စမတ်ဖုန်းအတွက်ဒေါ်လာ ၂၀၀ ကနေ ၄၀၀ ကျော်လောက်ဘဲ သုံးချင်သူတွေအတွက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအထိ ထွက်ရှိခဲ့တဲ့ တန်ဖိုးသင့်တင့် အကောင်းဆုံး စမတ်ဖုန်းများကို ဝေမျှချင်ပါတယ်။

အခုလက်ရှိထွက်ရှိနေတဲ့ Samsung Galaxy Note 8 တို့ iPhone X တို့ရဲ့ တန်ဖိုးတွေက ၁၀ သိန်းကျော်ကနေ ၁၆ သိန်း၊ ၁၈ သိန်းတွေဖြစ်နေတာကြောင့် ဒေါ်လာ ၂၀၀ ကနေ ၄၀၀ ၀န်းကျင် ဖုန်းတွေကို တန်ဖိုး သင့်တင့် စမတ်ဖုန်းတွေလို့ ခေါ်ရတာပါ။

Xiaomi Mi 6

Xiaomi Mi 6 ရဲ့ မျက်နှာပြင်မှာ ၅.၁၅ လက်မရှိပြီး Resolution က 1080 p Resolution စခရင် နဲ့ ပြုလုပ်ထားတာပါ။

RAM က 6 GB ဖြစ်ပြီး Snapdragon 835 ကို အသုံးပြုထားတာကြောင့် ဂိမ်းကြီးကြီးမားမားတွေကို ဆော့ကစားနိုင်ပါတယ်။

Storage ကလည်း 128 g ရှိပြီး Dual 12 Megapixel ကင်မရာရှိပါတယ်။

ဘက်ထရီကလည်း 3350 mAh ဘက်ထရီဖြစ်ပြီး ဈေးနှုန်းကတော့ Amazon မှာ အမေရိကန်ဒေါ်လာ ၄၀၀ ၀န်းကျင် ရှိပါတယ်။

 

Oppo F1

မြန်မာနိုင်ငံမှာတော့ Selfie ဘုရင်လို့ လူသိများကြတဲ့ Oppo F1 စမတ်ဖုန်း ဘဲဖြစ်ပါတယ်။ ကင်မရာက 13 MP ရှိပြီး selfie ရိုက်လို့အကောင်းဆုံး စမတ်ဖုန်းလည်းဖြစ်ပါတယ်။ RAM 3 GB ရှိပြီး Snadragon 616 CPU ကိုလည်း အသုံးပြုထားပါတယ်။

ကိုယ်ထည်က သတ္တုနဲ့ပြုလုပ်ထားပါတယ်။ Selfie ရိုက်လို့ကောင်းအောင် အရှေ့ကင်မရာကိုလည်း 8 MP နဲ့ လုပ်ထားပါတယ်။ Display မှာတော့ တခြား စမတ်ဖုန်းတွေလို 1080 p မဟုတ်ဘဲ 720 pဘဲ ရှိပါတယ်။

မျက်နှာပြင် အကျယ်က 5 လက်မရှိပြီး Android Version ကတော့ 5.1.1 ကိုသာ အသုံးပြုထားပါတယ်။ အမေရိကန်ဒေါ်လာ ၂၅၀ နီးပါးရှိပါတယ်။

Xiaomi Redmi Note 3

မျက်နှာပြင် အရွယ်အစားက ၅.၅ လက်မရှိပြီး စခရင်မှာတော့ 1080p Resolution ရှိပါတယ်။ Dual SIM ကဒ်ထည့်လို့ရတဲ့အပြင် Fingerprint Sensor လည်းပါဝင်ပါတယ်။

RAM က 2 ဒါမှဟုတ် 3 GB လာပြီး Media Tek Helio X10 CPU ကို အသုံးပြုထားပါတယ်။

ကင်မရာမှာလည်း 13 MP နဲ့ Aperture f/2.2 အထိ ဖွင့်လို့ရပါတယ်။ သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး ဘက်ထရီကလည်း အရမ်းကို ကောင်းပါတယ်။ အမေရိကန်ဒေါ်လာ ၂၅၀ နီးပါး ရှိပါတယ်။