[Zawgyi]

· တယ္လီေနာ၏ prepaid ႏွင့္ star postpaid အသုံးျပဳသူမ်ား ထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနစဥ္ စာရင္းေပးသြင္းခ ၉၉၉ က်ပ္မွ်ျဖင့္ ၃ ရက္ၾကာ အင္တာနက္အသုံးျပဳသြားႏိုင္မည္ျဖစ္

ေဖေဖာ္ဝါရီလ ၂၁ ရက္၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္ – ထိုင္းႏိုင္ငံသို႔ အလုပ္သြားေရာက္လုပ္ကိုင္ေနၾကေသာ သို႔မဟုတ္ သြားေရာက္လည္ပတ္ၾကေသာ တယ္လီေနာ prepaid ႏွင့္ star postpaid အသုံးျပဳသူမ်ား အားလုံးအတြက္ ႏိုင္ငံရပ္ျခား အင္တာနက္အသုံးျပဳႏိုင္မည့္ အထူးအစီအစဥ္တစ္ရပ္အား တယ္လီေနာျမန္မာက စတင္မိတ္ဆက္ လိုက္ၿပီျဖစ္သည္။ တယ္လီေနာအသုံးျပဳသူမ်ားအေနျဖင့္ ဤပ႐ိုမိုးရွင္းအစီအစဥ္ေၾကာင့္ ထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနစဥ္ တြင္ စာရင္းေပးသြင္းခ ၉၉၉ က်ပ္မွ်ျဖင့္ အင္တာနက္ကို အပူအပင္မရွိ လြယ္ကူစြာ အသုံးျပဳႏိုင္ေတာ့မည္ ျဖစ္သည္။

အဆိုပါ ပ႐ိုမိုးရွင္းအား တစ္ႀကိမ္စာရင္းေပးသြင္းလိုက္သည္ႏွင့္ တၿပိဳင္နက္ ၃ ရက္ၾကာ (၇၂ နာရီ) အင္တာနက္ အသုံးျပဳခြင့္ ရရွိမည္ျဖစ္ၿပီး သုံးစြဲသူမ်ားအေနႏွင့္ တစ္ရက္တာလွ်င္ ေဒတာပမာဏ 1 GB အား အျမင့္ဆုံးရရွိ ႏိုင္မည့္ အင္တာနက္အျမန္ႏႈန္းျဖင့္ အသုံးျပဳႏိုင္မည္ျဖစ္ၿပီး သတ္မွတ္ထားေသာ ေဒတာပမာဏ (1 GB) ကုန္ဆုံးသြား ပါကလည္း သတ္မွတ္အျမန္ႏႈန္း တစ္စကၠန႔္လွ်င္ 256 ကီလိုဘိုက္ျဖင့္ ဆက္လက္အသုံးျပဳသြားႏိုင္မည္ ျဖစ္သည့္ အတြက္ အီးေမးလ္စစ္ျခင္း၊ လူမႈကြန္ရက္မ်ား အသုံးျပဳျခင္း အစရွိသည္တို႔အား အပူအပင္မရွိ ဆက္လက္ လုပ္ေဆာင္ ႏိုင္မည္ျဖစ္သည္။

