ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ရိုက်ကူးရတာဟာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ Final ပွဲကိုကြည့်ဖို့စောင့်နေကြတယ် နိုင်ငံအသီးသီးက ဘောလုံးပရိသတ်ဟာ အနည်းဆုံး 1 Billion ရှိပါတယ်။ ဒါ့အပြင် ဘောလုံးပွဲတစ်ပွဲကို ရိုက်ကူးရေးလုပ်ဖို့တင် လူရာပေါင်းများစွာနဲ့ နာရီပေါင်းများစွာ ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။

Source: techrader.com

Broadcaster ၃၀၀ လောက်က နိုင်ငံပေါင်း ၂၁၀ ကို တိုက်ရိုက် Live ထုတ်လွှင့်ပြသနေတဲ့ ကမ္ဘာ့ဖလားမှာ ပွဲတိုင်းကို အကောင်းဆုံး Quality နဲ့ရိုက်ကူးလို့ရဖို့ FIFA ကပြင်ဆင်ထားပါတယ်။ အဓိကအသုံးပြုတဲ့ Camera ပေါင်း ၃၇ လုံးရှိပြီး Ultra HD, HDR Quality နဲ့ရိုက်ကူးမှာ ဖြစ်ပါတယ်။ Broadcaster တွေအလွယ်တကူ ရွေးချယ်ပြီး ယူသုံးလို့ရမယ့် Hybrid UHD/HDR/1080p Setup ကို ဆင်ထားပါတယ်။ Camera ၃၇ လုံးမှာ ၈ လုံးဟာ UHD/4K Format နဲ့ရိုက်ပြီး အဲ့ဒီ ၈လုံးထဲမှာ Wide lens နဲ့ Cinematic ဆန်အောင်ရိုက်တဲ့ Camera တစ်လုံးလည်းပါပါတယ်။

Source: techrader.com

ဒါ့အပြင် ကမ္ဘာ့အမြန်ဆုံးဂိုးတွေကို မလွတ်သွားအောင် Super Slow Motion နဲ့ရိုက်တဲ့ Camera ၈ လုံးလည်း တပ်ဆင်ထားပါတယ်။ Cable Cam နဲ့ Cinefex Helicam ဆိုတဲ့ Camera ၂ မျိုးကို လည်းတပ်ဆင်ထားပြီး Reverse Corner Camera ၂ လုံးနဲ့ Tunnel Camera ၁ လုံးကိုလည်း တပ်ဆင်ထားပါသေးတယ်။ ဒါတင်မကပဲ ကမ္ဘာ့ဖလားကို Virtual Reality နဲ့ကြည့်ချင်တဲ့လူတွေအတွက် 360 degree ရိုက်ကူးနေတဲ့ Camera တစ်လုံးလည်းရှိပါတယ်။ ဒီလိုအသေးစိတ် သေချာပြင်ဆင်ထားလို့လည်း ဒီနှစ်ကမ္ဘာ့ဖလားဟာ ပွဲစဉ်အားလုံးကို Ultra HD နဲ့ကြည့်လို့ရတာဖြစ်ပါတယ်။