တရုတ္အေျခစုိက္ နည္းပညာကုမၸဏီၾကီး Tencent ဟာ ဗီဒီယုိဂိမ္း ထုတ္လုပ္ေရးေလာက ထဲမွာလည္း League of Legends ကိုထုတ္လုပ္ခဲ့တဲ့ Riot Games, Clash of Clans မုိဘုိင္းဂိမ္းကို ထုတ္လုပ္သူ Supercell အစရွိ ဂိမ္းကုမၸဏီေပါင္းမ်ားစြာရဲ႕ အဓိကရွယ္ယာရာခုိင္ႏႈန္းေတြကို ပုိင္ဆုိင္ထားသူ ျဖစ္ပါတယ္။ ယခုအခါ တရုတ္ အစုိးရမွ လူငယ္ေတြ ခံစားေနရတဲ့ ဗီဒီယုိဂိမ္းစြဲလမ္းမႈနဲ႔ ပတ္သက္ျပီး သေဘာထားတင္းမာလာခ်ိန္မွာ Tencent ကုမၸဏီက သူတုိ႔ပုိင္ဆုိင္တဲ့ ဂိမ္းအမ်ားစုမွာ ငယ္ရြယ္ေသးတဲ့ ကစားသူေတြကို တစ္ေန႔တာ ကစားခ်ိန္ ကန္႔သတ္ေပးမယ့္ အစီအစဥ္ကို စတင္သြားမယ္လို႔ ေၾကညာလိုက္ပါတယ္။

ရွန္က်န္းျမိဳ႕အေျခစိုက္ Tencent ဟာ သူတုိ႔ရဲ႕ WeChat အေကာင့္ကေန တရားဝင္ေၾကညာခဲ့ျပီး အသက္ ၁၂ ႏွစ္ေအာက္ လူငယ္ေတြဟာ တစ္ေန႔ကို တစ္နာရီသာ Tencent ရဲ႕ဂိမ္းေတြကို ကစားခြင့္ရေတာ့မွာ ျဖစ္ကာ ညကိုးနာရီကေန မနက္ရွစ္နာရီအတြင္းမွာလည္း ဝင္ေရာက္ကစားႏုိင္ျခင္း မရွိေအာင္ ပိတ္ပင္သြားမယ္လို႔ ဆုိတယ္။ အသက္ ၁၃ မွ ၁၈ ႏွစ္အတြင္း လူငယ္ေတြကေတာ့ တစ္ေန႔ကို အမ်ားဆုံး ႏွစ္နာရီပဲ ေဆာ့ခြင့္ရွိမွာပါ။

လူငယ္ေတြရဲ႕ Identity ကို အတည္ျပဳျပီး အသက္အရြယ္ အလုိက္ ကန္႔သတ္ဖို႔ နည္းပညာနဲ႔ တားျမစ္ႏုိင္ေအာင္ ၾကိဳးစားသြားမယ္လို႔ ဆုိတဲ့ Tencent ဟာ တရုတ္ျပည္တြင္းမွာ အင္မတန္လူၾကိဳက္မ်ားတဲ့ သူတုိ႔ရဲ႕ “Honour of Kings” ဂိမ္းမွာ အသက္နဲ႔လိုက္ျပီး ကစားခ်ိန္ကန္႔သတ္တဲ့ စနစ္ကို စက္တင္ဘာလမွာ စတင္စမ္းသပ္သုံးစြဲခဲ့တယ္လို႔ ဆုိပါတယ္။ လက္ရွိမွာ မ်က္ႏွာသိမွတ္ဆင္ဆာစနစ္ “Facial Recognition” နဲ႔ပါ တားျမစ္ႏုိင္ေအာင္ ၾကိဳးစားေနေၾကာင္း ကုမၸဏီက ေျပာခဲ့တယ္။ Tencent ဟာ အျခားနာမည္ၾကီး ဂိမ္းကုိးခုကိုလဲ ဒီႏွစ္ကုန္မွာ ကန္႔သတ္ခ်က္နည္းပညာ ထည့္သြင္းဖို႔ ၾကိဳးစားသြားမွာျဖစ္ေၾကာင္း ကတိေပးခဲ့ျပီး ရွိရွိသမွ် ဂိမ္းအားလုံးကိုေတာ့ ၂၀၁၉ ခုႏွစ္မွာ ကန္႔သတ္ခ်က္ အျပီးထည့္သြင္းသြားမွာပါ။

