[Zawgyi]

● ႏိုင္ငံျခားကုမၸဏီမ်ားအနက္ တယ္လီေနာျမန္မာသည္ ကုန္သြယ္လုပ္ငန္းခြန္ ေပးေဆာင္မႈတြင္ အမ်ားဆုံးႏွင့္ ဝင္ေငြခြန္ ေပးေဆာင္မႈတြင္ ဒုတိယ အမ်ားဆုံးျဖစ္

● ျမန္မာႏိုင္ငံတြင္ လုပ္ငန္းစတင္ လုပ္ေဆာင္သည့္အခ်ိန္မွစ၍ တယ္လီေနာျမန္မာသည္ အစိုးရထံသို႔ အခြန္အရပ္ရပ္ အတြက္ က်ပ္ေငြ ၄၄၁ ဘီလီယံေက်ာ္ ေပးေဆာင္ခဲ့ၿပီးျဖစ္

ဇန္နဝါရီလ ၂၅ ရက္၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္ – ၂၀၁၇/၁၈ အခြန္စည္းၾကပ္ႏွစ္အတြင္း ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္ႏွင့္ အထူးကုန္စည္ခြန္ အမ်ားဆုံးေပးေဆာင္ခဲ့သူမ်ားအား ဂုဏ္ျပဳ မွတ္တမ္းလႊာ ေပးအပ္ ခ်ီးျမႇင့္ျခင္း အခမ္းအနားကို ယမန္ေန႔က ေနျပည္ေတာ္တြင္ က်င္းပျပဳလုပ္ခဲ့ရာ အဆိုပါအခြန္စည္းၾကပ္ႏွစ္ အတြင္း ကုန္သြယ္လုပ္ငန္းခြန္ေပးေဆာင္မႈ အမ်ားဆုံးႏိုင္ငံျခားကုမၸဏီအျဖစ္ တယ္လီေနာျမန္မာအား ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ကိုယ္တိုင္ တရားဝင္ဂုဏ္ျပဳခဲ့သည္။ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတ ေနအိမ္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ အဆိုပါဂုဏ္ျပဳပြဲအခမ္းအနားသို႔ တယ္လီေနာ ျမန္မာ၏ အမႈေဆာင္အရာရွိခ်ဳပ္ Mr Sharad Mehrotra ႏွင့္ ဘ႑ာေရးအရာရွိခ်ဳပ္ ေဒၚယဥ္ယဥ္ေဌးတို႔ တက္ေရာက္ခဲ့ၿပီး မွတ္တမ္းတင္ ဂုဏ္ျပဳလႊာမ်ား အား လက္ခံရယူခဲ့သည္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က လုပ္ငန္းရွင္ႀကီးမ်ားသည္ မိမိတို႔အက်ိဳးအတြက္ စီးပြားရွာၾကသကဲ့သို႔ ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္လည္း အေထာက္အပံ့ျပဳေနၾကသည့္ တာဝန္သိ၊ တာဝန္ေက်ပြန္ေသာ အခြန္ထမ္း ပုဂၢိဳလ္ႀကီး မ်ား ျဖစ္သည့္အတြက္ ႏိုင္ငံေတာ္အေနျဖင့္ ခ်ီးက်ဴးဂုဏ္ျပဳသင့္၍ ခ်ီးက်ဴးဂုဏ္ျပဳရျခင္းျဖစ္ပါေၾကာင္း၊ အခြန္ထမ္း လုပ္ငန္းရွင္ႀကီးမ်ားႏွင့္တကြ အခြန္ထမ္းျပည္သူမ်ားအေနျဖင့္ ေနာင္ႏွစ္မ်ားတြင္လည္း စီးပြားေရးလုပ္ငန္းမ်ား ပိုမို တိုးတက္ေအာင္ျမင္ၾကပါေစ၊ ေပးေဆာင္သင့္ ေပးေဆာင္ထိုက္ေသာ အခြန္ေငြမ်ားကိုလည္း မွန္ကန္စြာ ေပးေဆာင္ၿပီး ႏိုင္ငံေတာ္အက်ိဳး၊ မိမိအက်ိဳး အခ်ိဳးမွ်တစြာ သယ္ပိုးေဆာင္႐ြက္ႏိုင္ၾကပါေစဟု ဆုမြန္ေကာင္းေတာင္း ပါေၾကာင္း အခမ္းအနားတြင္ ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံေတာ္ အစိုးရက ယမန္ႏွစ္ ႏိုဝင္ဘာလတြင္ ထုတ္ျပန္ခဲ့ေသာ ၂၀၁၇/၁၈ အခြန္စည္းၾကပ္ႏွစ္အတြင္း အခြန္ေပးေဆာင္မႈအမ်ားဆုံး ကုမၸဏီမ်ားစာရင္းအရ တယ္လီေနာျမန္မာသည္ ကုန္သြယ္လုပ္ငန္းခြန္ အမ်ားဆုံး ေပးေဆာင္ေသာ ႏိုင္ငံျခားကုမၸဏီအျဖစ္ နံပါတ္ ၁ ေနရာ၌ ရပ္တည္ႏိုင္ခဲ့ၿပီး က်ပ္ေငြ ဘီလ်ံ ၅၀ ေက်ာ္ အခြန္ေပး ေဆာင္ခဲ့သည့္ တစ္ခုတည္းေသာ ႏိုင္ငံျခားကုမၸဏီအျဖစ္ ေဖာ္ျပျခင္းခံခဲ့ရသည္။ တစ္ခ်ိန္တည္းမွာပင္ ဝင္ေငြခြန္ ေပးေဆာင္မႈအမ်ားဆုံး ႏိုင္ငံျခားကုမၸဏီမ်ားစာရင္းတြင္လည္း တယ္လီေနာျမန္မာက ဒုတိယေနရာတြင္ ရပ္တည္ႏိုင္ခဲ့ သည္။ တယ္လီေနာျမန္မာသည္ ယခုစည္းၾကပ္ႏွစ္တြင္ ေကာ္ပရိတ္ဝင္ေငြခြန္အျဖစ္ က်ပ္ေငြ ဘီလ်ံ ၈၀ ေက်ာ္ ေပးေဆာင္ခဲ့ၿပီး ယမန္ႏွစ္ နံပါတ္ ၅ ေနရာမွ ယခုႏွစ္တြင္ နံပါတ္ ၂ ေနရာသို႔ တက္လွမ္းလာႏိုင္ခဲ့ျခင္းျဖစ္သည္။

