တီဗီ အသစ်တစ်လုံး ၀ယ်ဖို့ စဉ်းစားနေပြီ၊ တီဗီအတွက်လည်း ပိုက်ဆံများများသုံးမယ်ဆိုရင်တော့ ဒီအချိန်က နည်းပညာ အသစ်တစ်ခုကို ၀ယ်ယူသင့်တဲ့အချိန် ရောက်နေပါပြီ။ အရင်က HD (High Definition) တီဗီတွေနဲ့ ကျေနပ်နေခဲ့ရတဲ့အချိန်ကနေ အခုအချိန်မှာဆိုရင် 4K တီဗီထွက်ရှိနေပါပြီ။

ရုပ်ရှင်ကား ထုတ်လုပ်သူတွေကလည်း HD နဲ့ ရိုက်ရာကနေ 4K နဲ့ ရိုက်လာကြတာကြောင့် နောက် ၁ နှစ်၊ ၂ နှစ်အတွင်းမှာတင် 4K နဲ့ ရိုက်တဲ့ ရုပ်ရှင်ကားတွေလည်း တော်တော်များများထွက်လာနိုင်ချေရှိတာကြောင့် 4K တီဗီဝယ်ဖို့တော့ စဉ်းစားသင့်နေပြီနော်။

4K တီဗီရဲ့ ကြည်လင်ပြတ်သားမှု အရည်အသွေးဟာဆိုရင် HD ထက် ၄ ဆပိုမိုပါတယ်။

Samsung KS9500

Samsung KS9500 တီဗီဟာဆိုရင် 4K အရည်အသွေးဖြစ်တဲ့ကြည်လင်ပြတ်သားမှုအပေးနိုင်ဆုံး တီဗီထဲမှာပါဝင်ပါတယ်။ သူက ၆၅ လက်မ၊ ၇၈ လက်မ နဲ့ ၈၈ လက်မ တို့နဲ့ ထုတ်လုပ်ပါတယ်။

Curved တီဗီဖြစ်တာကြောင့် အရုပ်တွေက ပိုပြီး ကြွစေပြီး တီဗီရဲ့ ဘယ်ဒေါင့်ကနေကြည့်ကြည့်အလယ်ကနေ ကြည့်နေသလိုမျိုး ခံစားရတာကြောင့် မိသားစုများများနဲ့ ကြည့်ဖို့အတွက် ပိုသင့်တော်ပါတယ်။

ရုပ်ရှင်ထဲမှာပါဝင်တဲ့ ညအမှောင်ခန်းတွေကျရင် ပိုပြီး ကြည့်ရအဆင်ပြေအောင် နောက်ခံကနေ အလင်းအမှောင် ညှိပေးတဲ့ စနစ်ပါဝင်ပါတယ်။

သူ့မှာ HDR (High Dynamic Range) ရှိတာကြောင့် ပုံရဲ့ ပြတ်သားမှုက တစ်နေရာတည်းမှာဘဲ မဟုတ်ဘဲ စခရင်ပတ်လည် ပုံရိပ်များကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း Contrast မလျော့ဘဲပြသနိုင်မှာပါ။ သာမန် တီဗီများထက်လည်း အရောင်တောက်ပမှုကို ၂ ဆကျော်လောက် တိုးမြင့်ထားပေးခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် 3D တော့ ကြည့်လို့မရပါဘူး။ ဈေးနှုန်းကတော့ တီဗီရဲ့ လက်မအပေါ်မူတည်ပြီး ဒေါ်လာ ၂ထောင်နီးပါးကနေ စတင်ပါတယ်။

LG OLEDE 6 Series

Color Contrast တွေကြည်လင်ပြတ်သားတာကို ကြိုက်နှစ်သက်သူတွေအတွက်ကတော့ LG OLEDE6 Series တီဗီကို ရွေးချယ်သင့်ပါတယ်။

သူ့ရဲ့ LDC မှာ OLED နည်းပညာ အသုံးပြုထားတာကြောင့် အပြင်မှာ မြင်ရတဲ့ တကယ့် သဘာဝ အရောင်အတိုင်း ပြသပေးနိုင်တဲ့အပြင် အလင်းအားနည်းတဲ့ ပုံရိပ်များမှာတောင် ကြည်လင်ပြတ်သားမှုရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Contrast ပိုင်းမှာလည်း တခြား ဘယ် LCD မှာမှမရနိုင်တဲ့ Contrast အရည်အသွေးကို ရရှိစေပြီး စွမ်းအင်အသုံးပြုမှုကလည်း LCD Display တွေထက် ၃၀% လောက်နည်းပါတယ်။

ဒါပေမယ့် တခါတလေ အလင်းများတဲ့နေရာတွေမှာဆိုရင် အလင်းများတာကို ထိန်းညှိနိုင်ဖို့ အားနည်းတာလည်း တွေ့ရပါတယ်။ ဒီဇိုင်းကတော့ ပါးပါးလွှာလွှာလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄ထောင်နီးပါးရှိပါတယ်။

Sony KD-75XD9405

4K အရည်အသွေးကို ပြည့်ပြည့်၀၀ ခံစားချင်သူတွေအတွက်တော့ Sony ကုမ္ပဏီက ၇၅ လက်မရှိတဲ့ Sony KD-75XD9405 ကို ထုတ်လုပ်ထားပါတယ်။ ၇၅ လက်မရှိတဲ့ Sony KD-75XD9405 ဟာဆိုရင် Home Cinema တစ်ခုကို ခံစားရစေမှာပါ။

တီဗီရဲ့ Sound Quality ကလည်း ပြတ်သားလှပြီး ရုပ်ရှင်ရုံထဲမှာ ကြည့်နေသလို ခံစားစေမှာပါ။

Sony KD-75XD9405 ဟာ သာမန် HD TV မှာ ရရှိတဲ့ Pixels တွေထက် ၄ ဆ ပိုရရှိတာကြောင့် ရုပ်ပုံတွေကပိုပြီး စူးရု နက်ရှိုင်းနေမှာပါ။

သူ့မှာ Wide Color Spectrum နည်းပညာနဲ့ ရုပ်ပုံတွေရဲ့ အရောင်တွေကို သဘာဝအတိုင်းမြင်ရအောင် ထိန်းညှိနိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄ ထောင်ကျာ်ပါတယ်။