LG နည်းပညာ ကုမ္ပဏီက Cricket Wireless နဲ့ ပူးပေါင်းပြီး စတိုင်ကျ လှပတဲ့ LG Harmony ဖုန်းကို တီထွင်လိုက်ပါတယ်။ Cricket Wireless ကုမ္ပဏီက အမေရိကန်ပြည်ထောင်စု အခြေစိုက်ကုမ္ပဏီဖြစ်ပြီး အင်တာနက်လိုင်းတွေနဲ့ ဖုန်းလိုင်းတွေနဲ့ပတ်သက်ပြီး ၀န်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဒီဇိုင်း

မျက်နှာပြင်အကျယ်က 5.3 လက်မရှိပြီး ဈေးနှုန်းကိုတော့ အမေရိကန်ဒေါ်လာ ၉၉.၉၉ နဲ့ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

စခရင် (Screen) ရဲ့ Resolution က 1280 x 720 pixels ရှိပါတယ်။

ကင်မရာ

အနောက်ကင်မရာက 8 Megapixel ရှိပြီး အရှေ့ ကင်မရာက 5 Megapixel ရှိပါတယ်။ Face Detection ပါဝင်ပြီး ၂ စက္ကန့်အတွင်းမှာ ကင်မရာရိုက်နိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးရင်းနဲ့လည်း ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။

LG ရဲ့ K–Series ဖုန်းတွေနဲ့ တော်တော်များများ တူညီပြီး Android Version က 7 သုံးထားပါတယ်။

Processor

ဖုန်းရဲ့ Processor ကို Qualcomm Snapdragon MSM8917 1.4 GHz Quad-Core အသုံးပြုထားပြီး ဘက်ထရီက 2800 mAh ဖြစ်ပြီး ဘက်ထရီ ဖြုတ်လို့ရပါတယ်။ ဖုန်းရဲ့ RAM က 1.5 GB ဘဲပါတာကြောင့် ဂိမ်းကြီးကြီးမားမားတွေတော့ ဆော့လို့ရမှာ မဟုတ်ပါဘူး။

ဖုန်းရဲ့ မန်မိုရီ (Memory) က 16 GB ပါဝင်ပြီး Micros SD ကဒ်နဲ့ဆိုရင် 2 TB လောက်အထိ မှတ်နိုင်တယ်လို့ ပြောထားပါတယ်။