Zawgyi Font Version

eSIM ဆိုတာ Virtual SIM လို႔ေခၚတဲ့ အတုအေယာင္ SIM ကဒ္ပါ။ Physical SIM လို အျပင္ကသပ္သပ္ထည့္စရာမလိုပဲ eSIM Support လုပ္တဲ့ ဖုန္းေတြ၊ Smartwatch ေတြနဲ႔ တစ္ျခား ပစၥည္းေတြမွာအသံုးျပဳႏိုင္ပါတယ္။ eSIM အသံုးျပဳဖို႔အတြက္ Mobile Operator ေတြနဲ႔ ဖုန္းထုတ္လုပ္သူေတြဟာ သက္ဆိုင္ရာ Device ေတြစထုတ္ကတည္းက ညွိထားရမွာပါ။ ဥပမာ- Huawei ကေန eSIM Support လုပ္တဲ့ ဖုန္းတစ္လံုးကိုျမန္မာႏိုင္ငံအတြက္ထုတ္ေတာ့မယ္ဆိုရင္ ျမန္မာႏိုင္ငံကရွိသမွ် Operator ေတြအကုန္လံုးနဲ႔ သေဘာတူညီမွုရထားမွ အဆိုပါ Operator ေတြအကုန္လံုးရဲ႕ eSIM ကိုအသံုးျပဳႏိုင္မွာပါ။

eSIM ရဲ႕ အားသာခ်က္ေတြကေတာ့ Physical SIM Card ေတြထည့္စရာမလိုေတာ့တဲ့ အတြက္ အလုပ္ရွုပ္သက္သာေစပါတယ္။ Connection Speed ကိုလည္းပိုျမန္ေစျပီး Smartphone ထုတ္လုပ္သူေတြနဲ႔ Mobile Operator ေတြပူးေပါင္းျပဳလုပ္ထားလို႔ အရင္လို SIM Card မကိုက္တာမ်ိဳးမရွိေတာ့ပါဘူး။ Network ေတြကိုအဆင့္ျမွင့္တင္တဲ့ အခါမ်ိဳးေတြမွာလည္း SIM Card သြားလဲစရာမလိုေတာ့ လို႔အရမ္းအဆင္ေျပပါတယ္။ ၾကိဳက္တဲ့ Operator ကိုခ်က္ခ်င္းေျပာင္းလဲႏိုင္ျပီး အသံုးမျပဳလိုေတာ့တဲ့ eSIM ေတြကိုအ လြယ္တကူ Deactivate ျပဳလုပ္ႏိုင္ပါတယ္။

အနာဂတ္မွာသာ eSIM ေတြကပိုမိုတြင္က်ယ္လာျပီး Physical SIM ေတြကိုမသံုးၾကေတာ့တဲ့အခါ SIM Card Slot ေနရာမွာ တစ္ျခားအစိတ္အပိုင္းေတြထပ္ထည့္လာႏိုင္ျပီး ဖုန္းေတြရဲ႕ အထူဟာလည္း ပိုပါးလာႏိုင္ပါတယ္။ ေလာေလာဆယ္ eSIM Support ကို အသစ္ထြက္ iPhone ေတြနဲ႔ တရုတ္ျပည္တြင္း Xiaomi ဖုန္းတစ္ခ်ိဳ႕မွာ အသံုးျပဳေနၾကပါျပီ။ eSIM သီးသန္႔ဖုန္းကေတာ့ ေလာေလာဆယ္ ထြက္ရွိလာမွာမဟုတ္ေသးပဲ eSIM ေရာ Physical SIM ေရာ Support ေပးတဲ့ ဖုန္းေတြေတာ့ ထြက္ရွိလာေတာ့မွာပါ။

Unicode Version

eSIM ဆိုတာ Virtual SIM လို့ခေါ်တဲ့ အတုအယောင် SIM ကဒ်ပါ။ Physical SIM လို အပြင်ကသပ်သပ်ထည့်စရာမလိုပဲ eSIM Support လုပ်တဲ့ ဖုန်းတွေ၊ Smartwatch တွေနဲ့ တစ်ခြား ပစ္စည်းတွေမှာအသုံးပြုနိုင်ပါတယ်။ eSIM အသုံးပြုဖို့အတွက် Mobile Operator တွေနဲ့ ဖုန်းထုတ်လုပ်သူတွေဟာ သက်ဆိုင်ရာ Device တွေစထုတ်ကတည်းက ညှိထားရမှာပါ။ ဥပမာ- Huawei ကနေ eSIM Support လုပ်တဲ့ ဖုန်းတစ်လုံးကိုမြန်မာနိုင်ငံအတွက်ထုတ်တော့မယ်ဆိုရင် မြန်မာနိုင်ငံကရှိသမျှ Operator တွေအကုန်လုံးနဲ့ သဘောတူညီမှုရထားမှ အဆိုပါ Operator တွေအကုန်လုံးရဲ့ eSIM ကိုအသုံးပြုနိုင်မှာပါ။

eSIM ရဲ့ အားသာချက်တွေကတော့ Physical SIM Card တွေထည့်စရာမလိုတော့တဲ့ အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ Connection Speed ကိုလည်းပိုမြန်စေပြီး Smartphone ထုတ်လုပ်သူတွေနဲ့ Mobile Operator တွေပူးပေါင်းပြုလုပ်ထားလို့ အရင်လို SIM Card မကိုက်တာမျိုးမရှိတော့ပါဘူး။ Network တွေကိုအဆင့်မြှင့်တင်တဲ့ အခါမျိုးတွေမှာလည်း SIM Card သွားလဲစရာမလိုတော့ လို့အရမ်းအဆင်ပြေပါတယ်။ ကြိုက်တဲ့ Operator ကိုချက်ချင်းပြောင်းလဲနိုင်ပြီး အသုံးမပြုလိုတော့တဲ့ eSIM တွေကိုအ လွယ်တကူ Deactivate ပြုလုပ်နိုင်ပါတယ်။

အနာဂတ်မှာသာ eSIM တွေကပိုမိုတွင်ကျယ်လာပြီး Physical SIM တွေကိုမသုံးကြတော့တဲ့အခါ SIM Card Slot နေရာမှာ တစ်ခြားအစိတ်အပိုင်းတွေထပ်ထည့်လာနိုင်ပြီး ဖုန်းတွေရဲ့ အထူဟာလည်း ပိုပါးလာနိုင်ပါတယ်။ လောလောဆယ် eSIM Support ကို အသစ်ထွက် iPhone တွေနဲ့ တရုတ်ပြည်တွင်း Xiaomi ဖုန်းတစ်ချို့မှာ အသုံးပြုနေကြပါပြီ။ eSIM သီးသန့်ဖုန်းကတော့ လောလောဆယ် ထွက်ရှိလာမှာမဟုတ်သေးပဲ eSIM ရော Physical SIM ရော Support ပေးတဲ့ ဖုန်းတွေတော့ ထွက်ရှိလာတော့မှာပါ။