Zawgyi Font Version


New OLED Display


Better Control




Intimate Reminder


Better Sensors






Ref: Xiaomitoday

Unicode Version

လွန်ခဲ့တဲ့ မေလက တရုတ်နည်းပညာကုမ္ပဏီ Xiaomi ကနေ Mi Band 3 Version နှစ်မျိုးကို ထုတ်ခဲ့ပါတယ်။ Standard Version နဲ့ NFC Version ဆိုပြီး နှစ်မျိုးထုတ်ခဲ့တာပါ။ $30 နဲ့ရောင်းချခဲ့ပြီး Mi Band 3 ထွက်တဲ့အချိန်မှာ Mi Band 2 က $19 ပဲရှိပါတယ်။ Fitness Tracker လိုအပ်တဲ့သူတွေအတွက် Mi Band 3 က မျက်စိကျစရာပါ။ ဒါပေမယ့် Mi band 2 ကို ဒေါ်လာနှစ်ဆယ်လောက်နဲ့ ရနေတဲ့အချိန်မှာ ဆယ်ဒေါ်လာအပိုပေးပြီး Mi Band 3 ကို ဝယ်ဖို့က နည်းနည်းတော့ စဉ်းစားစရာပါ။ အပေါ်ယံကြည့်ရင် Mi Band 2 နဲ့ OLED Display သုံးထားတာချင်းတူပြီး Fitness Function တွေအကုန်နီးပါးတူတယ်လို့ထင်ရပါတယ်။ ဒါပေမယ့်လည်း Mi Band 3 ဟာ Mi Band 2 ထက်သာလွန်တဲ့အချက်ပေါင်းများစွာရှိပါတယ်။

New OLED Display

Mi Band 3 ရဲ့ OLED Display ဟာ Mi Band 2 ရဲ့ Display နဲ့ အတူတူပဲလို့ထင်ရပေမယ့် အရည်အသွေးပိုကောင်းပြီး ပိုကြီးလာပါတယ်။ 0.78 Inches Display ဟာဆိုရင် 128x 80 Resolution ရှိပြီး Pixel အရေအတွက် 193PPI ရှိပါတယ်။ လက်ပတ်ကို ကျော်လွန်ပြီးထွက်နေတဲ့ Display အသစ်က ကြည့်ရတာ အရမ်းလှပါတယ်။ Power သုံးစွဲအား လျော့နည်းတဲ့ Chip အသစ်ကြောင့် Mi Band 2 နဲ့ Battery ပမာဏတူပြီး ပိုကြီးတဲ့ Display သုံးထားတာတောင် Battery ပိုခံစေမှာပါ။

Better Control

Mi Band 3 ရဲ့ အာရုံခံစနစ်ပိုကောင်းလာတဲ့ Touch Screen အသစ်ကြောင့် Content တွေကြား ပြောင်းရွှေ့ကြည့်ရှုတဲ့ နေရာမှာ အရမ်းအဆင်ပြေပါတယ်။ UV Coating နည်းပညာနဲ့ Anti-fingerprint နည်းပညာတွေအသုံးပြုထားလို့ ပိုမိုအကြမ်းခံပြီး Screen ပေါ်မှာ လက်ဗွေရာတွေမထင်စေပါဘူး။

Scratch Resistance & 5 ATM Waterproof

Mi Band 3 ရဲ့ မျက်နှာပြင်ဟာ အစင်းရာတွေဖြစ်ပေါ်ခြင်းကိုကာကွယ်ပေးပါတယ်။ တော်ရုံတန်ရုံနဲ့ အစင်းမထင်စေပါဘူး။ Mi Band 2 ထက်လည်း ရေစိမ်ခံလာနိုင်ပါတယ်။ Mi Band 2 မှာ ဖုန်မှုန့်နဲ့ ရေတွေကိုခုခံနိုင်တဲ့ စံသက်မှတ်ချက် IP67 ပဲပါပြီး အဲ့ဒီ စံနှုန်းအဓိပ္ပါယ်က ဖုန်မှုန့်နဲ့ ရေတွေ စက်ပစ္စည်းထဲကို မဝင်ရောက်အောင်ကာပေးထားနိုင်တယ်လို့အဓိပ္ပါယ်ရပါတယ်။ ရေစိုခံတဲ့အဆင့်ပဲရှိပြီး ရေစိမ်ခံနိုင်တဲ့အဆင့်တော့မရှိပါဘူး။ Mi Band 3 မှာတော့ 5 ATM အဆင့် သက်မှတ်ချက်ရှိပြီး Mi Band 3 ကို ရေအောက်အနက် မီတာ ငါးဆယ်ထိယူသွားရင်တောင် ရေမဝင်နိုင်ပါဘူး။

