[Zawgyi]

ဇန္နဝါရီလ ၃၁ ရက္၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္ – တယ္လီေနာျမန္မာသည္ ၎၏ ဘ႑ာေရးဆိုင္ရာ အရာရွိခ်ဳပ္ ျဖစ္သူ ကာရိုလိုင္းယဥ္ယဥ္ေဌးကို ကုမၸဏီ၏ စီးပြားေရးဆိုင္ရာ အရာရွိခ်ဳပ္အျဖစ္ ေျပာင္းလဲခန္႔အပ္ၿပီး အသက္ ၄၀ အရြယ္ရွိ Mr. Helge Øien ကို ဘ႑ာေရးဆိုင္ရာ အရာရွိခ်ဳပ္သစ္အျဖစ္ ခန္႔အပ္ခဲ့သည္။ တာ၀န္အသစ္တြင္ ကာရိုလိုင္း ယဥ္ယဥ္ေဌး အေနျဖင့္ လ်င္ျမန္စြာ ဖြံ႔ၿဖိဳးတိုးတက္လ်က္ရွိေသာ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးက႑အတြင္း တယ္လီေနာ ျမန္မာ အေလးထားလုပ္ေဆာင္ေနသည့္ စီးပြားေရးလုပ္ငန္းမ်ား ပိုမိုအားေကာင္းလာေစရန္ တာဝန္ယူ ေဆာင္ရြက္ သြားမည္ျဖစ္သည္။ ဤ ခန္႔အပ္မႈ ၂ ခုလံုးသည္ ၂၀၁၉ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔တြင္ စတင္အသက္ဝင္မည္ျဖစ္သည္။

Mr. Øien သည္ ဤ ရာထူးမတိုင္မီက တယ္လီေနာလုပ္ငန္းစု၊ ကုမၸဏီမ်ား ပူးေပါင္းေဆာင္ရြက္ျခင္း လုပ္ငန္း စီမံခန္႔ခြဲေရး (M&A) ဌာန၏ အခ်က္အလက္ ဆန္းစစ္ေလ့လာေရးအဖြဲ႕ ဒုတိယဥကၠ႒ (Vice President of Analytics) အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး တယ္လီေနာလုပ္ငန္းစု၏ ရင္းႏွီးျမွဳပ္ႏွံသူမ်ားဆိုင္ရာ ဆက္ဆံေရး (Investor Relations – IR) ဌာန၏ ဒါရိုက္တာအျဖစ္ ၇ ႏွစ္ၾကာ တာဝန္ ထမ္းေဆာင္ခဲ့သူလည္း ျဖစ္သည္။ IR ဌာနတြင္ တာဝန္ ထမ္းေဆာင္ခဲ့စဥ္က ၎၏ ရင္းႏွီးျမဳပ္ႏွံသူမ်ား ဆက္ဆံေရးဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ားေၾကာင့္ တယ္လီေနာ သည္ ေနာ္ေဝႏိုင္ငံႏွင့္ ဥေရာပတဝန္းတြင္ ဆုတံဆိ္ပ္မ်ားစြာ ဆြတ္ခူးရရွိခဲ့ၿပီး Helge သည္လည္း ထိပ္တန္း IR ေခါင္းေဆာင္ တစ္ဦးအျဖစ္ အသိအမွတ္ျပဳခံခဲ့ရသည္။ တယ္လီေနာတြင္ တာ၀န္မထမ္းေဆာင္ခင္က Helge သည္ ေနာ္ေဝႏိုင္ငံရွိ Microsoft ကုမၸဏီ၏ စီးပြားေရး အခ်က္အလက္ ေလ့လာဆန္းစစ္ေရးအဖြဲ႔တြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ အျပင္ ေနာ္ေဝ ေငြေရးေၾကးေရး သတင္းအခ်က္အလက္ ေအဂ်င္စီ TDN Finans ၏ လက္ေထာက္အယ္ဒီတာအျဖစ္လည္း တာဝန္ ထမ္းေဆာင္ခဲ့သည္။

“တယ္လီေနာျမန္မာရဲ႕ ဘ႑ာေရးဆိုင္ရာ အရာရွိခ်ဳပ္အသစ္အျဖစ္ Helge ကို ႀကိဳဆိုပါတယ္။ သူဟာ ဘ႑ာေရးပိုင္း၊ နည္းပညာပိုင္းနဲ႔ လူမႈဆက္ဆံေရးနယ္ပယ္ေတြမွာ စိတ္ပါဝင္စားတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ လုပ္ေဆာင္ႏိုင္ စြမ္းေတြနဲ႔ ေကာင္းမြန္တဲ့ အေတြ႕အႀကံဳေတြက တယ္လီေနာျမန္မာအတြက္ အမ်ားႀကီး အက်ိဳးရွိေစမယ္လို႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္။ ေနာက္ၿပီး ကုမၸဏီရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈေတြအတြက္လည္း ႀကီးမားတဲ့ အေထာက္အကူတစ္ရပ္ ျဖစ္ေစ မွာပါ” ဟု တယ္လီေနာျမန္မာ၏ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္သူ Sharad Mehrotra က ေျပာၾကားသည္။