“ထိုင္းႏိုင္ငံဟာ ျမန္မာလူမ်ိဳးေတြအတြက္ အပန္းေျဖခရီးထြက္ဖို႔ပဲျဖစ္ျဖစ္၊ အလုပ္ကိစၥအတြက္ပဲျဖစ္ျဖစ္ အသြားအလာ အမ်ားဆုံးႏိုင္ငံတစ္ခု ျဖစ္တယ္ဆိုတာ ကြၽန္ေတာ္တို႔ သိရွိထားပါတယ္။ အခုေနာက္ဆုံးမိတ္ဆက္လိုက္တဲ့ ႏိုင္ငံရပ္ျခား အင္တာနက္ အသုံးျပဳမႈအစီအစဥ္နဲ႔အတူ ထိုင္းႏိုင္ငံကို သြားေရာက္လည္ပတ္သူေတြအေနနဲ႔ အင္တာနက္ကို အပူအပင္မရွိဘဲ အသက္သာဆုံးႏႈန္းထားနဲ႔ အသုံးျပဳသြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ အသုံးျပဳသူေတြဟာ ျမန္မာေငြ ၉၉၉ က်ပ္ အသုံးျပဳ႐ုံမွ်နဲ႔ ထိုင္းႏိုင္ငံမွာရွိေနစဥ္ သူတို႔ရဲ႕ သူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြနဲ႔ အဆက္အသြယ္မျပတ္ ေနႏိုင္မွာျဖစ္ၿပီး ႐ုံးလုပ္ငန္းကိစၥေတြကိုလည္း အလြယ္တကူလုပ္ကိုင္ႏိုင္မွာ ျဖစ္ပါတယ္။ သုံးစြဲသူေတြအေနနဲ႔ ထိုင္းႏိုင္ငံကို ေရာက္ရွိေနစဥ္ ကာလတစ္ေလွ်ာက္လုံးမွာ အင္တာနက္ကုန္က်စားရိတ္အတြက္ တစ္စုံတစ္ရာ ပူပင္စရာ မလိုေတာ့သလို ဆင္းမ္ကတ္ေျပာင္းသုံးစရာလည္း မလိုေတာ့ဘဲ သူတို႔ရဲ႕ ေန႔စဥ္ဘဝအတြက္ အေရးပါတဲ့ အရာေတြနဲ႔ ဆက္လက္ အဆက္အသြယ္မျပတ္ရွိေနႏိုင္မွာ ျဖစ္ပါတယ္” ဟု တယ္လီေနာျမန္မာ၏ ေဈးကြက္ေဖာ္ေဆာင္ေရး အရာရွိခ်ဳပ္ျဖစ္သူ Amaresh Kumar က ေျပာၾကားသည္။

ထိုင္းႏိုင္ငံတြင္ အင္တာနက္သုံးစြဲရသည့္ ယခင္ပုံမွန္ႏႈန္းထားမွာ ၁ မဂၢါဘိုက္လွ်င္ ၁၅ က်ပ္မွ် က်သင့္ေသာ္လည္း ယခု ပ႐ိုမိုးရွင္းကာလအတြင္း တယ္လီေနာအသုံးျပဳသူမ်ားသည္ ၉၉၉ က်ပ္ ေပးသြင္း႐ုံမွ်ျဖင့္ ၃ ရက္ၾကာ အင္တာနက္ အား အပူအပင္မရွိ အသုံးျပဳသြားႏိုင္မည္ျဖစ္သည္။ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွ စတင္၍ ထပ္မံမေၾကညာမီအခ်ိန္ အထိ တယ္လီေနာ၏ prepaid ႏွင့္ star postpaid အသုံးျပဳသူမ်ားသည္ အဆိုပါ ပ႐ိုမိုးရွင္းအား MyTelenor app မွ တဆင့္ ျဖစ္ေစ၊ သို႔မဟုတ္ 500 သို႔ ‘Thai3’ သို႔ စာတိုေပးပို႔ျခင္းျဖင့္ ျဖစ္ေစ ရယူသြားႏိုင္မည္ ျဖစ္သည္။ ထို႔အျပင္ တယ္လီေနာ၏ prepaid အသုံးျပဳသူမ်ားသည္ *979*2*5*6# သို႔ ဖုန္းေခၚဆို၍ ျဖစ္ေစ၊ Star Postpaid အသုံးျပဳသူ မ်ားသည္ *999*1*1*12# သို႔ ဖုန္းေခၚဆို၍ ျဖစ္ေစ အဆိုပါ ပ႐ိုမိုးရွင္းအစီအစဥ္အား အလြယ္တကူ ရယူသြားႏိုင္ မည္ ျဖစ္သည္။

