Zawgyi Font Version


Package Design




အသံအရည်အသွေး




Conclusion


 

Unicode Version

Taotronic ဆိုတာ အရည်အသွေးမြင့်တဲ့ Bluetooth Speakers, Headphones Sound Bars အစရှိတဲ့ Gadget တွေထုတ်တဲ့ Brand တစ်ခုပါ။ သူ့ရဲ့ ပစ္စည်းတွေဟာ အမေရိကားနဲ့ ဥရောပ နိုင်ငံတွေမှာနာမည်ကြီးပြီး ပြည်တွင်းမှာတော့ လူသိမများသေးပါဘူး။ Taotonic ရဲ့ Gadget တွေထဲမှာမှ Speaker တွေကနာမည်တော်တော်ကြီးပါတယ်။ ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ Quality က အရမ်းကိုတန်ပါတယ်။ အခုလက်ရှိ နာမည်ကြီးနေတဲ့ Taotronic ရဲ့ Pulse X ဆိုတဲ့ Speaker လေးကို ကျွန်တော်တို့ MyTech ကနေပြီး Review လုပ်ပေးလိုက်ပါတယ်။

Package Design

Speaker Design & Built-Quality


Speaker ကိုဖွဲ့စည်းထားတဲ့ ဒီဇိုင်းကတော့ Dynamic Speaker နှစ်လုံးက တစ်ခြမ်း၊ Passive Bass Radiator က တစ်ခြမ်းဖြစ်ပြီး Sandwich ပုံစံနှစ်ဘက်ညှပ်ထားတဲ့ ဒီဇိုင်းမျိုးပါ။ Speaker ပေါက်တွေကို အလူမီနမ်သတ္တုနဲ့အုပ်ထားပြီး ကျန်တဲ့အပိုင်းတွေကိုတော့ ပလတ်စတစ်နဲ့ပြုလုပ်ထားပါတယ်။ ပလတ်စတစ်ဆိုပေမယ့် ပလတ်စတစ်ပေါ်မှာ Coating အလွှာတစ်မျိုးအုပ်ပေးထားလို့ ထိတွေ့ကိုင်တွယ်ကြည့်တဲ့အခါ ရာဘာသားကိုထိရသလို နူးနူးညံ့ညံ့လေးဖြစ်နေပါတယ်။ Speaker ရဲ့ အပေါ်ဘက်မှာ Button ငါးခုပါပါတယ်။ ညာဘက်ဘေးမှာတော့ 3.5mm Headphone Jack Input ပေါက်နဲ့ အားသွင်းဖို့အတွက် USB B အပေါက်တို့ပါဝင်ပါတယ်။ Built-Quality ကတော့ ပြောစရာမလိုအောင်ကောင်းမွန်ပြီး Bass သံများတဲ့ သီချင်းတွေဖွင့်တဲ့အခါ အရမ်းတုန်ခါပြီး Speaker နေရာမရွေ့သွားအောင် Speaker ရဲ့အောက်ခြေဘက်မှာ ရာဘာပြားလေးနှစ်ခုကပ်ပေးထားပါတယ်။

အသံအရည်အသွေး

ငါးသောင်းကျော်တန် Bluetooth Speaker တစ်လုံးကနေထွက်တဲ့အသံက တစ်သိန်းကျာ်တန်လောက်နီးပါးကောင်းနေတာတွေ့ရပါတယ်။ အမွှန်းတင်ပြီး လျောက်ပြောနေတာမဟုတ်ပဲ သေချာစမ်းသပ်ပြီးရလာတဲ့အဖြေတစ်ခုပါ။ ငါးသောင်းပတ်ချာလည် Bluetooth Speaker တွေထဲမှာတော့ အသံအကျယ်ဆုံးနဲ့ အသံအကြည်လင်ဆုံး Bluetooth Speaker တစ်ခုအဖြစ်ကျွန်တော်တို့သတ်မှတ်လိုက်ပါတယ်။ ဒီ Speaker ကို စပြီးနားထောင်တဲ့အခါ အရင်ဆုံးသတိထားမိမှာကတော့ Bass ပါ။ Bass Quality အရမ်းကောင်းပြီး Solid Bass မျိုးရရှိလို့ EDM သမားတွေအတွက် လုံးဝ Perfect ပါပဲ။ EDM, Pop, Rock နဲ့ တစ်ခြား Mainstream သီချင်းတွေနဲ့ အလိုက်ဘက်ဆုံးဖြစ်ပါတယ်။ အသံကို အဆုံးထိကျယ်ရင်လည်း ကွဲအက်သွားတာမျိုးမရှိပဲ အသံက ကြည်လင်ပြတ်သားနေပါတယ်။ အရမ်း Complex ဖြစ်တဲ့ Dubstep လို EDM သီချင်းမျိုးတွေကိုလည်း အကောင်းမွန်ဆုံးဖွင့်ပေးနိုင်ပါတယ်။ Bass သံကိုအဓိကထားတဲ့ Hardstyle တွေအတွက်ဆိုရင်တော့ ရှယ်မှရှယ်ပါပဲ။ အသံကျယ်နှုန်းကတော့ Outdoor တွေမှာနားထောင်တဲ့အခါ ဘေးကလူတွေတောင်လန့်ပြေးလောက်တဲ့ထိ ကျယ်ပါတယ်။

