Zawgyi Font Version

Huawei ဆိုတဲ့ နာမည္ဟာျပည္တြင္းမွာ လူသိမ်ားလာတာ ႏွစ္ေပါင္းမ်ားစြာၾကာပါျပီ။ Smartphone ေတြမေပၚလာခင္ Keypad ဖုန္း ေခတ္ကတည္းက Huawei ကိုလူသိမ်ားခဲ့တာပါ။ ေနာက္ပိုင္းAndroid ဖုန္းေတြစထုတ္ခဲ့ျပီး ျပည္တြင္းမွာ Huawei ရဲ႕ ဖုန္းေတြဟာ လူအမ်ားစု လက္လွမ္းမွီႏိုင္တဲ့ေစ်းနဲ႔ ဝယ္ယူရရွိႏိုင္တဲ့ Android ဖုန္း Brand ျဖစ္ခဲ့ပါတယ္။

လက္ရွိ ျပည္တြင္းမွာ Huawei ရဲ႕ လူၾကိဳက္အမ်ားဆံုး ဖုန္း ႏွစ္လံုးျဖစ္တဲ့ Huawei Nova 3 နဲ႔ Nova 3i ကို ဇူလိုင္လ ၁၈ ရက္ေန႔မွာ ႏိုင္ငံတကာေစ်းကြက္ကို တရားဝင္မိတ္ဆက္ေပးခဲ့ျပီး ျပည္တြင္းမွာေတာ့ ၾသဂုတ္လအတြင္းမွာပဲ မိတ္ဆက္ျပသခဲ့ပါတယ္။ Huawei ကို Premium Smartphone ထုတ္လုပ္တဲ့ ကုမၸဏီ အျဖစ္ကမၻာတစ္ဝွမ္းက အသိအမွတ္ျပဳခဲ့တဲ့သတင္းေကာင္းကိုပါ Huawei ရဲ႕ သံုးစြဲသူေတြကို အသိေပးေၾကညာခဲ့တယ္။ ဒီေန႔ေခတ္ေစ်းကြက္ထဲမွာရွိတဲ့ mid-range စမတ္ဖုန္းေတြမွာ ေတြ႔ရခဲတဲ့ features ေတြနဲ႔ specifications ေတြေၾကာင့္ ကမာၻတစ္လႊားက သံုးစြဲသူမ်ားရဲ႕သေဘာက်ႏွစ္သက္မွုကိုခံခဲ့ရတယ္။ Nova 3 နဲ႔ 3i တြင္ AI ကင္မရာ ၄ လံုး ၊ 128 GB Storage ၊ Nova 3 တြင္ Hisilicon Kirin 970, Octa-core ႏွင့္ Nova 3i မွာ Hisilicon Kirin 710, Octa-core အစရွိတဲ့ အေကာင္းစား အတြင္းပစၥည္းေတြ ပါဝင္တာေၾကာင့္ ကမာၻတစ္လႊားမွာ ေအာင္ျမင္မွုရခဲ့တယ္။

Nova 3 Series ဖုန္းေတြဟာ Huawei ရဲ႕ ဖုန္း Design အသစ္ျဖစ္တဲ့ P20 Series ေတြမွာလိုပဲ ေဒါင္လိုက္ Camera ေတြနဲ႔ အတူေနာက္ဘက္ ေရာင္ေျပး မ်က္ႏွာျပင္ဒီဇိုင္းကို ယူသံုးထားတာ ျဖစ္လို႔ ဒီဇိုင္းပိုင္း အရမ္းလွပါတယ္။ Nova 3 နဲ႔ 3i မွာ စြမ္းေဆာင္ရည္ျမွင့္တင္ထားျပီး Screen အရြယ္အစားလည္းၾကီးပါတယ္။ Huawei Nova Series တိုင္းဟာ mid range ဖုန္းအမ်ားစု ၾကားမွာ သာလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ က်စ္လစ္ဆန္းသစ္တဲ့ ဒီဇိုင္းတည္ေဆာက္မွုေတြေၾကာင့္ လူငယ္ေတြၾကားမွာေရပန္းစားပါတယ္။

Nova 3 ႏွင့္ Nova 3i ကို စတင္မိတ္ဆက္တဲ့ေန႔မွာပဲ ဖိလစ္ပိုင္ႏိုင္ငံမွာ အလံုးေရ ၂၀,၀၀၀ ဝန္းက်င္ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ အဲ့အခ်က္ကို ၾကည့္ျပီး Nova 3 နဲ႔ 3i ဟာ လက္ရွိမွာ လူၾကိဳက္အမ်ားဆံုးဖုန္းေတြျဖစ္ေနတယ္ဆိုတာ သိႏိုုင္ပါတယ္။ Nova 3 နဲ႔ 3i မွာ AI နည္းပညာကို အသံုးျပဳထားျပီး ဘယ္မွာမွ မေတြ႔ႏိုင္ေသးတဲ့ AI camera ေလးလံုးကို သံုးထားတာေၾကာင့္ ထူးျခားတဲ့ အဆင့္ျမင့္ စမတ္ဖုန္းျဖစ္လာခဲ့တာပါ။