တယ္လီေနာအေနျဖင့္ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းစတင္သည့္အခ်ိန္မွစ၍ ယခု အခြန္စည္းၾကပ္ႏွစ္အထိ ဝင္ေငြခြန္အျဖစ္ က်ပ္ေငြ ၂၄၁ ဘီလ်ံေက်ာ္ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္အျဖစ္ က်ပ္ေငြ ၈၁ ဘီလ်ံေက်ာ္ အသီးသီး ထမ္းေဆာင္ခဲ့ၿပီး ျဖစ္သည္။ ကုမၸဏီအေနျဖင့္ ယင္းကာလအတြင္း အခြန္အရပ္ရပ္အတြက္ က်ပ္ေငြ ၄၄၁ ဘီလ်ံေက်ာ္အား ႏိုင္ငံေတာ္ အစိုးရထံ အခြန္ထမ္းေဆာင္ခဲ့ၿပီး ျဖစ္သည္။

“တယ္လီေနာျမန္မာအေနနဲ႔ ႏိုင္ငံျခားကုမၸဏီေတြထဲမွာ အခြန္အမ်ားဆုံးေပးေဆာင္ခဲ့တဲ့ ကုမၸဏီအျဖစ္ ရပ္တည္ ႏိုင္ခဲ့ၿပီး ႏိုင္ငံေတာ္သမၼတရဲ႕ ဂုဏ္ျပဳမႈကိုလည္း ရရွိခဲ့တဲ့အတြက္ ကြၽန္ေတာ့္အေနနဲ႔ အရမ္းကို ေက်နပ္ဝမ္းေျမာက္မိ ပါတယ္။ တယ္လီေနာျမန္မာရဲ႕ အခြန္ေပးေဆာင္မႈေတြဟာ ျပည္သူလူထုအတြက္ အက်ိဳးျဖစ္ထြန္းေစမယ့္ စီးပြားေရးအေျခခံ အေဆာက္အအုံေတြျဖစ္တဲ့ လမ္းတံတား၊ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ လူမႈဖူလုံေရး က႑ေတြ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္တဲ့ေနရာမွာ သုံးစြဲမွာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔အေနနဲ႔ အရမ္းကို ဝမ္းသာပီတိျဖစ္မိပါတယ္။ ဆက္သြယ္ေရးက႑ အတြင္းမွာ ေရွ႕ေဆာင္ လမ္းျပသာဓကတစ္ခုအျဖစ္ ရပ္တည္ႏိုင္ခဲ့တဲ့ အတြက္လည္း တယ္လီေနာျမန္မာအေနနဲ႔ ဂုဏ္ယူဝမ္းေျမာက္မိၿပီး ျမန္မာႏိုင္ငံအတြက္ တာဝန္သိ လူမႈအက်ိဳးျပဳလုပ္ငန္းတစ္ခုအျဖစ္ လူ႔အသိုင္းအဝိုင္းအတြက္ ေကာင္းက်ိဳး သက္ေရာက္မႈ ေတြ ဖန္တီး ေပးေနတယ္ဆိုတာ အေသအခ်ာပါပဲ” ဟု တယ္လီေနာျမန္မာ၏ အမႈေဆာင္ အရာရွိခ်ဳပ္ ျဖစ္သူ Sharad Mehrotra က ေျပာၾကားသည္။