ပိုမိုက်ယ္ျပန႔္ေနသည့္ တယ္လီေနာ၏ ႏိုင္ငံတကာ roaming ကြန္ရက္

တယ္လီေနာ ဆင္းမ္ကတ္အသုံးျပဳႏိုင္ေသာ ႏိုင္ငံမ်ား၊ roaming မိတ္ဖက္ မိုဘိုင္းေအာ္ပေရတာမ်ား ပိုမိုတိုးပြားလာ သည္ႏွင့္အမွ် အသုံးျပဳသူမ်ား ခရီးသြားလာေနစဥ္ေသာ္လည္းေကာင္း၊ ႏိုင္ငံတြင္းမွတဆင့္ ႏိုင္ငံျပင္ပရွိ မိသားစုမ်ား၊ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ ဆက္သြယ္ႏိုင္ရန္ေသာ္လည္းေကာင္း ရည္႐ြယ္၍ လြယ္ကူသက္သာေသာ ဝန္ေဆာင္မႈ မ်ားကို တယ္လီေနာက ေပးအပ္လ်က္ရွိသည္။ ယခုလက္ရွိတြင္ တယ္လီေနာအသုံးျပဳသူမ်ားသည္ ကမာၻတဝန္းရွိ ႏိုင္ငံေပါင္း ၁၂၅ ႏိုင္ငံသို႔ေရာက္ရွိေနစဥ္တြင္ မိတ္ဖက္ေအာ္ပေရတာေပါင္း ၁၇၁ ခု၏ကြန္ရက္ကို ခ်ိတ္ဆက္ အသုံးျပဳ ႏိုင္ေနၿပီျဖစ္သည္။ တယ္လီေနာ၏ 4G roaming ဝန္ေဆာင္မႈအား လက္ရွိတြင္ တ႐ုတ္၊ ထိုင္း၊ မေလးရွား၊ စင္ကာပူ၊ ဂ်ပန္၊ ယူေအအီး၊ ကေနဒါ၊ မကာအို၊ ထိုင္ဝမ္၊ နယူးဇီလန္၊ ဆြီဒင္၊ ဘယ္လ္ဂ်ီယံႏွင့္ ေနာ္ေဝႏိုင္ငံမ်ားတြင္ သုံးစြဲႏိုင္ၿပီ ျဖစ္ၿပီး အျခားေသာႏိုင္ငံမ်ားတြင္ပါ သုံးစြဲႏိုင္ေစရန္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္။ အလားတူပင္ ျပည္ပ ႏိုင္ငံ ေပါင္း ၁၃၄ ႏိုင္ငံမွ မိတ္ဖက္ေအာ္ပေရတာေပါင္း ၂၂၇ ခု၏ သုံးစြဲသူမ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံသို႔ ေရာက္ရွိ ေနစဥ္အတြင္း တယ္လီေနာကြန္ရက္ကို ခ်ိတ္ဆက္အသုံးျပဳႏိုင္ေနၿပီ ျဖစ္သည္။

[Unicode]

ထိုင်းနိုင်ငံသို့မကြာခဏသွားရောက်သူများ ဈေးနှုန်းအသက်သာဆုံးဖြင့်အင်တာနက် သုံးနိုင်မည့် အစီအစဉ်သစ် တယ်လီနော မိတ်ဆက်

· တယ်လီနော၏ prepaid နှင့် star postpaid အသုံးပြုသူများ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် စာရင်းပေးသွင်းခ ၉၉၉ ကျပ်မျှဖြင့် ၃ ရက်ကြာ အင်တာနက်အသုံးပြုသွားနိုင်မည်ဖြစ်

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန် – ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နေကြသော သို့မဟုတ် သွားရောက်လည်ပတ်ကြသော တယ်လီနော prepaid နှင့် star postpaid အသုံးပြုသူများ အားလုံးအတွက် နိုင်ငံရပ်ခြား အင်တာနက်အသုံးပြုနိုင်မည့် အထူးအစီအစဉ်တစ်ရပ်အား တယ်လီနောမြန်မာက စတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။ တယ်လီနောအသုံးပြုသူများအနေဖြင့် ဤပရိုမိုးရှင်းအစီအစဉ်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် တွင် စာရင်းပေးသွင်းခ ၉၉၉ ကျပ်မျှဖြင့် အင်တာနက်ကို အပူအပင်မရှိ လွယ်ကူစွာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

အဆိုပါ ပရိုမိုးရှင်းအား တစ်ကြိမ်စာရင်းပေးသွင်းလိုက်သည်နှင့် တပြိုင်နက် ၃ ရက်ကြာ (၇၂ နာရီ) အင်တာနက် အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး သုံးစွဲသူများအနေနှင့် တစ်ရက်တာလျှင် ဒေတာပမာဏ 1 GB အား အမြင့်ဆုံးရရှိ နိုင်မည့် အင်တာနက်အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသော ဒေတာပမာဏ (1 GB) ကုန်ဆုံးသွား ပါကလည်း သတ်မှတ်အမြန်နှုန်း တစ်စက္ကန့်လျှင် 256 ကီလိုဘိုက်ဖြင့် ဆက်လက်အသုံးပြုသွားနိုင်မည် ဖြစ်သည့် အတွက် အီးမေးလ်စစ်ခြင်း၊ လူမှုကွန်ရက်များ အသုံးပြုခြင်း အစရှိသည်တို့အား အပူအပင်မရှိ ဆက်လက် လုပ်ဆောင် နိုင်မည်ဖြစ်သည်။

