Zawgyi Font Version




Unicode Version

Windows OS ရဲ့ ပိုင်ရှင် Software ဆရာကြီးဖြစ်တဲ့ Microsoft ဟာအခုဆိုရင် သူ့ရဲ့ Surface Laptop 2 ကိုအနက်ရောင် Version နဲ့ အဆင့်မြှင့်တင်ပြီးထုတ်လုပ်ဖို့ပြင်ဆင်နေပါပြီ။ သူ့ရဲ့ Surface Laptop တွေဟာဆိုရင် Apple MacBook တွေနဲ့တူညီတဲ့ အရည်အသွေးမျိုးရှိပြီး Windows OS သမားတွေရွေးချယ်ဝယ်ယူကြတဲ့ Laptop တွေဖြစ်ပါတယ်။

 

အသစ်ထုတ်မယ့် Surface Laptop 2 ကိုအနက်ရောင်နဲ့ပွဲထုတ်လာမယ်လို့ခန့်မှန်းနေကြပါတယ်။ Surface RT ဆိုတဲ့ Laptop တစ်လုံးကိုအနက်ရောင် VaporMg လို့ခေါ်တဲ့ Magnesium သတ္တုနဲ့ထုတ်ခဲ့တာဖြစ်ပြီး Surface 2 ကိုတော့ ငွေရောင်နဲ့ထုတ်ခဲ့ပါတယ်။ အသစ်ထုတ်မယ့် Surface Laptop 2 ကိုတော့ အနက်ရောင်နဲ့ပြန်လည်ထုတ်ပေးမှာဖြစ်ပြီး သူနဲ့အတူ Surface Pro အနက်ရောင်ကိုလည်းပွဲထုတ်မှာပါ။

Microsoft ဟာ အဆိုပါ အရောင်အသစ်နဲ့ပြန်ထုတ်ထားတဲ့ Surface Laptop တွေနဲ့ Surface Pro တို့ကို အောက်တိုဘာ ဒုတိယအပတ်မှာ ကျင်းပမယ့် နယူးယောက်မြို့က Event မှာပြသသွားမှာပါ။ မော်ဒယ်အသစ်တွေမှာ Intel ရဲ့နောက်ဆုံးထုတ် Processor တွေနဲ့ USB-C တို့ကိုအသုံးပြုထားမှာပါ။ ဒီသတင်းသာမှန်ကန်ခဲ့ရင်တော့ အခုမိတ်ဆက်မယ့် Surface Pro ဟာ ပထမဆုံး အနက်ရောင် Surface Pro ဖြစ်လာမှာပါ။ Microsoft ဟာ သူ့ရဲ့ တစ်ခြား Surface တွေကိုအရောင်မျိုးစုံသုံးခဲ့ပေမယ့် Surface Pro ကိုတော့ ငွေရောင်တစ်မျိုးနဲ့သာ ရောင်းချခဲ့ပါတယ်။