ျပီးခဲ့တဲ့ႏွစ္ပုိင္းေတြမွာ တရုတ္ျပည္က အရာရွိေတြဟာ တုိးျမင့္လာတဲ့ အေဝးမႈန္မႈ ပမာဏနဲ႔ ဂိမ္းစြဲလမ္းျခင္း တုိ႔ေၾကာင့္ ဗီဒီယုိဂိမ္းထုတ္လုပ္ေရးက႑ကို ပစ္မွတ္ထားလာၾကတာပါ။ အခုႏွစ္ မတ္လတုန္းက ဂိမ္းအသစ္ေတြ ျဖန္႔ခ်ိမႈကို အတည္ျပဳျခင္းအား လုံးဝရပ္တန္႔ပစ္ခဲ့ျပီး လူငယ္ေတြကို အီလက္ထေရာနစ္ဂတ္ဂ်က္ေတြ ေလွ်ာ့သုံးဖို႔ ရည္ရြယ္တဲ့ ဥပေဒအသစ္ေတြ ျပဌာန္းခဲ့ပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ ကမာၻ႔အၾကီးဆုံး ဂိမ္းကုမၸဏီတစ္ခုျဖစ္တဲ့ Tencent မွာ ထိခုိက္မႈၾကီးၾကီးမားမား ၾကဳံခဲ့ရျပီး ဇႏၷဝါရီလမွာ ရွိခဲ့တဲ့ အျမင့္ဆုံးကုမၸဏီတန္ဖိုးစံခ်ိန္မွ ေဒၚလာ သန္း ၂၅၀ ဘီလီယံထိ ကုမၸဏီေစ်းကြက္တန္ဖိုး ေလ်ာ့က်သြားခဲ့ေၾကာင္း ဘလြန္းဘာ့ဂ္ သတင္းဌာနက အစီရင္ခံခဲ့ပါတယ္။

ဒါေပမယ့္ အခုလို ေျပာင္းလဲေပးရတာဟာ Tencent အတြက္ေတာ့ အဆမတန္ အလုပ္ပိုလာတာ ျဖစ္ျပီး တရုတ္ႏုိင္ငံတြင္းမွာတင္ ဂိမ္းအားလုံးစုစုေပါင္းရဲ႕ ကစားသူဦးေရ သန္းေျခာက္ရာကို စစ္ေဆးရမွာ ျဖစ္တယ္လို႔ သိရတယ္။ ကုမၸဏီကေတာ့ WeChat ပုိစ့္မွာ အခုလို ဂိမ္းစြဲလမ္းျခင္းကို တုိက္ဖ်က္ေရးအတြက္ သူ႕မွာ တာဝန္ရွိတယ္လို႔ ခံယူေၾကာင္း ေၾကညာခဲ့ျပီး အနာဂါတ္မွာ ငယ္ရြယ္သူေတြကို ကာကြယ္ေပးဖို႔ ေနာက္ဆုံးေပၚ နည္းပညာေတြကို သုံးစြဲသြားမယ္လို႔ ဆုိပါတယ္။

Ref – Washington Post

Unicode

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီး Tencent ဟာ ဗီဒီယိုဂိမ်း ထုတ်လုပ်ရေးလောက ထဲမှာလည်း League of Legends ကိုထုတ်လုပ်ခဲ့တဲ့ Riot Games, Clash of Clans မိုဘိုင်းဂိမ်းကို ထုတ်လုပ်သူ Supercell အစရှိ ဂိမ်းကုမ္ပဏီပေါင်းများစွာရဲ့ အဓိကရှယ်ယာရာခိုင်နှုန်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ယခုအခါ တရုတ် အစိုးရမှ လူငယ်တွေ ခံစားနေရတဲ့ ဗီဒီယိုဂိမ်းစွဲလမ်းမှုနဲ့ ပတ်သက်ပြီး သဘောထားတင်းမာလာချိန်မှာ Tencent ကုမ္ပဏီက သူတို့ပိုင်ဆိုင်တဲ့ ဂိမ်းအများစုမှာ ငယ်ရွယ်သေးတဲ့ ကစားသူတွေကို တစ်နေ့တာ ကစားချိန် ကန့်သတ်ပေးမယ့် အစီအစဉ်ကို စတင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