“ထိုင်းနိုင်ငံဟာ မြန်မာလူမျိုးတွေအတွက် အပန်းဖြေခရီးထွက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် အသွားအလာ အများဆုံးနိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်။ အခုနောက်ဆုံးမိတ်ဆက်လိုက်တဲ့ နိုင်ငံရပ်ခြား အင်တာနက် အသုံးပြုမှုအစီအစဉ်နဲ့အတူ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်သူတွေအနေနဲ့ အင်တာနက်ကို အပူအပင်မရှိဘဲ အသက်သာဆုံးနှုန်းထားနဲ့ အသုံးပြုသွားနိုင်တော့မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ မြန်မာငွေ ၉၉၉ ကျပ် အသုံးပြုရုံမျှနဲ့ ထိုင်းနိုင်ငံမှာရှိနေစဉ် သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မပြတ် နေနိုင်မှာဖြစ်ပြီး ရုံးလုပ်ငန်းကိစ္စတွေကိုလည်း အလွယ်တကူလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ် ကာလတစ်လျှောက်လုံးမှာ အင်တာနက်ကုန်ကျစားရိတ်အတွက် တစ်စုံတစ်ရာ ပူပင်စရာ မလိုတော့သလို ဆင်းမ်ကတ်ပြောင်းသုံးစရာလည်း မလိုတော့ဘဲ သူတို့ရဲ့ နေ့စဉ်ဘဝအတွက် အရေးပါတဲ့ အရာတွေနဲ့ ဆက်လက် အဆက်အသွယ်မပြတ်ရှိနေနိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အင်တာနက်သုံးစွဲရသည့် ယခင်ပုံမှန်နှုန်းထားမှာ ၁ မဂ္ဂါဘိုက်လျှင် ၁၅ ကျပ်မျှ ကျသင့်သော်လည်း ယခု ပရိုမိုးရှင်းကာလအတွင်း တယ်လီနောအသုံးပြုသူများသည် ၉၉၉ ကျပ် ပေးသွင်းရုံမျှဖြင့် ၃ ရက်ကြာ အင်တာနက် အား အပူအပင်မရှိ အသုံးပြုသွားနိုင်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်၍ ထပ်မံမကြေညာမီအချိန် အထိ တယ်လီနော၏ prepaid နှင့် star postpaid အသုံးပြုသူများသည် အဆိုပါ ပရိုမိုးရှင်းအား MyTelenor app မှ တဆင့် ဖြစ်စေ၊ သို့မဟုတ် 500 သို့ ‘Thai3’ သို့ စာတိုပေးပို့ခြင်းဖြင့် ဖြစ်စေ ရယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ prepaid အသုံးပြုသူများသည် *979*2*5*6# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Star Postpaid အသုံးပြုသူ များသည် *999*1*1*12# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်အား အလွယ်တကူ ရယူသွားနိုင် မည် ဖြစ်သည်။

ပိုမိုကျယ်ပြန့်နေသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

တယ်လီနော ဆင်းမ်ကတ်အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမိုတိုးပွားလာ သည်နှင့်အမျှ အသုံးပြုသူများ ခရီးသွားလာနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတဆင့် နိုင်ငံပြင်ပရှိ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်နိုင်ရန်သော်လည်းကောင်း ရည်ရွယ်၍ လွယ်ကူသက်သာသော ဝန်ဆောင်မှု များကို တယ်လီနောက ပေးအပ်လျက်ရှိသည်။ ယခုလက်ရှိတွင် တယ်လီနောအသုံးပြုသူများသည် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၂၅ နိုင်ငံသို့ရောက်ရှိနေစဉ်တွင် မိတ်ဖက်အော်ပရေတာပေါင်း ၁၇၁ ခု၏ကွန်ရက်ကို ချိတ်ဆက် အသုံးပြု နိုင်နေပြီဖြစ်သည်။ တယ်လီနော၏ 4G roaming ဝန်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံနှင့် နော်ဝေနိုင်ငံများတွင် သုံးစွဲနိုင်ပြီ ဖြစ်ပြီး အခြားသောနိုင်ငံများတွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အလားတူပင် ပြည်ပ နိုင်ငံ ပေါင်း ၁၃၄ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၂၂၇ ခု၏ သုံးစွဲသူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း တယ်လီနောကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်သည်။