တယ္လီေနာျမန္မာသည္ ျမန္မာႏိုင္ငံတဝန္း၌ သင့္တင့္သည့္ေဈးႏႈန္းျဖင့္ လြယ္ကူစြာ ရယူႏိုင္သည့္ မိုဘိုင္း ဆက္သြယ္ေရး ဝန္ေဆာင္မႈမ်ားအား ၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလမွ စတင္ေပးအပ္လ်က္ရွိၿပီး လက္ရွိတြင္ ႏိုင္ငံတြင္း အက်ယ္ျပန႔္ဆုံးေသာ ကြန္ရက္မွတဆင့္ အေကာင္းမြန္ဆုံးေသာ သုံးစြဲမႈ အေတြ႕အႀကဳံမ်ားအား ေပးအပ္လ်က္ရွိသည္။ တယ္လီေနာျမန္မာသည္ ႏိုင္ငံတဝန္းရွိ ဆက္သြယ္ေရးတာဝါတိုင္ေပါင္း ၈,၃၀၀ ေက်ာ္ျဖင့္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး အားလုံးရွိ အသုံးျပဳသူေပါင္း ၁၈ သန္းေက်ာ္ထံသို႔ ၎၏ 2G၊ 3G ႏွင့္ 4G ကြန္ရက္မ်ားျဖင့္ ဝန္ေဆာင္မႈမ်ား ေပးအပ္လ်က္ ရွိသည္။ တယ္လီေနာျမန္မာ၏ မိခင္လုပ္ငန္းစု ျဖစ္ေသာ တယ္လီေနာလုပ္ငန္းစုသည္ ကမာၻ႔အႀကီးဆုံး မိုဘိုင္းေအာ္ပေရတာမ်ားအနက္တစ္ခု ျဖစ္ၿပီး စကင္ဒီေနးဗီးယန္းေဒသႏွင့္ အာရွတိုက္တဝန္းတြင္ အသုံးျပဳသူေပါင္း ၁၇၃ သန္းေက်ာ္အား ပိုင္ဆိုင္ထားကာ စီးပြားေရးလုပ္ငန္းမ်ားကို တာဝန္သိစြာ ေဆာင္႐ြက္ရန္ ရည္သန္ထားၿပီး လူမႈ ပတ္ဝန္းက်င္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ဦးတည္ေဆာင္႐ြက္ေနသည့္ လုပ္ငန္းစု တစ္ခု ျဖစ္သည္။

[Unicode]

တယ်လီနောမြန်မာအား အခွန်ပေးဆောင်မှုအများဆုံး ကုမ္ပဏီအဖြစ် နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဂုဏ်ပြု

● နိုင်ငံခြားကုမ္ပဏီများအနက် တယ်လီနောမြန်မာသည် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှုတွင် အများဆုံးနှင့် ဝင်ငွေခွန် ပေးဆောင်မှုတွင် ဒုတိယ အများဆုံးဖြစ်

● မြန်မာနိုင်ငံတွင် လုပ်ငန်းစတင် လုပ်ဆောင်သည့်အချိန်မှစ၍ တယ်လီနောမြန်မာသည် အစိုးရထံသို့ အခွန်အရပ်ရပ် အတွက် ကျပ်ငွေ ၄၄၁ ဘီလီယံကျော် ပေးဆောင်ခဲ့ပြီးဖြစ်