Intimate Reminder

Mi Band 3 မှာ Intimate Reminder ဆိုတဲ့ Notification Function လေးပါဝင်လာပါတယ်။ Mi Band 2 ရဲ့ Notification ပုံစံကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး ဖုန်း Call တွေဝင်ရင် Message တွေဝင်ရင် Vibrate လုပ်ပြီးသတိပေးနိုငိပါတယ်။ အဲ့အပြင် တစ်ခြား Third Party App တွေရဲ့ Notification ကိုလည်းပြနိုင်ပြီး Memo လို App တွေအတွက် Reminder တွေလည်းလုပ်ထားနိုင်ပါတယ်။ ဥပမာ- နောက်တစ်နာရီအကြာအပြင်သွားစရာရှိတယ်ဆိုရင် အပြင်သွားဖို့သတိပေးဖို့ကို မှတ်သားထားနိုင်ပြီး အချိန်နီးကပ်တဲ့ အခါ Mi Band 3 ကနေ သင့်ကို သတိပေးမှာပါ။

Better Sensors

Heart rate, Sleep Detect နဲ့ Step Count အစရှိတဲ့ Fitness Function တွေအတွက် အရမ်းအရေးကြီးတဲ့ Sensor တွေကို အဆင့်မြှင့်တင်ပေးထားတယ်လို့သိရပါတယ်။ နှလုံးခုန်နှုန်းတိုင်းတဲ့နေရာမှာပဲ ဖြစ်ဖြစ် အိပ်ချိန်တွေကို စောင့်ကြည့်လေ့လာတဲ့ နေရာမှာပဲ ဖြစ်ဖြစ် Sensor အသစ်တွေကြောင့် Data တွေကပိုမိုတိကျလာမှာပါ။

Three Days Weather Focus Feature

Mi Band 3 မှာ Three Days Weather Focus ဆိုတဲ့ သုံးရက်စာ ရာသီဥတုခန့်မှန်းပေးတဲ့ Feature အသစ်ပါဝင်လာပါတယ်။ အပြင် Third Party App တွေသုံးစရာမလိုပဲ Xiaomi ရဲ့ ကိုယ်ပိုင် Service ကနေ Weather Data တွေပို့ပေးမှာဖြစ်ပြီး Mi Band 3 ရဲ့ မျက်နှာပြင်ကနေတစ်ဆင့် သုံးရက်စာ ခန့်မှန်းထားတဲ့ ရာသီဥတုအခြေအနေတွေကိုတွေ့ရမှာပါ။

Improved Durability of Waistband

Mi Band 3 မှာအသုံးပြုထားတဲ့ လက်ပတ်ကို Thermoplastic Elastomer လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အထိအတွေ့အရမ်းနူးညံ့ပြီး သက်တောင့်သက်သာရှိလှပါတယ်။ လက်ပတ်ရဲ့ အကြမ်းခံနိုင်စွမ်းကိုလည်းပိုမိုမြှင့်တင်ပေးထားပြီး Mi Band 2 ရဲ့ လက်ပတ် ဒီဇိုင်းထက်ပိုမိုလှပ ပါတယ်။ Graphite Black, Hot Orange နဲ့ Deep Blue ဆိုပြီး လှပတဲ့ အရောင်ဆန်းတွေနဲ့ ရရှိနိုင်ပါတယ်။

Ref: Xiaomitoday