“ကၽြန္ေတာ့္အေနနဲ႔ ျမန္မာႏိုင္ငံကို တယ္လီေနာ စတင္ဝင္ေရာက္လာတဲ့ အခ်ိန္ကတည္းက ဒီကုမၸဏီ အေၾကာင္းကို ေလ့လာျဖစ္ခဲ့ၿပီး တယ္လီေနာျမန္မာ အဖြဲ႕သားေတြအားလံုးရဲ႕ ေကာင္းမြန္လွတဲ့ စြမ္းေဆာင္မႈေတြ အတြက္လည္း အံ့အားသင့္ခဲ့ရပါတယ္။ တယ္လီေနာျမန္မာနဲ႔အတူ အခုလို လက္တြဲလုပ္ေဆာင္ရေတာ့မယ့္အတြက္ အရမ္းကို စိတ္လႈပ္ရွားေနမိၿပီး ကုမၸဏီရဲ႕ဖြံ႔ၿဖိဳးတိုးတက္မႈေတြကို အမ်ားႀကီး အေထာက္အကူျဖစ္ေစဖို႔ ႀကိဳးစား ေဆာင္ရြက္သြား မွာ ျဖစ္ပါတယ္” ဟု ဘ႑ာေရးဆိုင္ရာ အရာရွိခ်ဳပ္အသစ္ ျဖစ္သူ Helge Øien က ေျပာၾကားသည္။

တယ္လီေနာျမန္မာ၏ ယခုလက္ရွိ ဘ႑ာေရးဆိုင္ရာ အရာရွိခ်ဳပ္ျဖစ္သူ ကာရိုလိုင္းယဥ္ယဥ္ေဌးသည္ စီးပြားေရး ဆိုင္ရာ အရာရွိခ်ဳပ္အျဖစ္ ေျပာင္းလဲတာဝန္ထမ္းေဆာင္သြားမည္ ျဖစ္ၿပီး တယ္လီေနာျမန္မာ၏ စီမံခန္႔ခြဲေရးအဖြဲ႕ဝင္ တစ္ဦးအျဖစ္ ဆက္လက္ေဆာင္ရြက္သြားမည္ ျဖစ္သည္။ ကာရိုလိုင္းယဥ္ယဥ္ေဌးသည္ တယ္လီေနာျမန္မာသို႔ ဘ႑ာေရးႏွင့္အခြန္ဆိုင္ရာ တာ၀န္ရွိသူတစ္ဦးအျဖစ္ ၂၀၁၃ ခုႏွစ္တြင္ စတင္ဝင္ေရာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္၊ ၾသဂုတ္လတြင္ ဘ႑ာေရးဆိုင္ရာအရာရွိခ်ဳပ္အျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရသည္။ ကာရိုလိုင္းယဥ္ယဥ္ေဌးသည္ တယ္လီေနာ ျမန္မာ၏ ဘ႑ာေရးဆိုင္ရာစြမ္းေဆာင္ရည္မ်ား ပိုမိုေကာင္းမြန္လာေစရန္ အဓိကက်ေသာေနရာမွ ပါဝင္လုပ္ေဆာင္ ခဲ့သူတစ္ဦး ျဖစ္သည့္အျပင္ ဆက္သြယ္ေရးက႑အတြင္းရွိ မတူညီေသာ ရာထူးေနရာအသီးသီးတြင္ ႏွစ္ေပါင္း ၂၀ နီးပါး လုပ္ကိုင္ေဆာင္ရြက္ခဲ့သည့္ အေတြ႔အႀကံဳမ်ားျပားသူတစ္ဦးျဖစ္သည္။

[Unicode]

တယ်လီနောမြန်မာ၏ ပထမဦးဆုံးသော စီးပွားရေးဆိုင်ရာအရာရှိချုပ်အဖြစ် ကာရိုလိုင်းယဉ်ယဉ်ဌေးကို ခန့်အပ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် အဖြစ် Helge Øien အား ခန့်အပ်