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန် – ၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခွန်စည်းကြပ်နှစ် အတွင်း ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်မှု အများဆုံးနိုင်ငံခြားကုမ္ပဏီအဖြစ် တယ်လီနောမြန်မာအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တရားဝင်ဂုဏ်ပြုခဲ့သည်။ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါဂုဏ်ပြုပွဲအခမ်းအနားသို့ တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr Sharad Mehrotra နှင့် ဘဏ္ဍာရေးအရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေးတို့ တက်ရောက်ခဲ့ပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာများ အား လက်ခံရယူခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လုပ်ငန်းရှင်ကြီးများသည် မိမိတို့အကျိုးအတွက် စီးပွားရှာကြသကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အပံ့ပြုနေကြသည့် တာဝန်သိ၊ တာဝန်ကျေပွန်သော အခွန်ထမ်း ပုဂ္ဂိုလ်ကြီး များ ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ချီးကျူးဂုဏ်ပြုသင့်၍ ချီးကျူးဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်း လုပ်ငန်းရှင်ကြီးများနှင့်တကွ အခွန်ထမ်းပြည်သူများအနေဖြင့် နောင်နှစ်များတွင်လည်း စီးပွားရေးလုပ်ငန်းများ ပိုမို တိုးတက်အောင်မြင်ကြပါစေ၊ ပေးဆောင်သင့် ပေးဆောင်ထိုက်သော အခွန်ငွေများကိုလည်း မှန်ကန်စွာ ပေးဆောင်ပြီး နိုင်ငံတော်အကျိုး၊ မိမိအကျိုး အချိုးမျှတစွာ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်း ပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော် အစိုးရက ယမန်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော ၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွင်း အခွန်ပေးဆောင်မှုအများဆုံး ကုမ္ပဏီများစာရင်းအရ တယ်လီနောမြန်မာသည် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သော နိုင်ငံခြားကုမ္ပဏီအဖြစ် နံပါတ် ၁ နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ကျပ်ငွေ ဘီလျံ ၅၀ ကျော် အခွန်ပေး ဆောင်ခဲ့သည့် တစ်ခုတည်းသော နိုင်ငံခြားကုမ္ပဏီအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ဝင်ငွေခွန် ပေးဆောင်မှုအများဆုံး နိုင်ငံခြားကုမ္ပဏီများစာရင်းတွင်လည်း တယ်လီနောမြန်မာက ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ သည်။ တယ်လီနောမြန်မာသည် ယခုစည်းကြပ်နှစ်တွင် ကော်ပရိတ်ဝင်ငွေခွန်အဖြစ် ကျပ်ငွေ ဘီလျံ ၈၀ ကျော် ပေးဆောင်ခဲ့ပြီး ယမန်နှစ် နံပါတ် ၅ နေရာမှ ယခုနှစ်တွင် နံပါတ် ၂ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်သည့်အချိန်မှစ၍ ယခု အခွန်စည်းကြပ်နှစ်အထိ ဝင်ငွေခွန်အဖြစ် ကျပ်ငွေ ၂၄၁ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ ၈၁ ဘီလျံကျော် အသီးသီး ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ယင်းကာလအတွင်း အခွန်အရပ်ရပ်အတွက် ကျပ်ငွေ ၄၄၁ ဘီလျံကျော်အား နိုင်ငံတော် အစိုးရထံ အခွန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။

“တယ်လီနောမြန်မာအနေနဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲမှာ အခွန်အများဆုံးပေးဆောင်ခဲ့တဲ့ ကုမ္ပဏီအဖြစ် ရပ်တည် နိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတရဲ့ ဂုဏ်ပြုမှုကိုလည်း ရရှိခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်းကို ကျေနပ်ဝမ်းမြောက်မိ ပါတယ်။ တယ်လီနောမြန်မာရဲ့ အခွန်ပေးဆောင်မှုတွေဟာ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးအခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ သုံးစွဲမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ဆက်သွယ်ရေးကဏ္ဍ အတွင်းမှာ ရှေ့ဆောင် လမ်းပြသာဓကတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အတွက်လည်း တယ်လီနောမြန်မာအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပြီး မြန်မာနိုင်ငံအတွက် တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် လူ့အသိုင်းအဝိုင်းအတွက် ကောင်းကျိုး သက်ရောက်မှု တွေ ဖန်တီး ပေးနေတယ်ဆိုတာ အသေအချာပါပဲ” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၃၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၃ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှု ပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစု တစ်ခု ဖြစ်သည်။