ရှန်ကျန်းမြို့အခြေစိုက် Tencent ဟာ သူတို့ရဲ့ WeChat အကောင့်ကနေ တရားဝင်ကြေညာခဲ့ပြီး အသက် ၁၂ နှစ်အောက် လူငယ်တွေဟာ တစ်နေ့ကို တစ်နာရီသာ Tencent ရဲ့ဂိမ်းတွေကို ကစားခွင့်ရတော့မှာ ဖြစ်ကာ ညကိုးနာရီကနေ မနက်ရှစ်နာရီအတွင်းမှာလည်း ဝင်ရောက်ကစားနိုင်ခြင်း မရှိအောင် ပိတ်ပင်သွားမယ်လို့ ဆိုတယ်။ အသက် ၁၃ မှ ၁၈ နှစ်အတွင်း လူငယ်တွေကတော့ တစ်နေ့ကို အများဆုံး နှစ်နာရီပဲ ဆော့ခွင့်ရှိမှာပါ။

လူငယ်တွေရဲ့ Identity ကို အတည်ပြုပြီး အသက်အရွယ် အလိုက် ကန့်သတ်ဖို့ နည်းပညာနဲ့ တားမြစ်နိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုတဲ့ Tencent ဟာ တရုတ်ပြည်တွင်းမှာ အင်မတန်လူကြိုက်များတဲ့ သူတို့ရဲ့ “Honour of Kings” ဂိမ်းမှာ အသက်နဲ့လိုက်ပြီး ကစားချိန်ကန့်သတ်တဲ့ စနစ်ကို စက်တင်ဘာလမှာ စတင်စမ်းသပ်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မျက်နှာသိမှတ်ဆင်ဆာစနစ် “Facial Recognition” နဲ့ပါ တားမြစ်နိုင်အောင် ကြိုးစားနေကြောင်း ကုမ္ပဏီက ပြောခဲ့တယ်။ Tencent ဟာ အခြားနာမည်ကြီး ဂိမ်းကိုးခုကိုလဲ ဒီနှစ်ကုန်မှာ ကန့်သတ်ချက်နည်းပညာ ထည့်သွင်းဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပေးခဲ့ပြီး ရှိရှိသမျှ ဂိမ်းအားလုံးကိုတော့ ၂၀၁၉ ခုနှစ်မှာ ကန့်သတ်ချက် အပြီးထည့်သွင်းသွားမှာပါ။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ တရုတ်ပြည်က အရာရှိတွေဟာ တိုးမြင့်လာတဲ့ အဝေးမှုန်မှု ပမာဏနဲ့ ဂိမ်းစွဲလမ်းခြင်း တို့ကြောင့် ဗီဒီယိုဂိမ်းထုတ်လုပ်ရေးကဏ္ဍကို ပစ်မှတ်ထားလာကြတာပါ။ အခုနှစ် မတ်လတုန်းက ဂိမ်းအသစ်တွေ ဖြန့်ချိမှုကို အတည်ပြုခြင်းအား လုံးဝရပ်တန့်ပစ်ခဲ့ပြီး လူငယ်တွေကို အီလက်ထရောနစ်ဂတ်ဂျက်တွေ လျှော့သုံးဖို့ ရည်ရွယ်တဲ့ ဥပဒေအသစ်တွေ ပြဌာန်းခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာ့အကြီးဆုံး ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent မှာ ထိခိုက်မှုကြီးကြီးမားမား ကြုံခဲ့ရပြီး ဇန္နဝါရီလမှာ ရှိခဲ့တဲ့ အမြင့်ဆုံးကုမ္ပဏီတန်ဖိုးစံချိန်မှ ဒေါ်လာ သန်း ၂၅၀ ဘီလီယံထိ ကုမ္ပဏီဈေးကွက်တန်ဖိုး လျော့ကျသွားခဲ့ကြောင်း ဘလွန်းဘာ့ဂ် သတင်းဌာနက အစီရင်ခံခဲ့ပါတယ်။

ဒါပေမယ့် အခုလို ပြောင်းလဲပေးရတာဟာ Tencent အတွက်တော့ အဆမတန် အလုပ်ပိုလာတာ ဖြစ်ပြီး တရုတ်နိုင်ငံတွင်းမှာတင် ဂိမ်းအားလုံးစုစုပေါင်းရဲ့ ကစားသူဦးရေ သန်းခြောက်ရာကို စစ်ဆေးရမှာ ဖြစ်တယ်လို့ သိရတယ်။ ကုမ္ပဏီကတော့ WeChat ပိုစ့်မှာ အခုလို ဂိမ်းစွဲလမ်းခြင်းကို တိုက်ဖျက်ရေးအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ခံယူကြောင်း ကြေညာခဲ့ပြီး အနာဂါတ်မှာ ငယ်ရွယ်သူတွေကို ကာကွယ်ပေးဖို့ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

Ref – Washington Post