကိုလည္း တၿပိဳင္တည္း ထုတ္ေဖာ္လာမွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ ကျင်းပမယ့် MWC ပွဲတော်နီးကပ်လာတာနဲ့အညီ စမတ်ဖုန်း ထုတ်လုပ်သူတွေက သူတို့ရဲ့ ထုတ်ကုန်အသစ်တွေအကြောင်း အချက်အလက်တွေ တစ်ခုပြီးတစ်ခု ဖော်ထုတ်လာပေမယ့် Sony ကတော့ သူတို့ရဲ့ Flagship အသစ်ကို ပဟေဠိဝှက်လို့ ကောင်းတုန်းပါပဲ။

သူတို့ရဲ့ တွစ်တာပိုစ့်အသစ်ဟာ “Embrace a new perspective” လို့ ရေးသားထားပြီး စက္ကန့်အနည်းငယ် ကြာတဲ့ ဗီဒီယိုလေးနဲ့ တင်လာခဲ့ပါတယ်။ ရှုထောင့်အသစ်ကနေ ခံစားကြည့်ဖို့ တိုက်တွန်းလာတဲ့ ဒီဆောင်ပုဒ်က အများနဲ့မတူဘဲ မြင်ကွင်းအချိုး 21:9 အသုံးပြုလာတဲ့ Xperia XZ4 ရဲ့ CinemaWide Display အသစ်ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

Xperia ဖုန်းအသစ်တွေကို လာမယ့်တနင်္လာနေ့မှာ MWC ပွဲ၌ မိတ်ဆက်ထုတ်ဖော်လာတော့မှာဖြစ်ပြီး Sony Xperia XZ4 ဟာ ရှည်လျားတဲ့ Display ဒီဇိုင်းဖြင့် ပွဲထွက်လာမှာပါ။ တွစ်တာပိုစ့်အသစ်မှာ Sony ရဲ့ ပထမဆုံး Triple-camera Setup ကိုလည်း ညွှန်းဆိုလာတာဖြစ်နိုင်ပြီး သတင်းထွက်ထားတာသာ မှန်ခဲ့ရင် အဓိက Sensor ဟာ 52MP ထိ ရှိနေမှာဖြစ်ကာ Telephoto ကင်မရာနဲ့ 3D ToF Sensor တို့နဲ့ တွဲဖက်လာမှာ ဖြစ်ပါတယ်။

Sony ရဲ့ထုတ်ကုန်အသစ်တွေကို တွေ့ရဖို့ သိပ်မလိုတော့ဘဲ မိုဘိုင်းဈေးကွက်ထဲမှာ အမြဲထူးခြားတဲ့ ထုတ်ကုန်တွေကိုပဲ ဦးစားပေးထုတ်လုပ်တဲ့ ဂျပန်အခြေစိုက်ကုမ္ပဏီဟာ သုံးစွဲသူတွေကို တဖန်ပြန်ပြီး ဆွဲဆောင်လာနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။ Sony ဟာ လောလောဆယ် Xperia XZ4 လို့ သတ်မှတ်ထားတဲ့ ဖုန်းကို အမည်သစ်နဲ့လည်း မိတ်ဆက်လာနိုင်သေးသလို Xperia 10 နဲ့ 10 Plus တို့ကိုလည်း တပြိုင်တည်း ထုတ်ဖော်လာမှာဖြစ်ပါတယ်။

Ref – GSM Arena