အားနည်းချက်ကတော့ Budget Speaker ပီပီ Vocal တွေပါ။ အဆိုသံ ခေါ် Vocal သံတွေကို ကြည်ကြည်လင်လင်ဖော်ပြနိုင်စွမ်းအားနည်းပါတယ်။ Vocal အသားပေးသီချင်းတော်တော်များများမှာ Vocal နဲ့ Sub-Bass က ရောရောသွားပြီး အဲ့ဒီ အားနည်းချက်ကို Acoustic သီချင်းတွေမှာတွေ့နိုင်ပါတယ်။ အဲ့ဒီ ဈေးနှုန်းဝန်းကျင်မှာတော့ Vocal ပိုင်းအားနည်းတာကို အားနည်းချက်တစ်ခုလို့တော့ မဆိုနိုင်ပဲ အားနည်းတယ်ဆိုတာက Vocal သံပျောက်နေတာမျိုးမဟုတ်ပဲ Vocal တွေကချောမွေ့မှုမရှိတာပါ။ ဒါပေမယ့်လည်း အဲ့ဒီကွာခြားမှုတွေကို သာမာန်နားထောင်သူတစ်ယောက်အနေနဲ့တော့ သတိမထားမိနိုင်ပါဘူး။ 7 Watt အားရှိတဲ့ Speaker နှစ်လုံးနဲ့ Bass သံတွေကိုထုတ်ပေးနိုင်ဖို့အတွက် 4,000mAh ရှိတဲ့ Battery ထည့်ပေးထားပြီး အားအပြည့်သွင်းထားရင်တော့ ကိုယ်နားထောင်တဲ့ အသံအတိုးအကျယ်ပေါ်လိုက်ပြီး ခုနှစ်နာရီကနေ ရှစ်နာရီထိအားခံပါတယ်။ 3.5mm Headphone Cable တစ်ခုလည်းပါဝင်ပြီး Bluetooth မပါတဲ့ Mp3 Player လို Device မျိုးတွေနဲ့ချိတ်ဆက်နိုင်မှာပါ။ Bluetooth 4.0 ပါဝင်ပြီး Android, iOS နဲ့ PC, Laptop တွေထိပါ လျင်လျင်မြန်မြန်ချိတ်ဆက်နိုင်တာတွေ့ရပြီး အကွာအဝေးကလည်း တော်တော်လှမ်းလှမ်းကနေဖွင့်လို့ရပါတယ်။ သီချင်းနားထောင်နေရင်း Connection ပြတ်တောက်သွားတာမျိုးမတွေ့ရပါဘူး။ အားသွင်းဖို့အတွက်တော့ USB B Cable လေးတစ်ခုထည့်သွင်းပေးထားပြီး Charger သပ်သပ်မပါလာပဲ။ ဖုန်းအားသွင်းတဲ့ Charger နဲ့သွင်းလို့အဆင်ပြေပါတယ်။

Conclusion

အသံကျယ်ကျယ်နဲ့ အရည်အသွေးကောင်းကောင်း Bluetooth Speaker တစ်လုံးရှာနေပြီး သိန်းကျော်မသုံးချင်တဲ့သူတွေအတွက်ကတော့ Pulse X က အကောင်းဆုံးပါပဲ။ အရည်အသွေးမြင့် Dynamic Speaker နှစ်လုံးနဲ့ Passive Radiator ကြီးက သင့်အကြိုက်သီချင်းတွေကို အကောင်းဆုံးအနေအထားနဲ့ဖွင့်ပေးမှာပါ။ ငါးသောင်းနှစ်ထောင်တန် Pulse X က သိန်းကျော်တန်တွေလောက်တော့ Vocal Quality မကောင်းပါဘူး။ ဒါပေမယ့် ဒီနေ့ခေတ်က Vocal ဦးစားပေးတဲ့ သီချင်းဆိုတာလည်း နားထောင်တဲ့သူနည်းပြီး Pop နဲ့ EDM သီချင်း တွေပဲခေတ်စားနေတဲ့အတွက် Mainstream Music ဘက်လိုက်တဲ့သူတွေအတွက်ကတော့ ဒီ Pulse X Bluetooth Speaker လေးက အကောင်းဆုံးပါပဲ။