Sony ကနေ Xperia XZ2 စမတ်ဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာတော့ ပိုပြီး အဆင့်မြင့်တဲ့ XZ2 Premium စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခု XZ2 Premium စမတ်ဖုန်းဟာ Sony XZ2 နဲ့ ဆင်တူပေမယ့်လည်း Camera ပိုင်းနဲ့ Display ပိုင်းကို အဆင့်မြှင့်တင်ထားခဲ့တာပဲဖြစ်ပါတယ်။

Source : Sony

အရင်ဆုံး Display အနေနဲ့ကတော့ Sony ဟာ XZ2 Premium စမတ်ဖုန်းကို 4K HDR Resolution ရှိတဲ့ 5.8″ Display တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ အဲ့အတွက် Sony ရဲ့ တတိယမြောက် 4K Resolution ရှိတဲ့ Display ကို အသုံးပြုထားတဲ့ဖုန်းဖြစ်လာပြီပဲဖြစ်ပါတယ်။

Camera ပိုင်းကိုလည်း အဆင့်မြင့်တင်ခဲ့ပြီးတော့ အခု Sony XZ2 Premium ဖုန်းက Sony ဖုန်းတွေထဲမှာ ပထမဆုံးသော Dual Camera ပါဝင်လာတဲ့ဖုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Primary Sensor ကတော့ 19MP f1.8 Sensor ဖြစ်ပြီးတော့ Secondary Sensor ကတော့ 12MP Monochrome Sensor ပဲဖြစ်ပ်ါတယ်။ Secondary Camera ဟာ လောလောဆယ်မှာတော့ Primary Sensor ကိုပဲ အားဖြည့်ပေးသွားဦးမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ Monochrome ကြီးပဲ သတ်သတ်ရိုက်ကူးလာနိုင်မယ်လို့ သိရပါတယ်။ Selfie Camera ကတော့ 13MP Selfie Camera ပါဝင်လာမှာဖြစ်ပါတယ်။

Source : Sony

Specifications တွေအနေနဲ့ကတော့ Sony Xperia XZ2 Premium ဖုန်းမှာ Qualcomm Snapdragon 845 Processor ၊ RAM 6GB နဲ့ Storage 64GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Battery အနေနဲ့တော့ 3450mAh Battery ပါဝင်မှာဖြစ်ပြီး Fingerprint Sensor ကို ကင်မရာအောက်မှာ တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ Wireless Charging ကိုလည်း Support ပြုလုပ်လာပြီဖြစ်ပါတယ်။

Source : Sony

အခု Sony XZ2 Premium စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ Sony ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်လာပြီးတော့ ဈေးနှုန်းကိုတော့ အတိအကျပြောကြားထားခြင်းမရှိခဲ့ပါဘူး။