[Zawgyi]

Samsung ရဲ႕ 5G စမတ္ဖုန္းဆိုတာ ပုံစံပဲျမင္ရေသးတာပါ။ ၿပီးခဲ့တဲ့ CES 2019 မွာလည္း Samsung က ေရွ႕ေျပးပုံစံကိုပဲ ျပသခဲ့တာပါ။ ဘာမွေတာင္ အက်ယ္တဝင့္ ရွင္းလင္းျပသျခင္း မျပဳလုပ္ခဲ့ပါဘူး။ ဒါေပမယ့္ ဒီ Samsung 5G စမတ္ဖုန္းဟာ အေမရိကန္ႏိုင္ငံအတြက္ စိတ္ဝင္စားစရာ အေကာင္းဆုံးလို ျဖစ္ေနၿပီး Verizon တစ္ဦးတည္းကပဲ ကိုယ္စားလွယ္အျဖစ္ ျဖန႔္ခ်ိသြားရဖြယ္ရွိေနတာပါ။

ေဖေဖာ္ဝါရီထဲေရာက္ရင္ Samsung Galaxy S10 ေတြကိုအေမရိကန္ႏိုင္ငံ၊ ဆန္ဖရန္စစၥကိုမွာ တရားဝင္ မိတ္ဆက္ေတာ့မွာပါ။ ဒါေၾကာင့္ 5G နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ သတင္းေတြက ပိုၿပီးေတာ့ က်ယ္ေလာင္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း လက္ရွိအေျခအေနအရေတာ့ Samsung ရဲ႕ 5G အသုံးျပဳႏိုင္တဲ့ ဖုန္းေတြဟာ အေမရိကန္ Carrier ေတြအားလုံးဆီမွာ ဝယ္ယူလို႔ ရဦးမွာ မဟုတ္ေသးတဲ့ အေျခအေနပါ။

XDA Developers အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Max Weinbach ကေတာ့ Galaxy S10 Plus 5G version နဲ႔ ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကို Twitter မွာ မွ်ေဝသြားခဲ့ပါတယ္။ ဒီ Galaxy S10 Plus 5G Version ဟာ Storage ပိုင္းမွာ 256GB/512GB နဲ႔ 1TB ဆိုၿပီး သုံးမ်ိဳးသုံးစား ထြက္လာႏိုင္တယ္လို႔ ဆိုပါတယ္။ RAM ကေတာ့ 8GB နဲ႔ 12GB ဆိုၿပီး ႏွစ္မ်ိဳးလာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ S10 Plus ဟာ Super-wide, Wide နဲ႔ Telephoto ဆိုၿပီး ေက်ာဘက္ ကင္မရာသုံးလုံး တပ္ဆင္ထားမယ္လို႔လည္း ေရးသားထားပါေသးတယ္။

အေမရိကန္လို စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ၿပီးသား ႏိုင္ငံႀကီးတစ္ႏိုင္ငံအေနနဲ႔ နည္းပညာပိုင္းမွာ ေနာက္က်ေနခ်င္ၾကတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အေမရိကန္ရဲ႕ အထင္ကရ အမွတ္တံဆိပ္ႀကီးျဖစ္တဲ့ Apple ဆီက 5G စမတ္ဖုန္းကို ဒီ ၂၀၁၉ ခုႏွစ္အတြင္း ေမွ်ာ္လင့္လို႔မရႏိုင္ေတာ့ ကိုရီးယားကုမၸဏီဆီကပဲ ယူေဆာင္ရတဲ့ အေျခအေနလည္း ျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာ Carrier ႀကီးေတြက ေဈးကြက္သေဘာတရားအရ Samsung ရဲ႕ 5G Version စမတ္ဖုန္းကို အၿပိဳင္အဆိုင္ ႀကိဳးစားရပါေတာ့တယ္။ Max Weinbach က မွ်ေဝလိုက္တဲ့ သတင္းအရေတာ့ Verizon က အႏိုင္ရရွိခဲ့ၿပီး Samsung နဲ႔ ပူးတြဲေဆာင္႐ြက္ႏိုင္ခဲ့တာေၾကာင့္ ဒီ Samsung Galaxy S10 Plus 5G version ကို Verizon ကပဲ တစ္ဦးတည္းကိုယ္စားလွယ္အျဖစ္ ေရာင္းခ်ခြင့္ရသြားခဲ့ပါတယ္။