အဆိုပါ Nova 3 မွာ 24MP ႏွင့္ 2MP အေရွ႕ ကင္မရာမ်ား ပါဝင္တဲ့အတြက္ အႏုပညာဆန္တဲ့ Bokeh Effect နဲ႔အတူ လွပတိက်တဲ့ selfie ေတြနဲ႔ အရာဝတၳဳေတြကို အေသးစိတ္႐ိုက္ကူးႏိုင္ေသာေၾကာင့္ မိုဘိုင္းဖုန္နဲ႔ Camera ရိုက္ရတာ ဝါသနာပါသူေတြအတြက္ ေစ်းသက္သက္သာသာ ဝယ္ယူရရွိႏိုုင္မယ့္ ေရြးခ်ယ္စရာတစ္ခုျဖစ္လာပါတယ္။ AI နည္းပညာသံုးျပီး ျမင္ကြင္းအေျခအေနေပါင္း (၅၀၀) ေက်ာ္ကိုအေျခခံျပီး ျမင္ကြင္းအမ်ိဳးအစား (၂၂) မ်ိဳးထိခြဲခဲြျခားႏိုင္ျပီး ျမင္ကြင္းတစ္ခုခ်င္းစီအတြက္ကိုက္ညီမယ့္ ခ်ိန္ညွိမွုေတြကိုအလိုအေလ်ာက္ျပဳလုပ္ေပးႏိုင္ပါတယ္။ Hardware HDR ႏွင့္ 3D portrait lighting effects တို႔ လုပ္ေဆာင္ႏိုင္တဲ့ Camera sensors ေတြလည္း ပါဝင္တာေၾကာင့္ ၎ feature ေတြဟာ ေစ်းကြက္အတြင္းမွာရွိတဲ့ mid-range smartphone ေတြမွာ အလြန္ေတြ႕ရခဲသည့္ အဆင့္ျမင့္ photography လုပ္ေဆာင္ခ်က္ေတြျဖစ္ပါတယ္။

Nova ဖုန္းေတြမွာ Mobile Gamer ေတြအတြက္လည္း Gaming Performance ေကာင္းေအာင္ chipset နည္းပညာကို ကိုယ္တိုင္တီထြင္ခဲ့တယ္္။ ႐ုပ္ထြက္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ ျမင့္မားေအာင္ GPU Turbo နည္းပညာကိုအသံုးျပဳေပးထားတယ္။ Mid Range ေစ်းႏွုန္းနဲ႔ေရာင္းခ်တဲ့ဖုန္းမွာ Flagship Chipset ကိုအသံုးျပဳေပးခဲ့တာေၾကာင့္ ျမန္ဆန္ေခ်ာေမြ႕တဲ့ အေတြ႕အၾကံဳေတြကို ေပးစြမ္းႏိုင္ပါတယ္။

 

Unicode Version

Huawei ဆိုတဲ့ နာမည်ဟာပြည်တွင်းမှာ လူသိများလာတာ နှစ်ပေါင်းများစွာကြာပါပြီ။ Smartphone တွေမပေါ်လာခင် Keypad ဖုန်း ခေတ်ကတည်းက Huawei ကိုလူသိများခဲ့တာပါ။ နောက်ပိုင်းAndroid ဖုန်းတွေစထုတ်ခဲ့ပြီး ပြည်တွင်းမှာ Huawei ရဲ့ ဖုန်းတွေဟာ လူအများစု လက်လှမ်းမှီနိုင်တဲ့ဈေးနဲ့ ဝယ်ယူရရှိနိုင်တဲ့ တစ်ခုတည်းသော Android ဖုန်း Brand ဖြစ်ခဲ့ပါတယ်။

လက်ရှိ ပြည်တွင်းမှာ Huawei ရဲ့ လူကြိုက်အများဆုံး ဖုန်း နှစ်လုံးဖြစ်တဲ့ Huawei Nova 3 နဲ့ Nova 3i ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ နိုင်ငံတကာဈေးကွက်ကို တရားဝင်မိတ်ဆက်ပေးခဲ့ပြီး ပြည်တွင်းမှာတော့ သြဂုတ်လအတွင်းမှာပဲ မိတ်ဆက်ပြသခဲ့ပါတယ်။ Huawei ကို Premium Smartphone ထုတ်လုပ်တဲ့ ကုမ္ပဏီ အဖြစ်ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုခဲ့တဲ့သတင်းကောင်းကိုပါ Huawei ရဲ့ သုံးစွဲသူတွေကို အသိပေးကြေညာခဲ့တယ်။ ဒီနေ့ခေတ်ဈေးကွက်ထဲမှာရှိတဲ့ mid-range စမတ်ဖုန်းတွေမှာ တွေ့ရခဲတဲ့ features တွေနဲ့ specifications တွေကြောင့် ကမ္ဘာတစ်လွှားက သုံးစွဲသူများရဲ့သဘောကျနှစ်သက်မှုကိုခံခဲ့ရတယ်။ Nova 3 နဲ့ 3i တွင် AI ကင်မရာ ၄ လုံး ၊ 128 GB Storage ၊ Nova 3 တွင် Hisilicon Kirin 970, Octa-core နှင့် Nova 3i မှာ Hisilicon Kirin 710, Octa-core အစရှိတဲ့ အကောင်းစား အတွင်းပစ္စည်းတွေ ပါဝင်တာကြောင့် ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုရခဲ့တယ်။

