ထုတ်ကုန်တွေနဲ့ပတ်သက်လာရင် အသုံးပြုသူတွေအတွက် အဆင်မပြေဖြစ်စေတာက Apple တစ်ခုတည်းမဟုတ်ပါဘူး။ Microsoft ရဲ့နာမည်ကြီး လူကြိုက်များထုတ်ကုန်တစ်ခုဖြစ်တဲ့ Surface Pro 4 တွေမှာ User တွေဒေါသထွက်စရာပြဿနာတစ်ခု ဖြစ်နေပါတယ်။

ပြဿနာကတော့ Display ပေါ်က ပုံရိတ်တွေက ငြိမ်မနေပဲ လိုင်းမကောင်းတဲ့ TV လိုမျိုး အပေါ်အောက် နည်းနည်းစီတုန်နေတာမျိုးတွေဖြစ်နေပါတယ်။ Surface Pro 4 Tablet အားလုံးမှာဖြစ်တာမဟုတ်ပေမယ့် အသုံးပြုသူတော်တော်များများမှာ ဖြစ်ပွားနေပါတယ်။

အခုလို အသုံးပြုသူတော်တော်များများမှာဖြစ်ပွားနေတာကို Microsoft ကသိရှိပြီးနောက်ပိုင်း ပြဿနာရှိတဲ့ Surface Pro 4 တွေအားလုံးကို အသစ်တစ်လုံးနဲ့လည်းပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပါတယ်။ Surface Fan တွေစိတ်ပျက်သွားမှာကို Microsoft ကလိုလားမှာမဟုတ်ပါဘူး။

အခုဖြစ်သွားတဲ့ ပြဿနာနဲ့ပတ်သက်လို့လည်း Online မှာ Flickergate လို့နာမည်နဲ့ အဆင်မပြေမှုတွေကို အမျိုးမျိုးရေးသားထားကြပါတယ်။ Microsoft ရဲ့ တရားဝင်ကြေငြာချက်အရတော့ အဆင်မပြေဖြစ်နေတဲ့ Surface Pro 4 တွေကို Microsoft ကစစ်ဆေးပြီး အသစ်တစ်လုံးစီနဲ့လဲလှယ်ပေးသွားမယ်လို့ သိရပါတယ်။ ဝယ်ယူထားတဲ့ အချိန်ကစပြီး သုံးနှစ်သက်တမ်းကြာတဲ့အထိ အခုလို ပြဿနာတက်တဲ့ Surface Pro 4 အားလုံးအတွက် Microsoft ကတာဝန်ယူမယ်လို့ကြေညာထားပါတယ်။