ဈေးနှုန်းအလယ်အလတ် ရှိတဲ့ စမတ်ဖုန်းများကို စိတ်ဝင်စားသူများအတွက် ၂၀၁၇ ခုနှစ်အတွင်း ၀ယ်ယူသင့်တဲ့ ဖုန်းများကို မိတ်ဆက်ပေးချင်ပါတယ်။ ဖုန်းတွေက အများဆုံး ဒေါ်လာ ၅၀၀ ၀န်းကျင်ကနေ အနည်းဆုံး ဒေါ်လာ ၂၀၀ ၀န်းကျင်ဖုန်းတွေကို PC Advisor နည်းပညာဆိုင်ရာ သတင်းဌာနက စမ်းသပ်ရေးသားထားတာဖြစ်ပါတယ်။ မေလအထိ ထုတ်လုပ်ထားတဲ့ ဖုန်းတွေကိုသာ စမ်းသပ်ရေးသားထားတာပါ။

၂၀၁၇ ခုနှစ်အတွင်း ၀ယ်သင့်တဲ့ ဈေးနှုန်းအလယ်အလတ် ရှိတဲ့ စမတ်ဖုန်းများ

LG G5

LG G5 ကို LG ကုမ္ပဏီက ၂၀၁၆ ခုနှစ် မေလ မှာ ထုတ်လုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၅၀ နဲ့ရောင်းချခဲ့တာပါ။ မျက်နှာပြင်အကျယ်က 5.3 လက်မရှိပြီး Quad HD IPS (1440×2560) ရှိပါတယ်။ Processor က Qualcomm Snapdragon 820 Processor ဖြစ်ပြီး RAM က 4 GB ရှိတာကြောင့် ဂိမ်းကြီးကြီးမားမားတွေကို အေးဆေးဆော့နိုင်ပါတယ်။ Android 6.0 Marshmallow သုံးထားပြီး Memory က 32 GB ပါဝင်ပါတယ်။

Moto G5 Plus

Moto G5 Plus ကို ၂၀၁၇ ခုနှစ် ဧပြီလက စတင်ထွက်ရှိခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့တာပါ။ မျက်နှာပြင် အရွယ်အစာ 5.2 လက်မရှိပြီး အရင် မော်ဒယ်ထက် အနည်းငယ် ကြီးမားပါတယ်။ Fingerprint လည်းပါဝင်ပြီး Resolution က 1920×1080 ရှိပါတယ်။ Android Nougat 7 ကိုအသုံးပြုထားပြီး Processor က Qualcomm Snapdragon 625 Octa-Core Processor ကိုသုံးထားကာ 424ppi 2 GHz သုံးထားပါတယ်။ ဂရပ်ဖစ်က Andreno 506 Graphics ကိုသုံးထားပါတယ်။ RAM က 3GB ဖြစ်ပြီး မန်မိုရီက 32 GB ရှိပါတယ်။ အရှေ့ကင်မရာက 12 MP ပါဝင်ပြီး 4K ဗီဒီယိုတွေကိုပါ ရိုက်ကူးလို့ရပါတယ်။ အရှေ့ကင်မရာမှာ 5 MP ပါဝင်ပြီး ဘက်ထရီကတော့ 3000 mAh ကိုအသုံးပြုထားပါတယ်။

HTC One M9

HTC One M9 ကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန်ဒေါ်လာ ၅၀၀ နီးပါး နဲ့ စတင်ရောင်းချခဲ့ပါတယ်။ ဒီဇိုင်းလည်း လှပပြီး စွမ်းဆောင်ရည်မြင့် Snapdragon 810 ကို တပ်ဆင်ထားပါတယ်။ ဒါပေမယ့် တချို့ Hardware ပိုင်းတွေမှာတော့ M8 နဲ့ တူတဲ့ အပိုင်းတွေ ရှိနေပါသေးတယ်။ HTC One M8 ဟာဆိုရင် အမေရိကန်ဒေါ်လာ ၄၀၀ နီးပါးဘဲ ရှိပါတော့တယ်။ HTC One M9 အတွက် စိုးရိမ်စရာကတော့ Samsung ကထုတ်လုပ်တဲ့ Galaxy S6 ဟာဆိုရင် သူနဲ့ ဈေးနှုန်းအတူတူဖြစ်သွားပြီး သူ့ထက် စွမ်းဆောင်ရည်ပိုမြင့်တာကိုတော့ တွေ့ရပါတယ်။

Apple iPhone 5s

Apple iPhone 5s က ထွက်ရှိခဲ့တာကြာပေမယ့် အခုအချိန်အထိ လူကြိုက်များနေတဲ့ ဖုန်းတစ်လုံးပါဘဲ။ iOS ကို မြည်းစမ်းချင်တယ်၊ ဖုန်းအတွက် ပိုက်ဆံလည်း အများကြီး မသုံးချင်သူတွေ ကြိုက်ကြတာများပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၃ သိန်းဝန်းကျင်နဲ့ ၀ယ်ယူလို့ရပါတယ်။ အကယ်၍ iPhone 5s လို စခရင် သေးသေးဘဲ ကြိုက်ပြီး ပိုက်ဆံ နည်းနည်းပိုပေးချင်သူတွေ၊ စွမ်းဆောင်ရည်မြင့်မြင့်လိုချင်သူတွေအတွက်တော့ iPhone SE ကို ၀ယ်စေချင်ပါတယ်။ သူ့ရဲ့ကင်မရာ အရည်အသွေးက 5s နဲ့ ယှဉ်ရင် အရမ်းကွာသွားပါပြီ။ iPhone SE ကတော့ ၅ သိန်းကျော်ကနေ ၇ သိန်းနားအထိ Storage အပေါ်မူတည်ပြီး ဈေးကွာပါတယ်။