Nova 3 Series ဖုန်းတွေဟာ Huawei ရဲ့ ဖုန်း Design အသစ်ဖြစ်တဲ့ P20 Series တွေမှာလိုပဲ ဒေါင်လိုက် Camera တွေနဲ့ အတူနောက်ဘက် ရောင်ပြေး မျက်နှာပြင်ဒီဇိုင်းကို ယူသုံးထားတာ ဖြစ်လို့ ဒီဇိုင်းပိုင်း အရမ်းလှပါတယ်။ Nova 3 နဲ့ 3i မှာ စွမ်းဆောင်ရည်ပိုမြှင့်တင်ထားပြီး Screen အရွယ်အစားလည်းကြီးပါတယ်။ Huawei Nova Series တိုင်းဟာ mid range ဖုန်းအများစု ကြားမှာ သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ကျစ်လစ်ဆန်းသစ်တဲ့ ဒီဇိုင်းတည်ဆောက်မှုတွေကြောင့် လူငယ်တွေကြားမှာရေပန်းစားပါတယ်။

Nova 3 နှင့် Nova 3i ကို စတင်မိတ်ဆက်တဲ့နေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံမှာ အလုံးရေ ၂၀,၀၀၀ ဝန်းကျင် ရောင်းချနိုင်ခဲ့ပါတယ်။ အဲ့အချက်ကို ကြည့်ပြီး Nova 3 နဲ့ 3i ဟာ လက်ရှိမှာ လူကြိုက်အများဆုံးဖုန်းတွေဖြစ်နေတယ်ဆိုတာ သိနိုုင်ပါတယ်။ Nova 3 နဲ့ 3i မှာ AI နည်းပညာကို အသုံးပြုထားပြီး ဘယ်မှာမှ မတွေ့နိုင်သေးတဲ့ AI camera လေးလုံးကို သုံးထားတာကြောင့် ထူးခြားတဲ့ အဆင့်မြင့် စမတ်ဖုန်းဖြစ်လာခဲ့တာပါ။

အဆိုပါ Nova 3 မှာ 24MP နှင့် 2MP အရှေ့ ကင်မရာများ ပါဝင်တဲ့အတွက် အနုပညာဆန်တဲ့ Bokeh Effect နဲ့အတူ လှပတိကျတဲ့ selfie တွေနဲ့ အရာဝတ္ထုတွေကို အသေးစိတ်ရိုက်ကူးနိုင်သောကြောင့် မိုဘိုင်းဖုန်နဲ့ Camera ရိုက်ရတာ ဝါသနာပါသူတွေအတွက် ဈေးသက်သက်သာသာ ဝယ်ယူရရှိနိုုင်မယ့် ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ AI နည်းပညာသုံးပြီး မြင်ကွင်းအခြေအနေပေါင်း (၅၀၀) ကျော်ကိုအခြေခံပြီး မြင်ကွင်းအမျိုးအစား (၂၂) မျိုးထိခွဲခွဲခြားနိုင်ပြီး မြင်ကွင်းတစ်ခုချင်းစီအတွက်ကိုက်ညီမယ့် ချိန်ညှိမှုတွေကိုအလိုအလျောက်ပြုလုပ်ပေးနိုင်ပါတယ်။ Hardware HDR နှင့် 3D portrait lighting effects တို့ လုပ်ဆောင်နိုင်တဲ့ Camera sensors တွေလည်း ပါဝင်တာကြောင့် ၎င်း feature တွေဟာ ဈေးကွက်အတွင်းမှာရှိတဲ့ mid-range smartphone တွေမှာ အလွန်တွေ့ရခဲသည့် အဆင့်မြင့် photography လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

Nova ဖုန်းတွေမှာ Mobile Gamer တွေအတွက်လည်း Gaming Performance ကောင်းအောင် chipset နည်းပညာကို ကိုယ်တိုင်တီထွင်ခဲ့တယ်။ ရုပ်ထွက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားအောင် GPU Turbo နည်းပညာကိုအသုံးပြုပေးထားတယ်။ Mid Range ဈေးနှုန်းနဲ့ရောင်းချတဲ့ဖုန်းမှာ Flagship Chipset ကိုအသုံးပြုပေးခဲ့တာကြောင့် မြန်ဆန်ချောမွေ့တဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါတယ်။