Honor 10 Lite ကို လာမယ့် နိုဝင်ဘာ ၂၁ရက်နေ့မှာ မိတ်ဆက်လာဖို့ စီစဉ်ထားပြီးသားဖြစ်ပြီး အခုဆို Honor 10 ဖုန်း ၃လုံးဖြစ်တော့မှာပါ။

ထွက်ဖို့သိပ်မလိုတော့တဲ့ ရက်အတွင်းမှာပဲ ဖုန်းနဲ့ပတ်သတ်တဲ့ သတင်းတစ်ခု TENAA မှာ ပုံတွေနဲ့တက်လာပါတယ်။ သူကတော့ Honor 10 ကိုမှ Superme Edition နဲ့ Honor 10 Lite Superme ပဲဖြစ်ပါတယ်။

TENAA မှာတော့ မော်ဒယ်လ်နံပါတ် ၃မျိုးနဲ့ထွက်ပြီး ၂လုံးကအနက်ရောင် တစ်လုံးက Chrome Red အရောင်နဲ့ပေါ်လာပါတယ်။

Honor Lite မှာ ကျောဘက် Dual-Camera ကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ကင်မရာရဲ့အောက်မှာတော့ LED Flash ပါပြီး ဖုန်းရဲ့ နောက်ကျောဘက်အလယ်ခေါင်မှာပဲ Fingerprint Scanner ကိုတပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ညာဘက်ခြမ်းမှာတော့ Power နဲ့ Volume ခလုတ်တွေကို တွေ့ရပါတယ်။

စိတ်ဝင်စားမိတာကတော့ Honor 10 Lite Supreme လို့ထွက်လာမယ့် Supreme Edition ပါ။ Supreme ချစ်သူတွေအတွက် စိတ်ဝင်စားစရာ Honor ဖုန်းတစ်လုံးတော့ ထွက်လာတောမယ့်ပုံပါပဲ။ အဲဒီဗားရှင်းမှာတော့ “Supreme” ကို “SUP”ဆိုပြီး စာလုံးအကြီးနဲ့ရေးထားမှာဖြစ်ပါတယ်။

ထွက်လာမယ့်အချိန်မှပဲ တကယ်လန်းမလန်းစောင့်ကြည့်ကြတာပေါ့

Ref: GizmoChina

[Unicode]