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန် – တယ်လီနောမြန်မာသည် ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ဖြစ်သူ ကာရိုလိုင်းယဉ်ယဉ်ဌေးကို ကုမ္ပဏီ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ်အဖြစ် ပြောင်းလဲခန့်အပ်ပြီး အသက် ၄၀ အရွယ်ရှိ Mr. Helge Øien ကို ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်သစ်အဖြစ် ခန့်အပ်ခဲ့သည်။ တာဝန်အသစ်တွင် ကာရိုလိုင်း ယဉ်ယဉ်ဌေး အနေဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွင်း တယ်လီနော မြန်မာ အလေးထားလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်သည်။ ဤ ခန့်အပ်မှု ၂ ခုလုံးသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

Mr. Øien သည် ဤ ရာထူးမတိုင်မီက တယ်လီနောလုပ်ငန်းစု၊ ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်း စီမံခန့်ခွဲရေး (M&A) ဌာန၏ အချက်အလက် ဆန်းစစ်လေ့လာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (Vice President of Analytics) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တယ်လီနောလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံသူများဆိုင်ရာ ဆက်ဆံရေး (Investor Relations – IR) ဌာန၏ ဒါရိုက်တာအဖြစ် ၇ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ IR ဌာနတွင် တာဝန် ထမ်းဆောင်ခဲ့စဉ်က ၎င်း၏ ရင်းနှီးမြုပ်နှံသူများ ဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ချက်များကြောင့် တယ်လီနော သည် နော်ဝေနိုင်ငံနှင့် ဥရောပတဝန်းတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့ပြီး Helge သည်လည်း ထိပ်တန်း IR ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ တယ်လီနောတွင် တာဝန်မထမ်းဆောင်ခင်က Helge သည် နော်ဝေနိုင်ငံရှိ Microsoft ကုမ္ပဏီ၏ စီးပွားရေး အချက်အလက် လေ့လာဆန်းစစ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အပြင် နော်ဝေ ငွေရေးကြေးရေး သတင်းအချက်အလက် အေဂျင်စီ TDN Finans ၏ လက်ထောက်အယ်ဒီတာအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

“တယ်လီနောမြန်မာရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်အသစ်အဖြစ် Helge ကို ကြိုဆိုပါတယ်။ သူဟာ ဘဏ္ဍာရေးပိုင်း၊ နည်းပညာပိုင်းနဲ့ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ စိတ်ပါဝင်စားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်နိုင် စွမ်းတွေနဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေက တယ်လီနောမြန်မာအတွက် အများကြီး အကျိုးရှိစေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နောက်ပြီး ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်လည်း ကြီးမားတဲ့ အထောက်အကူတစ်ရပ် ဖြစ်စေ မှာပါ” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို တယ်လီနော စတင်ဝင်ရောက်လာတဲ့ အချိန်ကတည်းက ဒီကုမ္ပဏီ အကြောင်းကို လေ့လာဖြစ်ခဲ့ပြီး တယ်လီနောမြန်မာ အဖွဲ့သားတွေအားလုံးရဲ့ ကောင်းမွန်လှတဲ့ စွမ်းဆောင်မှုတွေ အတွက်လည်း အံ့အားသင့်ခဲ့ရပါတယ်။ တယ်လီနောမြန်မာနဲ့အတူ အခုလို လက်တွဲလုပ်ဆောင်ရတော့မယ့်အတွက် အရမ်းကို စိတ်လှုပ်ရှားနေမိပြီး ကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို အများကြီး အထောက်အကူဖြစ်စေဖို့ ကြိုးစား ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်” ဟု ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်အသစ် ဖြစ်သူ Helge Øien က ပြောကြားသည်။

တယ်လီနောမြန်မာ၏ ယခုလက်ရှိ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ ကာရိုလိုင်းယဉ်ယဉ်ဌေးသည် စီးပွားရေး ဆိုင်ရာ အရာရှိချုပ်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်သွားမည် ဖြစ်ပြီး တယ်လီနောမြန်မာ၏ စီမံခန့်ခွဲရေးအဖွဲ့ဝင် တစ်ဦးအဖြစ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ကာရိုလိုင်းယဉ်ယဉ်ဌေးသည် တယ်လီနောမြန်မာသို့ ဘဏ္ဍာရေးနှင့်အခွန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအဖြစ် ၂၀၁၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ကာရိုလိုင်းယဉ်ယဉ်ဌေးသည် တယ်လီနော မြန်မာ၏ ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်များ ပိုမိုကောင်းမွန်လာစေရန် အဓိကကျသောနေရာမှ ပါဝင်လုပ်ဆောင် ခဲ့သူတစ်ဦး ဖြစ်သည့်အပြင် ဆက်သွယ်ရေးကဏ္ဍအတွင်းရှိ မတူညီသော ရာထူးနေရာအသီးသီးတွင် နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများပြားသူတစ်ဦးဖြစ်သည်။