Ref: Techradar

[Unicode]

Samsung Galaxy S10 Plus 5G Version ကို Verizon က တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ဖြန့်ချိဖွယ်ရှိ

Samsung ရဲ့ 5G စမတ်ဖုန်းဆိုတာ ပုံစံပဲမြင်ရသေးတာပါ။ ပြီးခဲ့တဲ့ CES 2019 မှာလည်း Samsung က ရှေ့ပြေးပုံစံကိုပဲ ပြသခဲ့တာပါ။ ဘာမှတောင် အကျယ်တဝင့် ရှင်းလင်းပြသခြင်း မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီ Samsung 5G စမတ်ဖုန်းဟာ အမေရိကန်နိုင်ငံအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးလို ဖြစ်နေပြီး Verizon တစ်ဦးတည်းကပဲ ကိုယ်စားလှယ်အဖြစ် ဖြန့်ချိသွားရဖွယ်ရှိနေတာပါ။

ဖေဖော်ဝါရီထဲရောက်ရင် Samsung Galaxy S10 တွေကိုအမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာ တရားဝင် မိတ်ဆက်တော့မှာပါ။ ဒါကြောင့် 5G နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းတွေက ပိုပြီးတော့ ကျယ်လောင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေအရတော့ Samsung ရဲ့ 5G အသုံးပြုနိုင်တဲ့ ဖုန်းတွေဟာ အမေရိကန် Carrier တွေအားလုံးဆီမှာ ဝယ်ယူလို့ ရဦးမှာ မဟုတ်သေးတဲ့ အခြေအနေပါ။

XDA Developers အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Max Weinbach ကတော့ Galaxy S10 Plus 5G version နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကို Twitter မှာ မျှဝေသွားခဲ့ပါတယ်။ ဒီ Galaxy S10 Plus 5G version ဟာ Storage ပိုင်းမှာ 256GB/512GB နဲ့ 1TB ဆိုပြီး သုံးမျိုးသုံးစား ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။ RAM ကတော့ 8GB နဲ့ 12GB ဆိုပြီး နှစ်မျိုးလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် S10 Plus ဟာ Super wide, Wide နဲ့ Telephoto ဆိုပြီး ကျောဘက် ကင်မရာသုံးလုံး တပ်ဆင်ထားမယ်လို့လည်း ရေးသားထားပါသေးတယ်။

အမေရိကန်လို စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံကြီးတစ်နိုင်ငံအနေနဲ့ နည်းပညာပိုင်းမှာ နောက်ကျနေချင်ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ အထင်ကရ အမှတ်တံဆိပ်ကြီးဖြစ်တဲ့ Apple ဆီက 5G စမတ်ဖုန်းကို ဒီ ၂၀၁၉ ခုနှစ်အတွင်း မျှော်လင့်လို့မရနိုင်တော့ ကိုရီးယားကုမ္ပဏီဆီကပဲ ယူဆောင်ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ Carrier ကြီးတွေက ဈေးကွက်သဘောတရားအရ Samsung ရဲ့ 5G Version စမတ်ဖုန်းကို အပြိုင်အဆိုင် ကြိုးစားရပါတော့တယ်။ Max Weinbach က မျှဝေလိုက်တဲ့ သတင်းအရတော့ Verizon က အနိုင်ရရှိခဲ့ပြီး Samsung နဲ့ ပူးတွဲဆောင်ရွက်နိုင်ခဲ့တာကြောင့် ဒီ Samsung Galaxy S10 Plus 5G version ကို Verizon ကပဲ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ရောင်းချခွင့်ရသွားခဲ့ပါတယ်။

Ref: Techradar